သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ကမ္ဘာတဝှမ်း ဆိုင်ဘာတိုက်ခိုက်မှု မြောက်ကိုရီးယားအပေါ် သံသယရှိ
နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း ဆိုင်ဘာတိုက်ခိုက်မှု မြောက်ကိုရီးယားအပေါ် သံသယရှိ


ကမ္ဘာတဝန်း Computer ကွန်ယက်တွေအပေါ် ဆိုင်ဘာတိုက်ခိုက်မှုဟာ တနင်္လာနေ့မှာ နည်းသွားပုံရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး နိုင်ငံပေါင်း ၁၅၀ က Computer ပေါင်း ၃ သိန်းထက်မနည်း ဆိုင်ဘာတိုက်ခိုက်ခံခဲ့ရတဲ့ထဲမှာ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှားစတဲ့ အာရှနိုင်ငံတော်တော်များများ တိုက်ခိုက်ခံခဲ့ရပါတယ်။

Computer နဲ့အင်တာနက်လုံခြုံရေးကို အဓိကလုပ်နေတဲ့ ကုမ္ပဏီကြီး ၂ ခုက အခုဆိုင်ဘာတိုက်ခိုက်မှုဟာ မြောက်ကိုရီးယားနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ကလုပ်တာလားဆိုတာကို ဆန်းစစ်နေကြပါတယ်။

Computer စနစ်တွေကို ထိန်းချုပ်လိုက်ပြီး ပြန်ပေးငွေတောင်းတဲ့ WannaCry ဆိုတဲ့ Ransomware virus software နဲ့တိုက်ခိုက်မှုမှာ မြောက်ကိုရီးယားနဲ့ဆက်နွယ်နေတဲ့ နည်းပညာဆိုင်ရာ သဲလွန်စတွေ တေ့ွရတယ်လို့ Symantec နဲ့ Kaspersky Lab ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီ ၂ ခုကပြောပါတယ်။

WannaCry software မူလ Version မှာသုံးထားတဲ့ Program code တွေဟာ Lazarus Group ဆိုတဲ့ မြောက်ကိုရီးယားနိုင်ငံက Hacker အုပ်စုသုံးတဲ့ Program တွေမှာ တွေ့ရတဲ့ Code တွေနဲ့ ဆင်တူနေတယ်လို့ ပြောပါတယ်။ ဆိုင်ဘာတိုက်ခိုက်မှုတွေထဲမှာ အချိန်တိုအတွင်း အမြန်ဆန်ဆုံး ပျံ့နှံ့သွားခဲ့တဲ့ WannaCry တိုက်ခိုက်မှုကို မြောက်ကိုရီးယားက လုပ်တာလားဆိုတာ အခုအချိန်မှာ အတိအကျ မပြောနိုင်သေးဘူးလို့ Symantec နဲ့ Kaspersky Lab ကုမ္ပဏီ ၂ ခုလုံးက ပြောပါတယ်။

Ransomware တိုက်ခိုက်ခံရတဲ့ Computer screen တွေပေါ်မှာ ဒီ Computer ထဲက File တွေကိုဖတ်မရအောင် Encrypt လုပ်လိုက်တယ်။ Online ပေါ်မှာသာ အသုံးပြုတဲ့ Bitcoin ငွေကြေးကို ဒေါ်လာ ၃၀၀ ဖိုးပေးမှ File တွေပြန်သုံးလို့ရမယ်လို့ ပြန်ပေးငွေ တောင်းခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ Computer တွေပြန်သုံးနိုင်အောင် စုစုပေါင်း ဒေါ်လာ ၇ သောင်းအောက် ပြန်ပေးငွေပေးခဲ့တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့က ပြောပါတယ်။ Microsoft ရဲ့ Windows software ဟာကွက်တွေကိုအသုံးချပြီး ဆိုင်ဘာတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တဲ့အတွက် PC computer သုံးသူတွေအနေနဲ့ နောက်ဆုံးထုတ် လုံခြုံရေးအဆင့်မြှင့်ထားတဲ့ Software တွေကို Update လုပ်ကြဖို့ Microsoft ကုမ္ပဏီက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG