သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမ႓ာတဝန္း COVID-19 ေရာဂါပိုးေတြ႔သူ တေန႔တည္း သံုးသိန္းခဲြ စံခ်ိန္တင္ခဲ့


စပိန္ႏုိင္ငံမွာ COVID-19 လူနာတဦးကုိ ကုသမႈေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတဝန္း ေန႔စဥ္ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈႏႈန္းဟာ ၃ သိန္းခဲြေက်ာ္နဲ႔ အမ်ားဆုံး စံခ်ိန္တင္ခဲ့တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) က ေျပာပါတယ္။

အခုလို COVID-19 ေရာဂါ ကူးစက္မႈေတြ ျမင့္တက္ေနေပမယ့္လည္း ဒါနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ အသစ္ထပ္ေျဖဆုိစရာ မရွိဘဲ အစိုးရေတြအေနနဲ႔ ဗုိင္းရပ္ကူးစက္မႈ အႏၱရာယ္ အက်ေရာက္ႏုိင္ဆုံးနဲ႔ ထိခုိက္မႈအရွိႏုိင္ဆုံး လူေတြကို အကာအကြယ္ေပးဖို႔ လုပ္ရမယ္လို႔ WHO ရဲ႕ အေရးေပၚဆုိင္ရာ အႀကီးအကဲ Dr. Michael Ryan က ဂ်ီနီဗာၿမိဳ႕မွာ မေန႔ကလုပ္တဲ့ သတင္းစာရွင္းလင္းပဲြအတြင္း ေျပာပါတယ္။

စာရင္းေတြအရေတာ့ ေန႔စဥ္ကူးစက္မႈအသစ္ရဲ႕ ၃ ပုံ ၁ ပုံဟာ ဥေရာပတုိက္ကျဖစ္ၿပီး ကူးစက္သူ ၁၀၉,၀၀၀ ေက်ာ္ရွိပါတယ္။

ၿဗိတိ္န္ႏုိင္ငံ လန္ဒန္ၿမိဳ႕မွာေတာ့ ေရာဂါကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ကန္႔သတ္မႈအသစ္ေတြကုိ ေရွာင္လို႔မရႏုိင္ဘဲ မျဖစ္မေန ခ်သြားဖို႔ လိုအပ္ၿပီး အေသးစိတ္ကို ေရွ႕သီတင္းပတ္မွာ ေၾကညာသြားမယ္လို႔ ၿမိဳ႕ေတာ္ဝန္ Sadiq Khan က ေျပာလိုက္ပါတယ္။

စပိန္မွာလည္း အစိုးရအေရးေပၚအေျခအေန ေၾကညာၿပီး မက္ဒရစ္ၿမိဳ႕ေတာ္နဲ႔ အနီးနားတဝုိက္မွာ တစိတ္တပိုင္းအားျဖင့္ လူေတြကို အျပင္မထြက္ၾကဖို႔ ကန္႔သတ္လိုက္ပါတယ္။

အီတလီမွာလည္း မေန႔က ေန႔စဥ္ ဗုိင္းရပ္စ္ကူးစက္မႈဟာ ၅,၃၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂၈ ေယာက္ ထပ္ရွိခဲ့တာေၾကာင့္ ကူးစက္မႈအမ်ားဆုံး ေန႔ေတြထဲက တခုျဖစ္ပါတယ္။

ျပင္သစ္မွာလည္း မေန႔က ဗုိင္းရပ္စ္ကူးစက္သူ ၂၀,၀၀၀ ေက်ာ္ ထပ္တုိးခဲ့တာေၾကာင့္ ဒါဟာ ဗုိင္းရပ္စ္ကူးစက္မႈ စျဖစ္ခ်ိန္ကစၿပီး ပထမဆုံးအႀကိမ္ တရက္တည္းမွာ ၂၀,၀၀၀ ေက်ာ္ခဲ့တာပါ။

အလားတူ ဂ်ာမနီႏုိင္ငံမွာလည္း ဗုိင္းရပ္စ္ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ႏုိင္ငံတဝန္းမွာ ကန္႔သတ္မႈအသစ္ေတြကို ခ်မွတ္လိုက္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Angela Merkel က ေျပာလိုက္ပါတယ္။

Johns Hopkins တကၠသိုလ္ရဲ႕ စာရင္းေတြအရေတာ့ ကမာၻတဝန္းမွာ COVID-19 ေရာဂါကူးစက္သူ ၃၆.၈ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၁ သန္းေက်ာ္သြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကမ္ဘာတဝန်း COVID-19 ရောဂါပိုးတွေ့သူ တနေ့တည်း သုံးသိန်းခွဲ စံချိန်တင်ခဲ့

ကမ္ဘာတဝန်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ ၃ သိန်းခွဲကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။

အခုလို COVID-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်နေပေမယ့်လည်း ဒါနဲ့ပတ်သက်ပြီး နောက်ထပ် အသစ်ထပ်ဖြေဆိုစရာ မရှိဘဲ အစိုးရတွေအနေနဲ့ ဗိုင်းရပ်ကူးစက်မှု အန္တရာယ် အကျရောက်နိုင်ဆုံးနဲ့ ထိခိုက်မှုအရှိနိုင်ဆုံး လူတွေကို အကာအကွယ်ပေးဖို့ လုပ်ရမယ်လို့ WHO ရဲ့ အရေးပေါ်ဆိုင်ရာ အကြီးအကဲ Dr. Michael Ryan က ဂျီနီဗာမြို့မှာ မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

စာရင်းတွေအရတော့ နေ့စဉ်ကူးစက်မှုအသစ်ရဲ့ ၃ ပုံ ၁ ပုံဟာ ဥရောပတိုက်ကဖြစ်ပြီး ကူးစက်သူ ၁၀၉,၀၀၀ ကျော်ရှိပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာတော့ ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် ကန့်သတ်မှုအသစ်တွေကို ရှောင်လို့မရနိုင်ဘဲ မဖြစ်မနေ ချသွားဖို့ လိုအပ်ပြီး အသေးစိတ်ကို ရှေ့သီတင်းပတ်မှာ ကြေညာသွားမယ်လို့ မြို့တော်ဝန် Sadiq Khan က ပြောလိုက်ပါတယ်။

စပိန်မှာလည်း အစိုးရအရေးပေါ်အခြေအနေ ကြေညာပြီး မက်ဒရစ်မြို့တော်နဲ့ အနီးနားတဝိုက်မှာ တစိတ်တပိုင်းအားဖြင့် လူတွေကို အပြင်မထွက်ကြဖို့ ကန့်သတ်လိုက်ပါတယ်။

အီတလီမှာလည်း မနေ့က နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုဟာ ၅,၃၀၀ ကျော်နဲ့ သေဆုံးသူ ၂၈ ယောက် ထပ်ရှိခဲ့တာကြောင့် ကူးစက်မှုအများဆုံး နေ့တွေထဲက တခုဖြစ်ပါတယ်။

ပြင်သစ်မှာလည်း မနေ့က ဗိုင်းရပ်စ်ကူးစက်သူ ၂၀,၀၀၀ ကျော် ထပ်တိုးခဲ့တာကြောင့် ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှု စဖြစ်ချိန်ကစပြီး ပထမဆုံးအကြိမ် တရက်တည်းမှာ ၂၀,၀၀၀ ကျော်ခဲ့တာပါ။

အလားတူ ဂျာမနီနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေတာကြောင့် နိုင်ငံတဝန်းမှာ ကန့်သတ်မှုအသစ်တွေကို ချမှတ်လိုက်တယ်လို့ ဝန်ကြီးချုပ် Angela Merkel က ပြောလိုက်ပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရတော့ ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်သူ ၃၆.၈ သန်းကျော်နဲ့ သေဆုံးသူ ၁ သန်းကျော်သွားပြီဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG