(Zawgyi/Unicode)
စစ္မ်က္ႏွာ ႏွစ္ဖက္ဖြင့္ တိုက္ခိုက္ဖို႔အတြက္ အိႏၵိယ ေလတပ္ကို အသင့္ျပင္ဆင္ထားေၾကာင္း အိႏၵိယေလတပ္ အႀကီးအကဲက တနလၤာေန႔က ေျပာပါတယ္။
"စစ္မ်က္ႏွာ ႏွစ္ဖက္ဖြင့္ တိုက္ပြဲအပါအဝင္ ဘယ္သမားရိုးက်စစ္ပြဲကို မဆို ဆင္ႏႊဲဖို႔ အိႏၵိယ ေလတပ္အေနနဲ႔ အဆင္သင့္ရွိေနေၾကာင္း၊ လက္တေလာ ၿခိမ္းေျခာက္မႈနဲ႔ အႏၲရာယ္ ရွိေနတဲ့အေနအထားကို တုန္႔ျပန္ဖို႔ အိႏၵိယေလတပ္ကို တိုက္ခိုက္ေရးစြမ္းရည္ အဆင့္နဲ႔ အသင့္ ရွိေနေရး အျမဲတမ္း အေလးထား လုပ္ေဆာင္ေနေၾကာင္း" အိႏၵိယ ေလတပ္ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး R.K.S. Bhadauria က ေျပာသြားတာ ျဖစ္ပါတယ္။
ႏ်ဴးကလီယား လက္နက္ ပိုင္ဆိုင္တဲ့နိုင္ငံေတြ ျဖစ္တဲ့ အိႏၵိယနဲ႔ တ႐ုတ္တို႔အၾကား နယ္စပ္အျငင္းပြားမႈေၾကာင့္ ဆယ္စုႏွစ္ေတြထဲ ထိပ္တိုက္ ရင္ဆိုင္မႈ အဆိုးဆုံး အေျခအေနကို ေရာက္ရွိေနခ်ိန္မွာ အိႏၵိယ ေလတပ္ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Bhadauria က အခုလို ေျပာလိုက္တာပါ။
ဇြန္လတုန္းက အိႏၵိယနဲ႔ တ႐ုတ္နိုင္ငံအၾကား နယ္စပ္ေဒသမွာ အခ်င္းမ်ားမႈေတြ ျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ တင္းမာမႈေတြ ျမင့္တက္ခဲ့ တာပါ။ ႏွစ္ဖက္တပ္ဖြဲ႕ေတြ အၾကား ခိုက္ရန္ ျဖစ္ပြားခဲ့တာေၾကာင့္ အိႏၵိယ တပ္သား ၂၀ ေက်ာ္ ေသဆုံးခဲ့ရသလို တ႐ုတ္တို႔ဘက္မွာ လည္း အေရအတြက္ မသိရတဲ့ ေသဆုံး ဒဏ္ရာရမိေတြ ရွိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ လကေတာ့ ႐ုရွားနိုင္ငံ၊ ေမာ္စကိုၿမိဳ႕မွာ ႏွစ္ဘက္ အဆင့္ျမင့္ သံတမန္ေတြ ေတြ႕ဆုံေဆြးေႏြးခဲ့အၿပီး တင္းမာမႈေတြ ေလၽွာ့ခ် ဖို႔နဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ျပန္လည္တည္ေဆာက္ဖို႔ သေဘာတူခဲ့ၾကပါတယ္။
ႏွစ္နိုင္ငံ တပ္ေတြ ထိေတြ႕မႈ မရွိေအာင္ ေနရာခ်ထားဖို႔နဲ႔ တင္းမာမႈ ေလၽွာ့ခ်ဖို႔ကိုလည္း သေဘာတူညီခဲ့ၾကတာပါ။
ၿပီးခဲ့တဲ့လကေတာ့ အိႏၵိယနိုင္ငံက ျပင္သစ္လုပ္ Rafale တိုက္ေလယာဥ္ေတြ လက္ခံရရွိခဲ့သလို ေနာက္ထပ္ ၃၁ စင္းကိုလည္း မၾကာ ခင္ လက္ခံရရွိဖို႔ ရွိေနပါတယ္။ အေမရိကန္ ေဒၚလာ ၈.၇ ဘီလီယံ တန္ဖိုးရွိတဲ့ တိုက္ ေလယာဥ္ ဝယ္ယူေရး သေဘာတူ စာခ်ဳပ္ကို ၂၀၁၆ ခုႏွစ္တုန္းက အိႏၵိယ ဝန္ႀကီးခ်ဳပ္ Narendra Modi နဲ႔ အဲဒီ အခ်ိန္က ျပင္သစ္ သမၼတ François Hollande တို႔အၾကား လက္မွတ္ေရး ထိုးခဲ့တာ ျဖစ္ပါတယ္။
............
တရုတ်နဲ့ စစ်မျက်နှာ နှစ်ဖက်ဖွင့်တိုက်ပွဲ အိန္ဒိယ အသင့်ပြင်ထား
(Unicode)
စစ်မျက်နှာ နှစ်ဖက်ဖွင့် တိုက်ခိုက်ဖို့အတွက် အိန္ဒိယ လေတပ်ကို အသင့်ပြင်ဆင်ထားကြောင်း အိန္ဒိယလေတပ် အကြီးအကဲက တနင်္လာနေ့က ပြောပါတယ်။
"စစ်မျက်နှာ နှစ်ဖက်ဖွင့် တိုက်ပွဲအပါအဝင် ဘယ်သမားရိုးကျစစ်ပွဲကို မဆို ဆင်နွှဲဖို့ အိန္ဒိယ လေတပ်အနေနဲ့ အဆင်သင့်ရှိနေကြောင်း၊ လက်တလော ခြိမ်းခြောက်မှုနဲ့ အန္တရာယ် ရှိနေတဲ့အနေအထားကို တုန့်ပြန်ဖို့ အိန္ဒိယလေတပ်ကို တိုက်ခိုက်ရေးစွမ်းရည် အဆင့်နဲ့ အသင့် ရှိနေရေး အမြဲတမ်း အလေးထား လုပ်ဆောင်နေကြောင်း" အိန္ဒိယ လေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး R.K.S. Bhadauria က ပြောသွားတာ ဖြစ်ပါတယ်။
နျူးကလီယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့အကြား နယ်စပ်အငြင်းပွားမှုကြောင့် ဆယ်စုနှစ်တွေထဲ ထိပ်တိုက် ရင်ဆိုင်မှု အဆိုးဆုံး အခြေအနေကို ရောက်ရှိနေချိန်မှာ အိန္ဒိယ လေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bhadauria က အခုလို ပြောလိုက်တာပါ။
ဇွန်လတုန်းက အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား နယ်စပ်ဒေသမှာ အချင်းများမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တင်းမာမှုတွေ မြင့်တက်ခဲ့ တာပါ။ နှစ်ဖက်တပ်ဖွဲ့တွေ အကြား ခိုက်ရန် ဖြစ်ပွားခဲ့တာကြောင့် အိန္ဒိယ တပ်သား ၂၀ ကျော် သေဆုံးခဲ့ရသလို တရုတ်တို့ဘက်မှာ လည်း အရေအတွက် မသိရတဲ့ သေဆုံး ဒဏ်ရာရမိတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ လကတော့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ နှစ်ဘက် အဆင့်မြင့် သံတမန်တွေ တွေ့ဆုံဆွေးနွေးခဲ့အပြီး တင်းမာမှုတွေ လျှော့ချ ဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်ဖို့ သဘောတူခဲ့ကြပါတယ်။
နှစ်နိုင်ငံ တပ်တွေ ထိတွေ့မှု မရှိအောင် နေရာချထားဖို့နဲ့ တင်းမာမှု လျှော့ချဖို့ကိုလည်း သဘောတူညီခဲ့ကြတာပါ။
ပြီးခဲ့တဲ့လကတော့ အိန္ဒိယနိုင်ငံက ပြင်သစ်လုပ် Rafale တိုက်လေယာဉ်တွေ လက်ခံရရှိခဲ့သလို နောက်ထပ် ၃၁ စင်းကိုလည်း မကြာ ခင် လက်ခံရရှိဖို့ ရှိနေပါတယ်။ အမေရိကန် ဒေါ်လာ ၈.၇ ဘီလီယံ တန်ဖိုးရှိတဲ့ တိုက် လေယာဉ် ဝယ်ယူရေး သဘောတူ စာချုပ်ကို ၂၀၁၆ ခုနှစ်တုန်းက အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ အဲဒီ အချိန်က ပြင်သစ် သမ္မတ François Hollande တို့အကြား လက်မှတ်ရေး ထိုးခဲ့တာ ဖြစ်ပါတယ်။