သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဟက်ကာတဦးကို ချက်နိုင်ငံမှာ FBI ဖမ်းဆီး


ရုရှားဟက်ကာ
ရုရှားဟက်ကာ

အမေရိကန်ပြည်ထောင်စုကို အင်တာနက် ဆိုက်ဘာ ထိုးဖောက် တိုက်ခိုက်တာတွေလုပ်ဖို့ ကြိုးစားမှုနဲ့ ဆက်စပ်ပြီး ရုရှားနိုင်ငံသားတဦးကို ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့တော်မှာ ချက် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အမေရိကန် ဖက်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးရေးဗျူရို FBI က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။

လာမယ့် အမေရိကန် သမ္မတရွေးကောက်ကို အနှောက်အယှက်ပေးဖို့ ကြိုးစားတာမှာ အမေရိကန်ဌာနတွေကို ရုရှားအစိုးရက ဆိုက်ဘာတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ဆိုပြီး အမေရိကန်အစိုးရက ရုရှားကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ တရားဝင် စွပ်စွဲထားတာပါ။ ဒီစွပ်စွဲချက်နဲ့ အခု ဖမ်းဆီးခံရသူ ဆက်စပ်မှုရှိသလား ဆိုတာကိုတော့ ရဲတပ်ဖွဲ့က တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။ ချက်ပြည်သူ့သမ္မတနိုင်ငံ ရဲတပ်ဖွဲ့ပြောခွင့်ရ David Schon က အသေးစိတ် အကြောင်းအရာတွေကို မပြောဘဲ ရုရှားနိုင်ငံသားတဦးကို အဓိကထား ရှာဖွေခဲ့တာမှာ အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

သံသရရှိသူကို Prague မြို့တော်က တည်းခိုခန်းတခု မှာ ဖမ်းဆီးခဲ့တဲ့အကြောင်း နဲ့ ဖမ်းဆီးချိန်မှာ အဲဒီလူ လဲကျသွားခဲ့တာကြောင့် သူ့ကို ဆေးရုံ မပို့ခင်မှာ အရေးပေါ် ကုသမှုတာတွေ လုပ်ပေးခဲ့ ရတဲ့အကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခု ဖမ်းဆီးထားသူကို အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းပေးသင့် မသင့်ကို ချက် တရားရုံးကဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဘယ်လိုအချိန်မှာဖြစ်မယ် ဆိုတာကိုတော့ ပြောမထားပါဘူး။

လာမယ့်အမေရိကန် ရွေးကောက်ပွဲမှာ ရီပါဘလီကန်သမ္မတလောင်း Donald Trump အနေနဲ့ ပြိုင်ဘက် ဟီလာရီကလင်တန်ကို အနိုင်ရအောင် ရုရှားက ကူညီပေးနေတယ်လို့ စွပ်စွဲခံထားရပေမဲ့ ရုရှားသမ္မတကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG