သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ဇူလိုင် ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ဇူလိုင် ၂၃၊ ၂၀၂၀)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ဇူလိုင် ၂၃၊ ၂၀၂၀)




တိုက်ရိုက် လင့်ခ်

[Unicode Version]

တရုတ်နဲ့ ဆက်ဆံရေး ပိုပြတ်သားတဲ့ ချဉ်းကပ်မှုလိုအပ် - ဝန်ကြီး Pompeo

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အနှစ် ၅၀ နီးပါး ထိတွေ့ဆက်ဆံလာခဲ့တဲ့ သံတမန်ဆက်ဆံရေး အလုပ်မဖြစ်တော့တဲ့အတွက် ပိုပြတ်သားတဲ့ ချဉ်းကပ်မှု လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောကြားလိုက်ပါတယ်။ California ပြည်န ယ် Yorba Linda မြို့က သမ္မတဟောင်း Richard Nixon ကိုဂုဏ်ပြုထားတဲ့ Nixon Foundation မှာပြောကြားတဲ့ မိန့်ခွန်းထဲမှာ ခုလိုပြောကြားခဲ့တာပါ။

နှစ်နိုင်ငံဆက်ဆံရေးမှာ တရုတ်ဘက်က အမေရိကန်ထက် အများကြီး အကျိုးအမြတ်ရရှိခဲ့ပြီး တရုတ်ဟာ သူ့ကိုပေးကမ်းနေတဲ့ နိုင်ငံတကာလက်တွေကို ကိုက်ခဲ့တယ်လို့ ဝန်ကြီး Pompeo ကဆိုပါတယ်။ အမေရိကန် တရုတ်ဆက်ဆံရေးမှာ မညီမ ျှမှုတွေလို့ သူကပြောဆိုတဲ့ ကြာသပတေးနေ့က မိန့်ခွန်းဟာ တရုတ်နဲ့ဆက်ဆံရေးနဲ့ ပတ်သက်လို့ Trump အစိုးရတာဝန်ရှိသူတွေဘက်က ၄ ကြိမ်မြောက် ဆက်တိုက်ပြောနေတဲ့ မိန့်ခွန်းလည်းဖြစ်ပါတယ်။

တရုတ်သမ္မတ Xi Jinping
တရုတ်သမ္မတ Xi Jinping

တရုတ်သမ္မတ Xi Jinping ဟာ ကျဆုံးသွားပြီဖြစ်တဲ့ အာဏာရှင် အတွေးအခေါ်ကို အမှန်တကယ်ယုံကြည်သူဖြစ်တယ်လို့ ဝန်ကြီး Pompeo ကဆိုပါတယ်။ ဒါ့အပြင် အမေရိကန်လူမှုအသိုင်းအဝိုင်းရဲ့ လွတ်လပ်ပွင့်လင်းမှုကို တရုတ်က အသုံးချပြီး တရုတ်ဝါဒဖြန့်သူတွေကို အမေရိကန် တက္ကသိုလ်တွေ၊ သုတေသနလုပ်ငန်းတွေ၊ သတင်းစာရှင်းပွဲတွေကို စေလွှတ်နေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo က မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။ တရုတ်အစိုးရကတော့ ဝန်ကြီးရဲ့ မိန့်ခွန်းဟာ စစ်အေးကာလ အတွေးအခေါ်တွေနဲ့ ပြောတဲ့ မိန့်ခွန်းလို့ တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG