သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ သမ္မတဟောင်း Mahinda Rajapaksa ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်


ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး တွေ့ရတဲ့ သီရိလင်္ကာဝန်ကြီးချုပ် Mahinda Rajapaksa (လယ်)။ (သြဂုတ် ၉၊ ၂၀၂၀)
ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး တွေ့ရတဲ့ သီရိလင်္ကာဝန်ကြီးချုပ် Mahinda Rajapaksa (လယ်)။ (သြဂုတ် ၉၊ ၂၀၂၀)

(Zawgyi / Unicode)

သီရိလင်္ကာ သမ္မတဟောင်း Mahinda Rajapaksa ဟာ တနင်္ဂနွေနေ့က စတုတ္ထအကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

မြို့တော် ကိုလံဘို ဆင်ခြေဖုံးရှိ နာမည်ကျော် Kelaniya Raja Maha ဗုဒ္ဓဘာသာ ဘုရားကျောင်းမှာ ကျင်းပတဲ့ ဒီကျမ်းသစ္စာကျိန်ဆိုပွဲကို Mahinda ရဲ့ ညီဖြစ်တဲ့ သမ္မတ Gotabaya Rajapaksa ကနေ ဦးဆောင် ပြုလုပ်ခဲ့တာပါ။

Rajapaksa ညီအစ်ကိုတွေ ဦးဆောင်တဲ့ သီရိလင်္ကာ ပြည်သူ့တပ်ဦးဟာ သြဂုတ်လ ၅ ရက်မှာ ကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲမှာ သုံးပုံနှစ်ပုံ အများစုနေရာကို ရရှိခဲ့ပါတယ်။ ဒါဟာ သီရိလင်္ကာနိုင်ငံမှာ သူတို့ပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး လုပ်ဖို့နဲ့ နိုင်ငံရေးအာဏာမှာ မိသားစုအလိုက် သြဇာလွှမ်းမိုးဖို့ကိုပါ အထောက်အကူ ပေးလိုက်တာပါ။

Mahinda ဟာ သီရိလင်္ကာသမ္မတအဖြစ် ၂၀၀၅ ကနေ ၂၀၁၅ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တမီးလ်သူပုန်တွေနဲ့ တိုက်နေတဲ့ ၂၅ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေးအတွက် အဲဒီအချိန်က Mahinda ဟာ လူများစုဖြစ်တဲ့ Sinhalese တွေရဲ့ ထောက်ခံမှု အပြည့်အ၀ ရရှိခဲ့တာပါ။

၂၀၀၄ ခုနှစ်မှာ သူဟာ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၂၀၁၈ နဲ့ ၂၀၁၉ မှာ ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

လက်ရှိ သီရိလင်္ကာ ပြည်သူ့တပ်ဦးဟာ ပါလီမန်မှာ အမတ်နေရာ စုစုပေါင်း ၂၂၅ ဦး အနက် ၁၄၅ နေရာ ရရှိထားပါတယ်။ သီရိလင်္ကာ ပြည်သူ့တပ်ဦးနောက်မှာ ဒုတိယအကြီးဆုံးပါတီက အမတ်နေရာ ၅၄ နေရာ ရရှိထားပြီး တမီးလ်လူနည်းစု ကိုယ်စားပြုပါတီက အမတ် ၁၀ နေရာနဲ့ အခြားပါတီငယ် ၁၂ ပါတီက အမတ် ၁၆ နေရာ အနိုင်ရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)


သီရိလငျ်ကာ သမ်မတဟောငျး Mahinda Rajapaksa ဟာ တနငျ်ဂနှနေေ့က စတုတ်ထအကွိမျမွောကျ ဝနျကွီးခြုပျအဖွဈ ကမြျးသစ်စာ ကြိနျဆိုခဲ့ပါတယျ။






XS
SM
MD
LG