သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိနှိပ်ကန့်သတ်မှုတွေ ရုပ်သိမ်းဖို့ တရုတ် သမ္မတရှီကို ဥရောပ ခေါင်းဆောင်တွေ တိုက်တွန်း 


တရုတ် သမ္မတရှီ
တရုတ် သမ္မတရှီ

(Zawgyi/Unicode)

တရုတ်နိုင်ငံအနေနဲ့ စီးပွားရေး ဈေးကွက်တွေကို ဖွင့်ပေးဖို့ ၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစားဖို့ ၊ ဟောင်ကောင်ကို ဖိနှိပ်ချုပ်ချယ်တာတွေကို ဖြေလျှော့ပေးဖို့ တရုတ်သမ္မတ Xi Jinping ကို EU ဥရောပသမဂ္ဂအဖွဲ့ဝင် ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။

တနင်္လာနေ့က ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ EU ခေါင်းဆောင် တွေက အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပြီး EU အနေနဲ့ တရုတ်နဲ့ ကုန်သွယ်ရေးမှာ အသာစီး ရယူခံနေရတာကို ဆက်လက် လက်ခံတော့မှာ မဟုတ် တော့ဘူးလို့လည်း ပြောပါတယ်။

ဗွီဒီယိုက တဆင့်ပြုလုပ်တဲ့ထိပ်သီးဆွေးနွေးပွဲကို ဂျာမဏီဝန်ကြီးချုပ် Angela Merkel လည်း ပါဝင် တက်ရောက်ခဲ့ပြီး တရုတ် နိုင်ငံ အပေါ် ကုန်သွယ်ရေးဆိုင်ရာ တင်းမာတဲ့ သဘောထား ရပ်တည်ချက်တွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ကုန်သွယ်ရေးဆိုင်ရာ ကတိကဝတ်တွေကို မလိုက်နာဘူးလို့ဥရောပနိုင်ငံတွေအကြား ထင်မြင်ချက် တွေ ကြီးထွား လာနေတာကို ရည်ညွှန်းပြီးEU ဥရောကောင်စီ ဥက္ကဌ Charles Michel ကလည်း EUအဖွဲ့ဟာ ကုန်သွယ်ရေးအရ အသုံးချခံရတဲ့ ကစား ကွင်း တစ်ခုမဟုတ်ဘူးလို့လည်း ပြောပါတယ်။

EU ဥရောပသမဂ္ဂဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ကုန်သွယ်ဖက်ဖြစ်သလို တရုတ်နိုင်ငံဟာလည်း အမေရိကန် ပြီးရင် ဥရောပရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အတွက် ဒုတိယ အကြီးဆုံး ဈေးကွက်ဖြစ်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းစည်းအတော်များများကို တရုတ်တို့ ဖောက်ဖျက်တယ်လို့ ဥရောပသမဂ္ဂအဖွဲ့က စွပ်စွဲထားပါတယ်။ ဒီအထဲမှာ သံမဏိတွေ ပိုလျှံထုတ်လုပ်နေတာနဲ့ အနောက်နိုင်ငံတွေရဲ့ ဉာဏပစ္စည်းတွေကို ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင် ပါတယ်။ တရုတ်တို့ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............

(Unicode)





XS
SM
MD
LG