သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီရိလကၤာေရြးေကာက္ပြဲ လူနည္းစု မြတ္စလင္ မဲဆႏၵရွင္မ်ား ပစ္ခတ္ခံရ


သီရိလကၤာ ေရြးေကာက္ပြဲအတြင္း လုံၿခဳံေရးယူေနသည့္ ရဲတပ္ဖြဲ႔ဝင္တခ်ဳိ႕။ (ႏုိဝင္ဘာ ၁၅၊ ၂၀၁၉)

(Zawgyi / Unicode)

သီရိလကၤာႏိုင္ငံမွာ စေနေန႔က က်င္းပတဲ့ သမၼတေရြးေကာက္ပြဲမွာ မြတ္စလင္လူနည္းစု မဲဆႏၵရွင္ေတြကို တင္ေဆာင္လာတဲ့ ဘတ္စ္ကားေတြကို ေသနတ္သမားေတြက ပစ္ခတ္ပါတယ္။

သီရိလကၤာ အေနာက္ေျမာက္ပိုင္းမွာျဖစ္တဲ့ ဒီတုိက္ခိုက္မႈမွာ ဘယ္သူမွ ဒဏ္ရာမရခဲ့ဘဲ ဒါဟာ တမီလ္နဲ႔ မြတ္စလင္လူနည္းစုေတြ ေရြးေကာက္ပြဲမွာ မဲေပးမွာကို တားဆီးဖို႔ ရည္ရြယ္ပံုရပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲတုန္းကလည္း ဒီေျမာက္ပိုင္းေဒသမွာပဲ ေပါက္ကြဲမႈေတြ အမ်ားအျပား ျဖစ္ခဲ့တာပါ။

ဒီေရြးေကာက္ပြဲမွာ ေရွ႕ဆံုးကေျပးေနသူ ႏွစ္ဦးထဲက တဦးကေတာ့ ၂၀၀၅ ခုႏွစ္ကေန ၂၀၁၅ အထိ သမၼတတာဝန္ ထမ္းေဆာင္ခဲ့တဲ့ Mahinda Rajapaksa ရဲ႕ အစ္ကိုျဖစ္သူ အသက္ ၇၀ အရြယ္ အၿငိမ္းစား ဒုဗိုလ္မွဴးႀကီး Gotabaya Rajapaksa ျဖစ္ပါတယ္။

သီရိလကၤာႏိုင္ငံမွာ လူဦးေရ ၁၅% သာရွိတဲ့ တမီလ္က်ားေတြက လူမ်ားစုျဖစ္တဲ့ Sinhalese ေတြကို ေတာ္လွန္ခဲ့တဲ့ ျပည္တြင္းစစ္ဟာ ၃၇ ႏွစ္အၾကာ ၂၀၀၉ ခုႏွစ္မွာ ၿပီးဆံုးခဲ့တာျဖစ္ၿပီး လူမ်ားစုျဖစ္တဲ့ Sinhalese ေတြက Rajapaksa ကို သေဘာက်ၾကတာပါ။ အခုေရြးေကာက္ပြဲမွာလည္း Rajapaksa အႏြယ္တေယာက္ သမၼတအျဖစ္ အေရြးခံရဖို႔ ေသခ်ာေနပါတယ္။

ေရြးေကာက္ပြဲဆိုင္ရာ အႀကီးအကဲ Mahinda Deshapriya ကေတာ့ စေနေန႔ မဲေပးပြဲအတြက္ မဲလာေပးသူဟာ မဲေပးခြင့္ရွိသူ အားလံုးေပါင္းရဲ႕ ၈၀ % ေက်ာ္ ရွိမယ္လို႔ ခန္႔မွန္းထားၿပီး ၿငိမ္းခ်မ္းစြာ က်င္းပႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

ေရြးေကာက္ပြဲရလဒ္ကို တနဂၤေႏြေန႔လယ္မွာ ထုတ္ျပန္ေပးႏုိင္မယ္လုိ႔ထင္ေၾကာင္း ေျပာေပမယ့္ မဲဆႏၵနယ္ ၂၂ ခုထဲက ၃ ခုမွာ ေရႀကီးေနတဲ့အတြက္ မဲေရတြက္မႈ ေႏွာင့္ေႏွးႏုိင္တယ္လို႔လည္း ေျပာပါတယ္။

-------------------------------------

(Unicode)

သီရိလင်္ကာရွေးကောက်ပွဲ လူနည်းစု မွတ်စလင် မဲဆန္ဒရှင်များ ပစ်ခတ်ခံရ

သီရိလင်္ကာနိုင်ငံမှာ စနေနေ့က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ မွတ်စလင်လူနည်းစု မဲဆန္ဒရှင်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတွေကို သေနတ်သမားတွေက ပစ်ခတ်ပါတယ်။

သီရိလင်္ကာ အနောက်မြောက်ပိုင်းမှာဖြစ်တဲ့ ဒီတိုက်ခိုက်မှုမှာ ဘယ်သူမှ ဒဏ်ရာမရခဲ့ဘဲ ဒါဟာ တမီလ်နဲ့ မွတ်စလင်လူနည်းစုတွေ ရွေးကောက်ပွဲမှာ မဲပေးမှာကို တားဆီးဖို့ ရည်ရွယ်ပုံရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဒီမြောက်ပိုင်းဒေသမှာပဲ ပေါက်ကွဲမှုတွေ အများအပြား ဖြစ်ခဲ့တာပါ။

ဒီရွေးကောက်ပွဲမှာ ရှေ့ဆုံးကပြေးနေသူ နှစ်ဦးထဲက တဦးကတော့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့တဲ့ Mahinda Rajapaksa ရဲ့ အစ်ကိုဖြစ်သူ အသက် ၇၀ အရွယ် အငြိမ်းစား ဒုဗိုလ်မှူးကြီး Gotabaya Rajapaksa ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ လူဦးရေ ၁၅% သာရှိတဲ့ တမီလ်ကျားတွေက လူများစုဖြစ်တဲ့ Sinhalese တွေကို တော်လှန်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ ၃၇ နှစ်အကြာ ၂၀၀၉ ခုနှစ်မှာ ပြီးဆုံးခဲ့တာဖြစ်ပြီး လူများစုဖြစ်တဲ့ Sinhalese တွေက Rajapaksa ကို သဘောကျကြတာပါ။ အခုရွေးကောက်ပွဲမှာလည်း Rajapaksa အနွယ်တယောက် သမ္မတအဖြစ် အရွေးခံရဖို့ သေချာနေပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အကြီးအကဲ Mahinda Deshapriya ကတော့ စနေနေ့ မဲပေးပွဲအတွက် မဲလာပေးသူဟာ မဲပေးခွင့်ရှိသူ အားလုံးပေါင်းရဲ့ ၈၀ % ကျော် ရှိမယ်လို့ ခန့်မှန်းထားပြီး ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်ကို တနင်္ဂနွေနေ့လယ်မှာ ထုတ်ပြန်ပေးနိုင်မယ်လို့ထင်ကြောင်း ပြောပေမယ့် မဲဆန္ဒနယ် ၂၂ ခုထဲက ၃ ခုမှာ ရေကြီးနေတဲ့အတွက် မဲရေတွက်မှု နှောင့်နှေးနိုင်တယ်လို့လည်း ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG