သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိဘက္ေဒသကုိ တ႐ုတ္အသြင္ေျပာင္းတဲ့ သမၼတရွီရဲ႕ လုပ္ရပ္ကုိ လူ႔အခြင့္အေရးအဖြဲ႔ေတြ ေဝဖန္


(Zawgyi/Unicode)

တိဘက္ေဒသကို တ႐ုတ္အသြင္ေျပာင္းလဲပစ္ေရး တ႐ုတ္ သမၼတ Xi Jinping က ေဆာ္ဩေနတာဟာ တိဘက္ေဒသရဲ့ မူရင္း သရုပ္သ႑ာန္ နဲ႔တိဘက္ ယဥ္ေက်းမႈအတြက္ အႏၲရာယ္ရွိတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက ေျပာပါတယ္။

မၾကာေသး ခင္က ျပဳလုပ္ခဲ့တဲ့ တ႐ုတ္ ကြန္ျမဴနစ္ပါတီ အဆင့္ျမင့္ အစည္းအေဝးမွာ တိဘက္ေဒသ အနာဂါတ္ အုပ္ခ်ဳပ္မႈ အေၾကာင္း ေဆြးေႏြးရာမွာ သမၼတ Xi က Sichuan ၊ Yunnan ၊ Gansu နဲ႔ Qinghaiျပည္နယ္အတြင္းက တိဘက္နယ္ေျမေတြမွာ တည္ၿငိမ္မႈရရွိေရး မေဖာက္ထြင္း နိုင္တဲ့ ခံတပ္ တစ္ခု တည္ေဆာက္ရမယ္လို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္၊ ပါတီရဲ့ မူဝါဒကေန ေသြဖည္ေနသူေတြနဲ႔ ခြဲထြက္ေရးဝါဒကို တိုက္ဖ်က္ ဖို႔ လူ အေျမာက္အျမားကို ပညာေပးေရးအစီအစဥ္ေတြမွာ ပါဝင္ေစၿပီး အမ်ိဳးသားလုံျခဳံေရးကို တိုးတက္ေအာင္ လုပ္ဖို႔ကိုလည္း ေဆာ္ဩ ခဲ့ပါတယ္။​

တိဘက္ ဗုဒၶဝါဒဟာ ခြဲထြက္ေရး အင္အားတစ္ခုျဖစ္တယ္လို႔ တ႐ုတ္တို႔က ယူဆထားတာျဖစ္လို႔ တိဘက္ေဒသမွာ မ်ိဳးခ်စ္ စိတ္သြင္းတဲ့ ျပန္လည္ ပညာေပးေရး အစီအစဥ္ကို တ႐ုတ္တို႔ ပစ္မွတ္ထား လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ အဲဒီ အစီအစဥ္အရ ျပည္ပေရာက္ တိဘက္ဥေသၽွာင္ ဘုန္းေတာ္ႀကီး Dalai Lama ကို လက္မခံၾကဖို႔ တိဘက္ ဘုန္းေတာ္ႀကီးေတြကို ဖိအားေပးေနတာလည္း ျဖစ္ပါတယ္။

တ႐ုတ္ သမၼတ Xi က တိဘက္ကို ေခတ္မီတဲ့ ဆိုရွယ္လစ္ တိဘက္ေဒသအျဖစ္ ေျပာင္းလဲပစ္ဖို႔လည္း ေႂကြးေၾကာ္ေနပါတယ္။ အဲဒီလို ေျပာင္းလဲပစ္ဖို႔က အေျခခံပညာေရးမွာျပဳျပင္ေျပာင္းလဲမႈေတြလုပ္ရမွာျဖစ္ၿပီး တိဘက္လူငယ္တိုင္းကတ႐ုတ္ျပည္ကိုႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္နိုးသူေတြ ျဖစ္ေအာင္ လုပ္ရမယ္လို႔ ေျပာထားပါတယ္။ တိဘက္ ဗုဒၶဘာသာကို ဆိုရွယ္လစ္ လူ႔အဖြဲ႕အစည္း နဲ႔ လိုက္ေလ်ာ ညီေထြျဖစ္လာေအာင္ ထဲထဲဝင္ဝင္ လမ္းညႊန္ခ်က္ေပးၿပီး တိဘက္ဗုဒၶဘာသာကို တ႐ုတ္ပုံစံသြတ္သြင္းရမယ္လို႔လည္း သမၼတ Xi က ေျပာပါတယ္။

တိဘက္ ဘာသာေရး ယုံၾကည္မႈနဲ႔ ပတ္သက္ၿပီး သမၼတ​ Xi ရဲ့မွတ္ခ်က္စကားေတြဟာ လူ႔အခြင့္အေရး ေစာင့္ၾကည့္ ေလ့လာသူေတြ အတြက္ အမႈမဲ့အမွတ္မဲ့ ထားလို႔မရတဲ့ စကားေတြလို႔လည္း တ႐ုတ္နိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕HRWရဲ့ ဒါရိုက္တာ Sophie Richardson က ဗြီအိုေအ တိဘက္သတင္းဌာနကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

တိဘက်ဒေသကို တရုတ်အသွင်ပြောင်းတဲ့ သမ္မတရှီရဲ့ လုပ်ရပ်ကို လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်

(Unicode)

တိဘက်ဒေသကို တရုတ်အသွင်ပြောင်းလဲပစ်ရေး တရုတ် သမ္မတ Xi Jinping က ဆော်ဩနေတာဟာ တိဘက်ဒေသရဲ့ မူရင်း သရုပ်သဏ္ဍာန် နဲ့တိဘက် ယဉ်ကျေးမှုအတွက် အန္တရာယ်ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

မကြာသေး ခင်က ပြုလုပ်ခဲ့တဲ့ တရုတ် ကွန်မြူနစ်ပါတီ အဆင့်မြင့် အစည်းအဝေးမှာ တိဘက်ဒေသ အနာဂါတ် အုပ်ချုပ်မှု အကြောင်း ဆွေးနွေးရာမှာ သမ္မတ Xi က Sichuan ၊ Yunnan ၊ Gansu နဲ့ Qinghaiပြည်နယ်အတွင်းက တိဘက်နယ်မြေတွေမှာ တည်ငြိမ်မှုရရှိရေး မဖောက်ထွင်း နိုင်တဲ့ ခံတပ် တစ်ခု တည်ဆောက်ရမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင်၊ ပါတီရဲ့ မူဝါဒကနေ သွေဖည်နေသူတွေနဲ့ ခွဲထွက်ရေးဝါဒကို တိုက်ဖျက် ဖို့ လူ အမြောက်အမြားကို ပညာပေးရေးအစီအစဉ်တွေမှာ ပါဝင်စေပြီး အမျိုးသားလုံခြုံရေးကို တိုးတက်အောင် လုပ်ဖို့ကိုလည်း ဆော်ဩ ခဲ့ပါတယ်။

တိဘက် ဗုဒ္ဓဝါဒဟာ ခွဲထွက်ရေး အင်အားတစ်ခုဖြစ်တယ်လို့ တရုတ်တို့က ယူဆထားတာဖြစ်လို့ တိဘက်ဒေသမှာ မျိုးချစ် စိတ်သွင်းတဲ့ ပြန်လည် ပညာပေးရေး အစီအစဉ်ကို တရုတ်တို့ ပစ်မှတ်ထား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်အရ ပြည်ပရောက် တိဘက်ဥသျှောင် ဘုန်းတော်ကြီး Dalai Lama ကို လက်မခံကြဖို့ တိဘက် ဘုန်းတော်ကြီးတွေကို ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

တရုတ် သမ္မတ Xi က တိဘက်ကို ခေတ်မီတဲ့ ဆိုရှယ်လစ် တိဘက်ဒေသအဖြစ် ပြောင်းလဲပစ်ဖို့လည်း ကြွေးကြော်နေပါတယ်။ အဲဒီလို ပြောင်းလဲပစ်ဖို့က အခြေခံပညာရေးမှာပြုပြင်ပြောင်းလဲမှုတွေလုပ်ရမှာဖြစ်ပြီး တိဘက်လူငယ်တိုင်းကတရုတ်ပြည်ကိုနှစ်နှစ်ကာကာ ချစ်မြတ်နိုးသူတွေ ဖြစ်အောင် လုပ်ရမယ်လို့ ပြောထားပါတယ်။ တိဘက် ဗုဒ္ဓဘာသာကို ဆိုရှယ်လစ် လူ့အဖွဲ့အစည်း နဲ့ လိုက်လျော ညီထွေဖြစ်လာအောင် ထဲထဲဝင်ဝင် လမ်းညွှန်ချက်ပေးပြီး တိဘက်ဗုဒ္ဓဘာသာကို တရုတ်ပုံစံသွတ်သွင်းရမယ်လို့လည်း သမ္မတ Xi က ပြောပါတယ်။

တိဘက် ဘာသာရေး ယုံကြည်မှုနဲ့ ပတ်သက်ပြီး သမ္မတ Xi ရဲ့မှတ်ချက်စကားတွေဟာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူတွေ အတွက် အမှုမဲ့အမှတ်မဲ့ ထားလို့မရတဲ့ စကားတွေလို့လည်း တရုတ်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့HRWရဲ့ ဒါရိုက်တာ Sophie Richardson က ဗွီအိုအေ တိဘက်သတင်းဌာနကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG