သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီရိလကၤာ ကာကြယ္ေရး၀န္ႀကီးေဟာင္း သမၼတေရြးေကာက္ပဲြ အႏိုင္ရ


သီရိလကၤာ သမၼတေရြးေကာက္ပြဲတြင္ အႏုိင္ရသည့္ Gotabaya Rajapaksa. (ႏုိဝင္ဘာ ၁၆၊ ၂၀၁၉)

(Zawgyi / Unicode)

သီရိလကၤာႏိုင္ငံ သမၼတေရြးေကာက္ပြဲမွာေတာ့ Gotabaya Rajapaksa အႏိုင္ရသြားပါတယ္။

သီရိလကၤာ သမၼတေရြးေကာက္ပြဲကို မေန႔က က်င္းပခဲ့တာမွာ လြန္ခဲ့တဲ့ ၁၀ ႏွစ္က တမီလ္က်ားသူပုန္ေတြကို ႏွိမ္နင္းတဲ့ေနရာမွာ ဦးေဆာင္ခဲ့တဲ့ အသက္ ၇၀ အရြယ္ ကာကြယ္ေရးဝန္ႀကီးေဟာင္း Gotabaya Rajapaksa ကို သီရိလကၤာ ျပည္သူေတြက သမၼတအျဖစ္ ေရြးခ်ယ္လိုက္ၾကတာပါ။

ဒီေရြးေကာက္ပြဲမွာ သူ႔ရဲ႕ၿပိဳင္ဘက္ Sajith Premadasa ကလည္း Rajapaksa အႏိုင္ရသြားတဲ့အေပၚမွာ ဂုဏ္ယူေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒီေရြးေကာက္ပြဲမွာ အဓိကအေရးပါတဲ့ ကိစၥရပ္ကေတာ့ သီရိလကၤာႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးကိစၥရပ္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလက အီစတာပြဲေတာ္အတြင္း IS အစြန္းေရာက္ေတြရဲ႕ အေသခံဗုံးခြဲ တိုက္ခိုက္မႈေတြေၾကာင့္ လူ ၂၆၉ ေယာက္ ေသဆုံးခဲ့ၿပီးတဲ့ေနာက္ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ရွိေနၾကတာပါ။

အခုလို ကာကြယ္ေရးဝန္ႀကီးေဟာင္းျဖစ္တဲ့ Gotabaya Rajapaksa အႏိုင္ရသြားတဲ့ အေပၚမွာေတာ့ တမီလ္လူမ်ိဳးေတြနဲ႔ မြတ္စလင္ေတြက စိုးရိမ္ေနၾကပါတယ္။

Rajapaksa ကေတာ့ သီရိလကၤာႏုိင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးကို အေျပာင္းအလဲ လုပ္သြားမယ္လို႔ ကတိျပဳထားပါတယ္။

မေန႔ ေရြးေကာက္ပြဲေန႔တုန္းကေတာ့ မဲေပးဖို႔ သြားခဲ့ၾကတဲ့ မြတ္စလင္ေတြ စီးလာတဲ့ ဘတ္စ္ကားတစင္း တိုက္ခိုက္ခံခဲ့ရပါတယ္။ ဘယ္ကမွန္းမသိတဲ့ လူတစုက တာယာေတြ မီး႐ႈိ႕ၿပီးေတာ့ လမ္းကိုပိတ္ၿပီး ေသနတ္ေတြ၊ ခဲေတြနဲ႔ ပစ္ခတ္ခဲ့တာပါ။ ဒီအျဖစ္အပ်က္အတြင္း ၂ ေယာက္ ဒဏ္ရာရသြားတယ္လို႔ AFP သတင္းကေတာ့ ေဖာ္ျပပါတယ္။

သီရိလကၤာ ေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ အခုလို တိုက္ခိုက္မႈဟာ လူနည္းစုဝင္ေတြ မပါႏိုင္ေအာင္လုပ္တဲ့ တိုက္ခိုက္မႈျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။

-----------------------------------

(Unicode)

သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဟောင်း သမ္မတရွေးကောက်ပွဲ အနိုင်ရ

သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲမှာတော့ Gotabaya Rajapaksa အနိုင်ရသွားပါတယ်။

သီရိလင်္ကာ သမ္မတရွေးကောက်ပွဲကို မနေ့က ကျင်းပခဲ့တာမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က တမီလ်ကျားသူပုန်တွေကို နှိမ်နင်းတဲ့နေရာမှာ ဦးဆောင်ခဲ့တဲ့ အသက် ၇၀ အရွယ် ကာကွယ်ရေးဝန်ကြီးဟောင်း Gotabaya Rajapaksa ကို သီရိလင်္ကာ ပြည်သူတွေက သမ္မတအဖြစ် ရွေးချယ်လိုက်ကြတာပါ။

ဒီရွေးကောက်ပွဲမှာ သူ့ရဲ့ပြိုင်ဘက် Sajith Premadasa ကလည်း Rajapaksa အနိုင်ရသွားတဲ့အပေါ်မှာ ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ အဓိကအရေးပါတဲ့ ကိစ္စရပ်ကတော့ သီရိလင်္ကာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကိစ္စရပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက အီစတာပွဲတော်အတွင်း IS အစွန်းရောက်တွေရဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် လူ ၂၆၉ ယောက် သေဆုံးခဲ့ပြီးတဲ့နောက် လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြတာပါ။

အခုလို ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့ Gotabaya Rajapaksa အနိုင်ရသွားတဲ့ အပေါ်မှာတော့ တမီလ်လူမျိုးတွေနဲ့ မွတ်စလင်တွေက စိုးရိမ်နေကြပါတယ်။

Rajapaksa ကတော့ သီရိလင်္ကာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အပြောင်းအလဲ လုပ်သွားမယ်လို့ ကတိပြုထားပါတယ်။

မနေ့ ရွေးကောက်ပွဲနေ့တုန်းကတော့ မဲပေးဖို့ သွားခဲ့ကြတဲ့ မွတ်စလင်တွေ စီးလာတဲ့ ဘတ်စ်ကားတစင်း တိုက်ခိုက်ခံခဲ့ရပါတယ်။ ဘယ်ကမှန်းမသိတဲ့ လူတစုက တာယာတွေ မီးရှို့ပြီးတော့ လမ်းကိုပိတ်ပြီး သေနတ်တွေ၊ ခဲတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ဒီအဖြစ်အပျက်အတွင်း ၂ ယောက် ဒဏ်ရာရသွားတယ်လို့ AFP သတင်းကတော့ ဖော်ပြပါတယ်။

သီရိလင်္ကာ ရွေးကောက်ပွဲကော်မရှင်ကတော့ အခုလို တိုက်ခိုက်မှုဟာ လူနည်းစုဝင်တွေ မပါနိုင်အောင်လုပ်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG