သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကုသရေးအတွက် Remdesivir ထိုးဆေး ၅ သိန်း အီးယူ ဝယ်ယူမည်


Remdesivir ဆေးများ
Remdesivir ဆေးများ

(Zawgyi/Unicode)

COVID-19 ရောဂါကုသရာမှာ ထိရောက်မှုရှိတဲ့ ဗိုင်းရပ်ပိုးသတ်ဆေးတမျိုး ဖြစ်တဲ့ Remdesivir ဆေး ၅ သိန်း ဝယ်ယူဖို့ အမေရိကန် Gilead ဆေးကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုခဲ့ကြောင်း ဥရောပကော်မရှင် က ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ဒီ သဘောတူညီမှုအတွက် လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေထဲမှာ အီးယူ နိုင်ငံတွေနဲ့ အတူ ဘော်လကန်ဒေသတွင်း ၆ နိုင်ငံအပြင် အီးယူအဖွဲ့ဝင်အဖြစ် အလားလာရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နဲ့ ဥရောပစီးပွါးရေးနယ်မြေတွေဖြစ်တဲ့ Iceland, Liechtenstein နဲ့ နော်ဝေတို့ ပါဝင်ကြောင်း အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အတွက် ကာကွယ်ဆေးပူးတွဲ ဝယ်ယူမှုမှာ ကြီးကြပ်ရတဲ့ ဥရောပကော်မရှင် ကပြောပါတယ်။

COVID-19 အကူးစက်ခံရပြီး အပြင်းအထန် နာမကျန်းဖြစ်မှုကို ကာကွယ်ဖို့ ဘယ်ဆေးမှ မပေါ်သေးပေမယ့် Veklury ဆေးလို့ ခေါ်တဲ့ Remdesivir ဆေးကတော့ ဒီရောဂါအကူးစက်ခံရ သူတွေ အမြန်ပြန်ပြီး နလံထူစေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဒီရောဂါအကူးစက်ခံရဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကုသရာမှာ ဒီဆေးကိုပါ သုံးခဲ့တာ ဖြစ်ပါတယ်။

Remdesivir ကို ဒီရောဂါ ကုသဆေးတမျိုး အဖြစ် ဥရောပကော်မရှင်က ဇူလိုင်လထဲမှာ အတည်ပြုပေးခဲ့တာပါ။ ဥရောပတလွှားမှာ မကြာခင်သီတင်းပတ်တွေ အတွင်းဒီရောဂါ ကူးစက်မှု တဟုန်ထိုး တိုးလာတဲ့အတွက် ဆေးပြတ်လပ်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အခုချုပ်ဆိုတဲ့ သဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ချက်ချင်းသုံးဖို့ ဆေးဝယ်ခွင့်ပြုမှာ ဖြစ်ကြောင်း ဆေးကုမ္ပဏီကပြောပါတယ်။

တချိန်ထဲမှာပဲ အမေရိကန် ဆေးကုမ္ပဏီ နောက်တခုဖြစ်တဲ့ Johnson & Johnson ဆီက ဒီရောဂါ အတွက် ကာကွယ်ဆေး သန်း ၄၀၀ ဝယ်ယူဖို့ သဘောတူညီချက် ရပြီဖြစ်ကြောင်း အီးယူ ဥရောပသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါဟာ ဒေသတွင်း ဆေးဖူလုံဖို့ တတိယမြောက် လုပ်ဆောင်ချက် ဖြစ်ပြီး အရင်က AstraZeneca နဲ့ Sanofi ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတာကိုပါ ထည့်တွက်ရင် အခု အီးယူ နိုင်ငံတွေက လူပေါင်း သန်း ၄၅၀ အတွက် စုစုပေါင်း ကာကွယ်ဆေး ၁.၁ ဘီလျံ ဝယ်ယူဖို့ သဘောတူညီမှု ရထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)







XS
SM
MD
LG