သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအင်တာနက် လွတ်လပ်ခွင့်အနည်းငယ်တိုးတက်မှု တွေ့ရ


Freedom on the Net ၂၀၁၆ အစီရင်ခံစာ (freedom house)
Freedom on the Net ၂၀၁၆ အစီရင်ခံစာ (freedom house)

ကမ္ဘာတဝန်းမှာ အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ခွင့်ဟာ ၆ နှစ်ဆက်တိုက်မြောက် အဖြစ် ကျဆင်းနေတယ်လို့ ကမ္ဘာ့နိုင်ငံတွေမှာ ဒီမိုကရေစီမြင့်တင်ရေးဆောင်ရွက်နေတဲ့ ဝါရှင်တန်အခြေစိုက် Freedom House အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ဖို့၊ အချက်အလက်တွေ ပေးပို့ရယူတဲ့နေရာမှာ လုံခြုံအောင်လုပ်တဲ့ နည်းပညာတွေကို တရားမဝင်သတ်မှတ်ဖို့၊ အာဏာပိုင်တွေဘက်က လက်မခံနိုင်ဘူးလို့ ယူဆတဲ့အချက်အလက်တွေကို Online ပေါ်မှာ တင်ပြ၊ မျှဝေသူတွေကို အရေးယူဖို့ စတဲ့ဆောင်ရွက်မှုတွေကို အစိုးရတွေက ၂ ဆတိုးလုပ်နေတာကြောင့် အင်တာနက်လွတ်လပ်မှုဟာ ကျဆင်းနေတာဖြစ်တယ်လို့ Freedom House က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Freedom on the Net ၂၀၁၆ ဆိုတဲ့ အစီရင်ခံစာမှာ ကမ္ဘာတဝန်း အင်တာနက်သုံးစွဲသူတွေထဲက ၃ ပုံ ၂ ပုံကျော်ဟာ Online ပေါ်မှာ ဖော်ပြ၊ မျှဝေမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့် ကန့်သတ်နေတဲ့ နိုင်ငံတွေ၊ အင်တာနက်ပေါ်မှာ ဖော်ပြမှုကြောင့် ထောင်ဒဏ် ကြိမ်ဒဏ်အပါအဝင် ကြီးလေးတဲ့ပြစ်ဒဏ်တွေ ပေးခံရတဲ့ နိုင်ငံတွေမှာ နေထိုင်နေကြရတယ်လို့ ပြောထားပါတယ်။

စစ်တမ်းပြုစုထားတဲ့ ၆၅ နိုင်ငံထဲမှာ တရုတ်၊ အီရန်၊ ဆီးရီးယားနဲ့ အီသီယိုးပီးယားနိုင်ငံတွေဟာ အင်တာနက်အသုံးပြုမှု လွတ်လပ်ခွင့်ကို အချိုးဖောက်ဆုံးနိုင်ငံတွေ အဖြစ် ဖော်ပြပါတယ်။ အင်တာနက် လွတ်လပ်ခွင့် အကျဆင်းဆုံး နိုင်ငံတွေကတော့ ယူဂန်ဒါ၊ ဘင်္ဂလားဒေရှ့်နဲ့ Cambodia နိုင်ငံတွေဖြစ်ကြပါတယ်။

မြန်မာနိုင်ငံကိုလည်း အင်တာနက်လွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံစာရင်းထဲမှာ ဆက်လက် ထည့်ထားပါတယ်။ ဒါပေမယ့် အခြေအနေတိုးတက်လာတဲ့ နိုင်ငံအဖြစ် Freedom House က မြန်မာနိုင်ငံကို သတ်မှတ်ထားပါတယ်။ အဆိုးဆုံးနိုင်ငံ ကို အမှတ် ၁၀၀ ပေးရာမှာ မြန်မာနိုင်ငံကို ၆၁ မှတ် သတ်မှတ်ပါတယ်။ ၂၀၁၅ တုန်းကတော့ ၆၃ မှတ် ရခဲ့တာဖြစ်ပါတယ်။ အင်တာနက်လိုင်းရနိုင်ဖို့ အခက်အခဲ၊ Online ပေါ်မှာ ဖော်ပြတဲ့အချက်အလက်တွေအပေါ် ကန့်သတ်ချက်၊ အင်တာနက် အသုံးပြုသူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုစတဲ့ အချက် ၃ ချက်ပေါ်မှာ မူတည်ပြီး ၂၀၁၆ ခုနှစ်အတွက် မြန်မာနိုင်ငံကို ၆၁ မှတ်ပေးတာဖြစ်ပါတယ်။

၂၀၁၅ ဇွန်လ ကနေ ၂၀၁၆ မေလ အထိမြန်မာနိုင်ငံမှာ Hacker တွေရဲ့ သတင်းအချက်အလက် ပုံမှားရိုက်ဖော်ပြမှု၊ စစ်တပ်နဲ့ အစိုးရတာဝန်ရှိသူတွေအပေါ် ဝေဖန်လို့ ၂၀၁၃ ဆက်သွယ်ရေး ဥပေဒေနဲ့ လူ ၅ ယောက်ဖမ်းဆီးခံရမှုတွေရှိခဲ့တဲ့ တချိန်ထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကူအညီပေးရေးတွေကို လူမှုကွန်ယက်တွေပေါ်ကနေ လှုပ်ရှားမှုတွေလည်း ရှိလာတယ်လို့ Freedom House ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအင်တာနက် လွတ်လပ်ခွင့်အနည်းငယ်တိုးတက်မှု တွေ့ရ
please wait

No media source currently available

0:00 0:02:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG