သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ-တရုတ္ နယ္စပ္ပဋိပကၡ မေျပလည္ေသး


Indian စစ္ကားမ်ား

(Zawgyi/Unicode)

အိႏၵိယနိုင္ငံအေနနဲ႔ တ႐ုတ္နဲ႔ ျဖစ္ပြားေနတဲ့ နယ္စပ္ေဒသ အျငင္းပြားမႈကို ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ ေျဖရွင္းလိုေပမယ့္နိုင္ငံရဲ့ အခ်ဳပ္အျခာ အာဏာနဲ႔ ပိုင္နက္နယ္ေျမတည္တံ့ေရးအတြက္ တျခားနည္းလမ္းေတြကိုလည္း အသင့္ ျပင္ဆင္ထားတယ္လို႔ အိႏၵိယ ကာကြယ္ေရးဝန္ႀကီး Rajnath Singh က ေျပာပါတယ္။

လက္ရွိ နားလည္ သေဘာတူထားတဲ့အတိုင္း တပ္ေတြကို မထိေတြ႕ေအာင္ ေဆာင္ရြက္ေပးဖို႔ကိုလည္း သူက တ႐ုတ္နိုင္ငံကို ေတာင္းဆို လိုက္ပါတယ္။

“ဒီႏွစ္ထဲ ထိေတြ႕မႈေတြ၊ တပ္ဖြဲ႕အတိုင္းအတာနဲ႔ အေျခအေနက အရင္နဲ႔လုံးဝ မတူေတာ့ဘဲ ေျပာင္းလဲသြားၿပီ ျဖစ္ပါတယ္။ ကၽြန္ေတာ္ တို႔က ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းခ်င္ပါတယ္။ စစ္ပြဲ စတင္ဖို႔ လြယ္ကူေပမဲ့ စစ္ပြဲ အဆုံးသတ္ဖို႔ ခက္ခဲပါတယ္။”လို႔ Nath Singh က ၾကာသပေတးေန႔က အိႏၵိယ ပါလီမန္ ေရွ႕ေမွာက္မွာ ေျပာသြားတာ ျဖစ္ပါတယ္။

တ႐ုတ္-အိႏၵိယ ၂ နိုင္ငံ နယ္စပ္ တင္းမာမႈ ျမင့္တက္လာတာ အခုဆိုရင္ ၅ လၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။ ဟိမဝႏၲာေတာင္တန္းက နယ္စပ္ေဒသမွာ ႏွစ္နိုင္ငံစလုံးက တပ္ဖြဲ႕ဝင္ အမ်ားအျပားကို တိုးခ်ဲ႕ခ်ထားေနၾကပါတယ္။

တ႐ုတ္တို႔က ႏွစ္နိုင္ငံ သေဘာတူညီထားတာကို ခ်ိဳးေဖာက္ခဲ့ေၾကာင္းနဲ႔ တ႐ုတ္တပ္ေတြ နယ္စပ္ကို က်ဴးေက်ာ္ဝင္ေရာက္တာကို အိႏၵိယတပ္ေတြက တြန္းလွန္ခဲ့ရတယ္လို႔လည္း သူက ပါလီမန္ကို ေျပာပါတယ္။

တ႐ုတ္နိုင္ငံဘက္ကေတာ့ အခုျဖစ္ရပ္အတြက္ အိႏၵိယကို အျပစ္တင္ခဲ့ၿပီး လက္ရွိ အေျခအေနအတြက္ တ႐ုတ္နိုင္ငံမွာ တာဝန္မရွိဘူး လို႔ ေျပာပါတယ္။

အိႏၵိယဘက္က အမွားအယြင္းလုပ္ခဲ့တာကို ျပန္လည္ ျပင္ဆင္ဖို႔ လိုသလို တပ္ေတြ ခ်က္ခ်င္း ျပန္႐ုပ္သိမ္းပစ္ရမယ္လို႔လည္း တ႐ုတ္ နိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Wang Wenbin က ဗုဒၶဟူးေန႔က သတင္းစာရွင္းလင္းပြဲမွာ ေတာင္းဆိုလိုက္ပါတယ္။

အခုလို ႏွစ္ဖက္ ျပင္းျပင္းထန္ထန္ ေျပာစကားေတြက တပ္ေတြ ထိေတြ႕မႈ မျဖစ္ေစ ဖို႔ နဲ႔ တင္းမာမႈ ေလၽွာ့ခ်ဖို႔ ႏွစ္နိုင္ငံ နိုင္ငံျခားေရး ဝန္ႀကီးေတြအၾကား သေဘာတူညီအၿပီး တစ္ပတ္အၾကာမွာ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

ဒီ သေဘာတူညီခ်က္ကို ႏွစ္နိုင္ငံ ဘယ္လို အေကာင္အထည္ ေဖာ္မလဲဆိုတာကိုေတာ့ အတိအက် ေၾကညာထားတာ မရွိပါဘူး။

တ႐ုတ္တို႔ နယ္စပ္မွာ အေျခခံ အေဆာက္အအုံေတြ တိုးခ်ဲ႕ တည္ေဆာက္ေနတာကို တုန္႔ျပန္ဖို႔ အိႏၵိယအေနနဲ႔ နယ္စပ္က လမ္းေတြ အရည္အေသြးျမႇင့္ဖို႔ အတြက္ ဘတ္ဂ်က္ ၂ ဆ တိုးျမႇင့္ထားတယ္လို႔လည္း အိႏၵိယကာကြယ္ေရးဝန္ႀကီး Singhကေျပာပါတယ္။

နယ္စပ္က တပ္ေတြကို ရိကၡာေထာက္ပံ့ေရးအတြက္ အဲဒီ ေတာင္တန္းေပၚက လမ္းေတြဟာ အသက္ေသြးေၾကာ ျဖစ္ပါတယ္။ ေဆာင္းရာသီ​အဝင္ ဆီးႏွင္းေတြ က်ၿပီး လမ္းေတြ မပိတ္ခင္ ​ဒီ သီတင္းပတ္ေတြထဲ အိႏၵိယနိုင္ငံဘက္မွာ စားေရရိကၡာ၊ ေလာင္စာနဲ႔ လက္နက္ခဲယမ္းေတြ ေခါက္တုံ႔ေခါက္ျပန္ သယ္ယူ ျဖည့္ဆည္း ေပးေနတာကို ေတြ႕ေနရပါတယ္။

အိႏၵိယ-တရုတ္ နယ္စပ္ပဋိပကၡ မေျပလည္ေသး
please wait

No media source currently available

0:00 0:01:39 0:00
တိုက္႐ိုက္ လင့္ခ္


..............

အိန္ဒိယ-တရုတ် နယ်စပ်ပဋိပက္ခ မပြေလည်သေး

(Unicode)

အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်နဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသ အငြင်းပွားမှုကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းလိုပေမယ့်နိုင်ငံရဲ့ အချုပ် အခြာ အာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့ရေးအတွက် တခြားနည်းလမ်းတွေကိုလည်း အသင့် ပြင်ဆင်ထားတယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြောပါတယ်။

လက်ရှိ နားလည် သဘောတူထားတဲ့အတိုင်း တပ်တွေကို မထိတွေ့အောင် ဆောင်ရွက်ပေးဖို့ကိုလည်း သူက တရုတ်နိုင်ငံကို တောင်းဆို လိုက်ပါတယ်။

“ဒီနှစ်ထဲ ထိတွေ့မှုတွေ၊ တပ်ဖွဲ့အတိုင်းအတာနဲ့ အခြေအနေက အရင်နဲ့လုံးဝ မတူတော့ဘဲ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ ကျွန်တော် တို့က ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းချင်ပါတယ်။ စစ်ပွဲ စတင်ဖို့ လွယ်ကူပေမဲ့ စစ်ပွဲ အဆုံးသတ်ဖို့ ခက်ခဲပါတယ်။”လို့ Nath Singh က ကြာသပတေးနေ့က အိန္ဒိယ ပါလီမန် ရှေ့မှောက်မှာ ပြောသွားတာ ဖြစ်ပါတယ်။

တရုတ်-အိန္ဒိယ ၂ နိုင်ငံ နယ်စပ် တင်းမာမှု မြင့်တက်လာတာ အခုဆိုရင် ၅ လကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဟိမဝန္တာတောင်တန်းက နယ်စပ်ဒေသမှာ နှစ်နိုင်ငံစလုံးက တပ်ဖွဲ့ဝင် အများအပြားကို တိုးချဲ့ချထားနေကြပါတယ်။

တရုတ်တို့က နှစ်နိုင်ငံ သဘောတူညီထားတာကို ချိုးဖောက်ခဲ့ကြောင်းနဲ့ တရုတ်တပ်တွေ နယ်စပ်ကို ကျူးကျော်ဝင်ရောက်တာကို အိန္ဒိယတပ်တွေက တွန်းလှန်ခဲ့ရတယ်လို့လည်း သူက ပါလီမန်ကို ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ အခုဖြစ်ရပ်အတွက် အိန္ဒိယကို အပြစ်တင်ခဲ့ပြီး လက်ရှိ အခြေအနေအတွက် တရုတ်နိုင်ငံမှာ တာဝန်မရှိဘူး လို့ ပြောပါတယ်။

အိန္ဒိယဘက်က အမှားအယွင်းလုပ်ခဲ့တာကို ပြန်လည် ပြင်ဆင်ဖို့ လိုသလို တပ်တွေ ချက်ချင်း ပြန်ရုပ်သိမ်းပစ်ရမယ်လို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။

အခုလို နှစ်ဖက် ပြင်းပြင်းထန်ထန် ပြောစကားတွေက တပ်တွေ ထိတွေ့မှု မဖြစ်စေ ဖို့ နဲ့ တင်းမာမှု လျှော့ချဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေအကြား သဘောတူညီအပြီး တစ်ပတ်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီ သဘောတူညီချက်ကို နှစ်နိုင်ငံ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကိုတော့ အတိအကျ ကြေညာထားတာ မရှိပါဘူး။

တရုတ်တို့ နယ်စပ်မှာ အခြေခံ အဆောက်အအုံတွေ တိုးချဲ့ တည်ဆောက်နေတာကို တုန့်ပြန်ဖို့ အိန္ဒိယအနေနဲ့ နယ်စပ်က လမ်းတွေ အရည်အသွေးမြှင့်ဖို့ အတွက် ဘတ်ဂျက် ၂ ဆ တိုးမြှင့်ထားတယ်လို့လည်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Singhကပြောပါတယ်။

နယ်စပ်က တပ်တွေကို ရိက္ခာထောက်ပံ့ရေးအတွက် အဲဒီ တောင်တန်းပေါ်က လမ်းတွေဟာ အသက်သွေးကြော ဖြစ်ပါတယ်။ ဆောင်းရာသီအဝင် ဆီးနှင်းတွေ ကျပြီး လမ်းတွေ မပိတ်ခင် ဒီ သီတင်းပတ်တွေထဲ အိန္ဒိယနိုင်ငံဘက်မှာ စားရေရိက္ခာ၊ လောင်စာနဲ့ လက်နက်ခဲယမ်းတွေ ခေါက်တုံ့ခေါက်ပြန် သယ်ယူ ဖြည့်ဆည်း ပေးနေတာကို တွေ့နေရပါတယ်။

XS
SM
MD
LG