သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် Hacker ၅ ဦးနဲ့ မလေး စီးပွားရေးသမား ၂ ဦးကို ကန် တရားစွဲ


(Zawgyi/Unicode)

ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေက ကုမ္မဏီပေါင်း ၁၀၀ လောက်နဲ့ အဖွဲ့အစည်းတွေဆီက အင်တာနက်ဆိုင်ရာ အချက်အလက်တွေကို ဖောက်ထွင်း ခိုးယူခဲ့တယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦးနဲ့ မလေးရှားနိုင်ငံသား စီးပွါးရေးလုပ်ငန်းရှင် ၂ ဦးတို့ကို ဆိုင်ဘာလုံခြုံရေးနှောက်ယှက်မှုနဲ့ အမေရိကန် အစိုးရရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ ရာဇဝတ်ကြောင်းအရ တရားစွဲလိုက်ပါတယ်။

၂၀၁၄ ခုနှစ်အစောပိုင်းကနေ ၂၀၂၀ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဒီ အင်တာနက်ဆိုင်ရာ ဖောက်ထွင်းမှုတွေဟာ ထောင်ချီတဲ့ ဗွီဒီယိုဂိမ်းကုမ္မဏီတွေရဲ့ အင်တာနက်ကွန်ယက်ကို ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်းနဲ့ ဒီလို ဆိုင်ဘာဖောက်ထွင်းမှုကြောင့် အမေရိကန် ဒေါ်လာ သန်းနဲ့ချီပြီး ဆုံးရှုံးမှုရှိကြောင်း တရားရေးဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။

ဆိုင်ဘာလုံခြုံရေး ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခံထားရသူ တရုတ်နိုင်ငံသား Zhang Haoran ၊ Tan Dailin ၊ Jiang Lizhi ၊ Qian Chuan နဲ့ Fu Qiang တို့ ၅ ယောက်က တရုတ် APT-41 ဟက်ကာအဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း စွပ်စွဲထားတာပါ။

ကျန် ၂ ဦးဖြစ်တဲ့ မလေးရှား စီးပွါးရေးလုပ်ငန်းရှင် Wong Ong နဲ့ Ling Yang Ching တို့ကိုတော့ မလေးရှားနိုင်ငံမှာ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အခု သူတို့ကို တရားခံလွှဲပြောင်းပေးဖို့ အမေရိကန်က ကြိုးစားနေပြီး ဒီလိုလွှဲပြောင်းဖို့ လပေါင်းများစွာ ကြာနိုင်ပါတယ်။

သူတို့ ၂ ဦးက တရုတ်ဟက်ကာ ၂ ယောက်နဲ့ ပေါင်းပြီး ဗီဒီယိုဂိမ်းသုံး ငွေကြေးရောင်းချမှုအပြင် အမေရိကန်၊ ပြင်သစ်၊ ဂျပန်၊ စင်္ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဗွီဒီယိုဂိမ်းရေးဆွဲသူတေ ွရဲ့ အချက်အလက်ကို ခိုးယူရောင်းချမှုအတွက် တရားစွဲခံရတာဖြစ်ပါတယ်။ ကျန် ၃ ယောက်ကိုတော့ အမေရိကန်အပါအဝင် တကမ္ဘာလုံးက ကုမ္မဏီပေါင်း ၁၀၀ လောက်နဲ့ တခြားအဖွဲ့အစည်းတွေရဲ့ ကွန်ယက်တွေကို ဖောက်ထွင်းခဲ့မှုအတွက် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရုတ် Hacker ၅ ဦးနဲ့ မလေး စီးပွားရေးသမား ၂ ဦးကို ကန် တရားစွဲ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်


...........


(Unicode)






XS
SM
MD
LG