သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်လွတ်မြောက်ရေး မီးရှို့သတ်သေနေတဲ့အပေါ် EU စိုးရိမ်


ဥရောပသမဂ္ဂ အီးယူ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ အကြီးအကဲ Catherine Ashton (ဇွန်လ ၁၉ ရက်၊ ၂၀၁၂)။
ဥရောပသမဂ္ဂ အီးယူ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ အကြီးအကဲ Catherine Ashton (ဇွန်လ ၁၉ ရက်၊ ၂၀၁၂)။
တိဘက်လူမျိုးတွေ ကိုယ့်ကိုယ်ကို သတ်သေမှု များပြားလာတဲ့အေပါ် အီးယူ ဥရောပသမဂ္ဂ အနေနဲ့ အထူး စိတ်မကောင်းဖြစ်မိကြောင်း အီးယူ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ အကြီးအကဲက ပြောပါတယ်။ တိဘက် လူမျိုးအတွေ အပေါ် ချုပ်လွန်းတဲ့ တရုတ်နိုင်ငံရဲ့ ပေါ်လစီကြောင့် အဲဒီ ဒေသမှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ သတ်သေမှုတွေ တိုးများလာသလားဆိုပြီး အီးယူအနေနဲ့ စိုးရိမ် ပူပန်မိတယ်လို့ အီးယူရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး ပေါ်လစီဆိုင်ရာ အကြီးအကဲ Catherine Ashton က ပြောကြားလိုက်တာပါ။

တိဘက်လူမျိုးတွေ အနေနဲ့လည်း အစွန်းရောက်တဲ့ အဲဒီလို မီးရှို့သတ်သေမှုတွေ မလုပ်ကြဖို့နဲ့ တရုတ်အစိုးရ အနေနဲ့လည်း တိဘက်လူမျိုးတွေ စိတ်ပျက်နေကြရတဲ့ အခြေခံ အကြောင်းရင်း ကို ဖြေရှင်းပေးဖို့ Catherine Ashton က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောကြား လိုက်တာပါ။ တိဘက်လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ သာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ သူတို့ဘာသာစကား လွတ်လပ်စွာ ပြောဆိုခွင့် အပါအဝင် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု ရရှိအောင် လုပ်ဆောင်ပေးသင့်တယ် လို့လည်း Catherine Ashton က ပြောပါတယ်။

တရုတ်နိုင်ငံအနောက်ပိုင်းမှာ ၂၀၀၉ ခုနှစ်ကစပြီး တိဘက်လူမျိုး ၉၂ ဦး ကိုယ့်ကိုကိုယ် မီးရှို့ သတ်သေခဲ့ပြီး အဲဒီအထဲက ၂၈ ယောက်ဟာ နိုဝင်ဘာလအတွင်းမှာ သတ်သေခဲ့ကြတာပါ။ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်လာနေတဲ့အပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းနေတဲ့အချိန်နဲ့လည်း အခုလို မီးရှို့သတ်သေမှုတွေ တိုးမြင့်ဖြစ်ပေါ်တာက တိုက်ဆိုင်နေပါတယ်။
XS
SM
MD
LG