သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဒုသမ္မတရဲ့ အနီးကပ်လူတဦး အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရ


ဝူဟန်းတက္ကသိုလ်ကျောင်းသားများနှင့် တရုတ်နိုင်ငံတော်အလံ။ (စက်တင်ဘာ ၂၆၊ ၂၀၂၀)
ဝူဟန်းတက္ကသိုလ်ကျောင်းသားများနှင့် တရုတ်နိုင်ငံတော်အလံ။ (စက်တင်ဘာ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

တရုတ်ဒုတိယသမ္မတ Wang Qishan ရဲ့ နှစ်ပေါင်းများစွာကြာ လုပ်ဖော်ကိုင်ဘက်တဦးကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေကြောင်းနဲ့ ကြီးလေးတဲ့ ဥပဒေချိုးဖောက်မှုရှိတယ်လို့ သံသယရှိကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

CCDI လို့ခေါ်တဲ့ စည်းကမ်းလိုက်နာရေး စုံစမ်းစစ်ဆေးမှုဆိုင်ရာ ဗဟိုကော်မရှင်ရဲ့ တရုတ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနမှာ အကြီးအကဲအဖြစ် ဒုသမ္မတ Wang တာဝန်ယူခဲ့စဉ်မှာ မစ္စတာ Dong Hong က သူ့လက်အောက်မှာ ၂၀၁၇ ခုနှစ်အထိ ထိပ်တန်း စည်းကမ်းလိုက်နာမှုဆိုင်ရာ စစ်ဆေးရေးအရာရှိအဖြစ် အမှုထမ်းခဲ့သူပါ။

CCDI ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ တကြောင်းတည်းသော ကြေညာချက်မှာ “Dong Hong ဟာ ကြီးလေးတဲ့ ဥပဒေချိုးဖောက်မှုနဲ့ ပါတီစည်းကမ်းတွေကို ဖောက်ဖျက်ခဲ့ကြောင်း သံသယရှိတယ်” လို့ ဖော်ပြထားပါတယ်။ Dong Hong ဆီက မှတ်ချက်တစုံတရာတော့ မရသေးပါဘူး။

သမ္မတ ရှီကျင်းဖျင်ဟာ ၂၀၁၂ ခုနှစ် သမ္မတရာထူး စတင်ရယူခဲ့ချိန်ကစလို့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အပြင်းအထန် လုပ်ဆောင်လာတာဖြစ်ပြီး ဒုသမ္မတ Wang နဲ့ သူ့လက်အောက် တာဝန်ရှိသူတွေက အဓိက ကိုင်တွယ်ကြရတာပါ။ မစ္စတာ Wang ဟာ သမ္မတရှီနဲ့ နီးစပ်သူဖြစ်တယ်လို့ သိထားကြပြီး ဒုသမ္မတအဖြစ် ၂၀၁၈ ခုနှစ်မှာ သမ္မတရှီက ခန့်အပ်ခဲ့တာပါ။

တရုတ်နိုင်ငံမှာ အစိုးရတာဝန်ရှိသူဟောင်းတွေအပေါ် စုံစမ်းစစ်ဆေးတာမျိုးက မထူးဆန်းပေမယ့်လည်း ထိပ်တန်း အဆင့်မြင့် နိုင်ငံရေးသမားတွေနဲ့ နီးစပ်သူတွေကို စုံစမ်းစစ်ဆေးတာမျိုးကတော့ ရှားရှားပါးပါး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)

တရုတျဒုသမ်မတရဲ့ အနီးကပျလူတဦး အဂတိလိုကျစားမှုနဲ့ စဈဆေးခံနရေ




သမ်မတ ရှီကငြျးဖငြျဟာ ၂၀၁၂ ခုနှဈ သမ်မတရာထူး စတငျရယူခဲ့ခြိနျကစလို့ အကငြ့ျပကြျခွစားမှု တိုကျဖကြျရေးကို အပွငျးအထနျ လုပျဆောငျလာတာဖွဈပွီး ဒုသမ်မတ Wang နဲ့ သူ့လကျအောကျ တာဝနျရှိသူတှကေ အဓိက ကိုငျတှယျကွရတာပါ။ မစ်စတာ Wang ဟာ သမ်မတရှီနဲ့ နီးစပျသူဖွဈတယျလို့ သိထားကွပွီး ဒုသမ်မတအဖွဈ ၂၀၁၈ ခုနှဈမှာ သမ်မတရှီက ခန့ျအပျခဲ့တာပါ။


XS
SM
MD
LG