သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္၊ Chengdu ၿမိဳ႕က ကန္ ေကာင္စစ္ဝန္ခ်ဳပ္႐ံုးပိတ္ဖို႔ တ႐ုတ္အစိုးရၫႊန္ၾကား


တ႐ုတ္ႏိုင္ငံ Chengdu ၿမိဳ႕က ကန္ ေကာင္စစ္ဝန္ခ်ဳပ္႐ံုးေရွ႕ ျမင္ကြင္း။ (ဇူလိုင္ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

တ႐ုတ္ႏိုင္ငံ Chengdu ၿမိဳ႕မွာ႐ွိတဲ့ အေမရိကန္ေကာင္စစ္ဝန္ခ်ဳပ္႐ံုးကုိ ပိတ္ရမယ္လို႔ တ႐ုတ္အစိုးရက ဒီကေန႔ အသိေပးလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin
တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin

Chengdu ၿမိဳ႕ ေကာင္စစ္ဝန္ခ်ဳပ္႐ံုးမွာ လုပ္ေနတဲ့ လုပ္ငန္းအားလံုးကို ရပ္ဖုိ႔ အေသးစိတ္ အတိအက်ေတာင္းဆိုခဲ့ေၾကာင္းနဲ႔ သံတမန္ဆက္ဆံေရးဆိုတာ အျပန္အလွန္ျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin က ဒီကေန႔ ပံုမွန္သတင္းစာ႐ွင္းပြဲမွာ ေျပာသြားပါတယ္။

အဲဒီေကာင္စစ္ဝန္႐ံုးခ်ဳပ္မွာ႐ွိတဲ့ ဝန္ထမ္းတခ်ဳိ႕ဟာ တ႐ုတ္ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ခဲ့သလို တ႐ုတ္ႏိုင္ငံရဲ႕ လံုျခံဳေရးအက်ဳိးစီးပြားကို ထိခိုက္ေအာင္လုပ္ခဲ့တယ္လို႔ သူကေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စု Houston ၿမိဳ႕မွာ႐ွိတဲ့ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ံုးကို ဒီေန႔ ေသာၾကာေန႔ ေနာက္ဆံုးထားၿပီး အေမရိကန္အစိုးရက ပိတ္ခိုင္းခဲ့တဲ့အေပၚ တ႐ုတ္က လက္တံု႔ျပန္ေဆာင္႐ြက္လိုက္တာျဖစ္ပါတယ္။

Houston ၿမိဳ႕က တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ံုးကို ၇၂ နာရီအတြင္း ပိတ္ခိုင္းခဲ့တဲ့အတိုင္း အေမရိကန္ေကာင္စစ္ဝန္ခ်ဳပ္႐ံုးကိုလည္း တနလၤာေန႔မနက္ ၁၀ နာရီမတိုင္ခင္ ၇၂ နာရီအတြင္းပိတ္ရမယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အသိေပးခဲ့ေၾကာင္း Global Times သတင္းကေဖာ္ျပပါတယ္။

၁၉၈၅ ခုႏွစ္မွာ စတင္ဖြင့္ခဲ့တဲ့ Chengdu ၿမိဳ႕က အေမရိကန္ေကာင္စစ္ဝန္ခ်ဳပ္႐ံုးမွာ ေဒသခံဝန္ထမ္း ၁၅၀ အပါအဝင္ ဝန္ထမ္း ၂၀၀ နီးပါး႐ွိတယ္လို႔ သံ႐ံုး website မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်၊ Chengdu မြို့က ကန် ကောင်စစ်ဝန်ချုပ်ရုံးပိတ်ဖို့ တရုတ်အစိုးရညွှန်ကြား

တရုတ်နိုင်ငံ Chengdu မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်ရမယ်လို့ တရုတ်အစိုးရက ဒီကနေ့ အသိပေးလိုက်ပါတယ်။

Chengdu မြို့ ကောင်စစ်ဝန်ချုပ်ရုံးမှာ လုပ်နေတဲ့ လုပ်ငန်းအားလုံးကို ရပ်ဖို့ အသေးစိတ် အတိအကျတောင်းဆိုခဲ့ကြောင်းနဲ့ သံတမန်ဆက်ဆံရေးဆိုတာ အပြန်အလှန်ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က ဒီကနေ့ ပုံမှန်သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

အဲဒီကောင်စစ်ဝန်ရုံးချုပ်မှာရှိတဲ့ ဝန်ထမ်းတချို့ဟာ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့သလို တရုတ်နိုင်ငံရဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်အောင်လုပ်ခဲ့တယ်လို့ သူကပြောပါတယ်။

အမေရိကန်ပြည်ထောင်စု Houston မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ဒီနေ့ သောကြာနေ့ နောက်ဆုံးထားပြီး အမေရိကန်အစိုးရက ပိတ်ခိုင်းခဲ့တဲ့အပေါ် တရုတ်က လက်တုံ့ပြန်ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

Houston မြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ၇၂ နာရီအတွင်း ပိတ်ခိုင်းခဲ့တဲ့အတိုင်း အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း တနင်္လာနေ့မနက် ၁၀ နာရီမတိုင်ခင် ၇၂ နာရီအတွင်းပိတ်ရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးခဲ့ကြောင်း Global Times သတင်းကဖော်ပြပါတယ်။

၁၉၈၅ ခုနှစ်မှာ စတင်ဖွင့်ခဲ့တဲ့ Chengdu မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးမှာ ဒေသခံဝန်ထမ်း ၁၅၀ အပါအဝင် ဝန်ထမ်း ၂၀၀ နီးပါးရှိတယ်လို့ သံရုံး website မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG