သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီနိုင်ငံကြီးတွေမှာ တရုတ်နိုင်ငံပုံရိပ်ကျဆင်း


တရုတ်သမ္မတ Xi Jinping။
တရုတ်သမ္မတ Xi Jinping။

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကြီးဖြစ်နေချိန်မှာ တရုတ်နိုင်ငံ နိုင်ငံတကာပုံရိပ် အကြီးအကျယ်ကျဆင်းသွားတယ်လို့ ဒီမိုကရေစီအသားကျနေတဲ့ နိုင်ငံ တစ်ဒါဇင်ကျော်က လူထုစစ်တမ်းသစ်မှာ ဖော်ပြလိုက်ပါတယ်။

အမေရိကန်အခြေစိုက် Pew သုတေသနဌာနကနေ ဇွန်လကနေ သြဂုတ်လအတွင်း ဒီနိုင်ငံပေါင်း ၁၄ နိုင်ငံက လူပေါင်း ၁၄,၀၀၀ ကျော်ကို တယ်လီဖုန်းကတဆင့် စစ်တမ်းကောက်ရာမှာ၊ ဖြေဆိုသူ ၆၁ ရာခိုင်နှုန်းက တရုတ်အစိုးရအနေနဲ့ COVID 19 ကပ်ရောဂါ ကိုင်တွယ်တာညံ့ခဲ့တယ်။ နောက် ၃၇ ရာခိုင်နှုန်းကပဲ အာရှစီးပွားအင်အားကြီး တရုတ်ကို အကောင်းမြင်ခဲ့တယ်လို့ ဆိုပါတယ်။

ခုလို တရုတ်အပေါ် အဆိုးမြင်တာက နိုင်ငံတစ်ခုနဲ့ တစ်ခုကြား ခြားနားမူရှိခဲ့ပြီး၊ အဆိုးဆုံးကတော့ ဂျပန်၊ ဆွီဒင်နဲ့ သြစတြေးလျတို့မှာဖြစ်ခဲ့ကာ၊ ၈၀ ရာခိုင်နှုန်းကျော်က မကောင်းမြင်ခဲ့ကြတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

သြစတြေးလျက ဖြေဆိုသူ ၈၁ ရာခိုင်နှုန်းက တရုတ်အပေါ် မကောင်းမြင်ခဲ့ပြီး၊ ဒါက မနှစ် ၂၀၁၉ ခုနှစ် စစ်တမ်းမှာ ၅၇ ရာခိုင်နှုန်းပဲ ခုလိုအဆိုမြင့်ခဲ့တာကနေ အများဆုံးအဖြစ် ကျဆင်းသွားတာပါလို့ စစ်တမ်းက ထောက်ပြထားပါတယ်။

တကယ်တော့ သြစတြေးလျဘက်ကနေ ကိုရိုနာဗိုင်းရပ်စ် မူလအစကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပေးဖို့၊ ဒီဗိုင်းရပ်စ် မနှစ်က ဝူဟန်မှာ စတွေ့ခဲ့တဲ့ တရုတ်ဘက်ကို တောင်းဆိုခဲ့ရာမှာ၊ တရုတ်ဘက်ကတော့ သြစတြေးလျဘာလီသွင်းကုန်အပေါ် အခွန်တိုးမြှင့်တာနဲ့ အမဲသားတင်သွင်းခွင့်ရပ်ဆိုင်းတာတွေ လုပ်ခဲ့တာကြောင့် ဆက်ဆံရေးတင်းမာလာခဲ့ပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ Xi Jinping အပေါ် အဆိုးမြင်တာကလည်း ဖြေဆိုသူရဲ့ ၇၈ ရာခိုင်နှုန်း အထိရှိခဲ့ပြီး၊ သူတို့က သမ္မတ Xi အနေနဲ့ ကမ္ဘာ့ရေးရာတွေမှာ မှန်ကန်တာလုပ်ပေးမယ်လို့ အယုံအကြည် အနည်းငယ်သာရှိတယ် (သို့မဟုတ်) လုံးဝမရှိဘူးလို့ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG