သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်သံအမတ်ကြီး တိဗက်ဒေသ သွားရောက်လေ့လာ


ကန်သံအမတ်ကြီး တိဗက်ဒေသ သွားရောက်လေ့လာ

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Terry Branstad က သူ့ရဲ့ တိဘက်ဒေသခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံအနေနဲ့ တိဘက်ဘုန်းတော်ကြီး Dalai Lama နဲ့ တွေ့ဆုံဆွေးနွေးဖို့တိုက်တွန်းခဲ့ကြောက်း အမေရိကန် သံရုံးပြောခွင့်ရက စနေနေ့ကပြောပါတယ်။

တိဘက်ဘုန်းကြီးတွေရဲ့ ဘာသာရေးလွပ်လပ်ခွင့်တွေကို တရုတ်အစိုးရက ကြားဝင်နှောက်ယှက်မှုတွေနဲ့ ပတ်သက်ပြီး သံအမတ်ကြီး Terry Branstad က စိုးရိမ်ကြောင်းလည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို တသမတ်တည်း ချုပ်ကိုင်မှုမရှိတဲ့ အပေါ်စိုးရိမ်မိကြောင်းလည်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့ က ပြောတာပါ။ တိဘက်ဒေသမှာ နိုင်ငံခြားသားတွေ နဲ့ အထူးသဖြင့်သတင်းထောက်တွေနဲ့ သံတမန်တွေ သွားလာခွင့်ကို တရုတ်က ချုပ်ကိုင်ထားပါတယ်။

ဒါပေမဲ့ အမေရိကန်သံအမတ်ကြီး Terry Branstad ရဲ့တိဘက် ခရီးစဉ်မှာတော့ တိဘက် ဘာသာရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ဒ့ါအပြင် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အိမ်နီးချင်း Qinghai နယ်ကိုလည်း မေလ ၁၉ ကနေ ၂၅ ရက်နေ့အထိ သံအမတ်ကြီး Branstad သွားရောက်ခဲ့ တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ပြောထားပါတယ်။သူဟာ ဟိမဝန္တာတောင်တန်းဒေသမှာရှိတဲ့ တိဘက်နယ်ကို ၄ နှစ်အတွင်း ပထမဆုံး သွားခွင့်ရတဲ့ အမေရိကန်သံတမန်ဖြစ်ပါတယ်။

တိဘက်ဒေသဆီကို နိုင်ငံခြားသားတွေ သွားရောက်မှု ကန့်သတ်တဲ့ မူကိုကျင့်သုံးတဲ့ တရုတ်တာဝန်ရှိသူတွေအပေါ် အမေရိကန်ပြည်ဝင်ခွင့် Visa ငြင်းဆန်ရမယ့်ဥပဒေကို အမေရိကန်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာက အတည်ပြုခဲ့ပြီးနောက်မှာ အခုလိုအမေရိကန်သံတမန် သွားခွင့်ရတာလည်းဖြစ်ပါတယ်။

ကန်သံအမတ်ကြီး တိဗက်ဒေသ သွားရောက်လေ့လာ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG