သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးကန္႔သတ္မႈ ဥေရာပတလႊား ျပန္လည္တင္းၾကပ္


(Zawgyi/Unicode)

ဥေရာပတလႊားကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ျပန္ျမင့္တက္လာေနတာေၾကာင့္ နိုင္ငံအစိုးရေတြက ေရာဂါထိန္းခ်ဳပ္နိုင္ေရး တင္းၾကပ္ တဲ့ ကန္႔သတ္တားျမစ္ခ်က္ေတြကို ျပန္ၿပီးခ်မွတ္ဖို႔ လုပ္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာတင္ ဥေရာပနိုင္ငံေတြထဲ COVID-19 ကူးစက္သူ ၇ သိန္းေက်ာ္ရွိတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီး WHO က အဂၤါေန႔က ေျပာပါတယ္။ ဒါဟာ ေရွ႕သီတင္းပတ္ထဲ ကူးစက္မႈႏႈန္းရဲ့ ၃၄% ျမင့္တက္လာတာျဖစ္ပါတယ္။ အခု အသစ္ကူးစက္သူ အေရအတြက္ရဲ့ ထက္ဝက္ေက်ာ္က ၿဗိတိန္၊ ျပင္သစ္နဲ႔ စပိန္ နိုင္ငံေတြက ျဖစ္ပါတယ္။ ေရာဂါစစ္ေဆးတာေတြကို ပိုတိုးလုပ္တာေၾကာင့္ ကူးစက္မႈႏႈန္း ျမင့္တက္လာရတာျဖစ္တယ္ဆိုေပမဲ့ ၿပီးခဲ့တဲ့ အပတ္ေသဆုံးတဲ့ႏႈန္းကလည္း အရင္တပတ္ထက္ ၁၆% ပိုမ်ားလာတာေတြ႕ရတယ္လို႔ WHO ကေျပာပါတယ္။

ေရာဂါထိန္းခ်ဳပ္ဖို႔ ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက အသြားအလာေတြကန္႔သတ္ခဲ့တာေၾကာင့္ ဥေရာပမွာ အလုပ္လက္မဲ့ ျပႆနာ ႀကီးႀကီး မားမားၾကဳံခဲ့ၾကရတာပါ။ အခုေတာ့ က်ဆင္းေနတဲ့ စီးပြားေရးကို ထပ္ၿပီး ရိုက္ခတ္မႈေတြရွိလာနိုင္တာေၾကာင့္ လုံးဝ အသြားအလာ ပိတ္ပင္တာမ်ိဳးကို တာဝန္ရွိသူေတြက ေရွာင္ရွားဖို႔ ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္။

ျပည္သူေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ထိခိုက္ေစခဲ့တဲ့ ေႏြရာသီတုန္းက ကန္႔သတ္ခဲ့တာမ်ိဳးလို အခုမလုပ္ျဖစ္ေအာင္ ဦးစားေပး ႀကိဳးပမ္းတယ္လို႔ ဂ်ာမဏီ ဝန္ႀကီးခ်ဳပ္ Angela Merkel ၿပီးခဲ့တဲ့ အပတ္က ေျပာထားခဲ့ပါတယ္။ ဒါေပမယ့္ မေန႔ အဂၤါေန႔ကေတာ့ ေရာဂါ ကူးစက္မႈႏႈန္း ျမင့္တက္လာတဲ့ ေနရာေတြ ကို သတိနဲ႔ ေစာင့္ၾကည့္ေနတယ္လို႔ ဝန္ႀကီးခ်ဳပ္ Merkel က ဥေရာပ သမဂၢအႀကံေပးဘုတ္ အဖြဲ႕ကို ေျပာပါတယ္။

အသြားအလာေတြကို လုံးဝပိတ္မယ့္အစား ေရာဂါကူးစက္မႈႏႈန္း ျမင့္မားတဲ့ေနရာေတြကို ကန္႔သတ္တားျမစ္ခ်က္ေတြခ်ဖို႔ကို အစီ အစဥ္ကို WHO ကလည္း အားေပးေထာက္ခံတဲ့ သေဘာရွိပါတယ္။ ကန္႔သတ္ခ်က္ေတြအျပည့္အဝခ်မွတ္တာကိုေတာ့ ေနာက္ဆုံး ေရြးခ်ယ္ရာလမ္း အေနနဲ႔ စဥ္းစားသင့္တယ္လို႔ WHO ေျပာခြင့္ရ Tarik Jasarevic ကေျပာပါတယ္။ ေရာဂါကူးစက္မႈႏႈန္းနည္းတဲ့ ဥေရာပ နိုင္ငံအခ်င္းခ်င္း ခရီးသြားလာခြင့္ျပဳထားေပမဲ့ ခရီးသြားေတြကို သီးျခားခြဲေစာင့္ၾကည့္တာ၊ ကူးစက္မႈႏႈန္းမ်ားတဲ့ နိုင္ငံက ခရီးသြားေတြကို ေရာဂါစစ္ေဆးတာေတြကိုေတာ့ ဆက္ၿပီးလုပ္ေဆာင္ ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကပ်ရောဂါ ထိန်းချုပ်ရေးကန့်သတ်မှု ဥရောပတလွှား ပြန်လည်တင်းကြပ်

(Unicode)

ဥရောပတလွှားကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်မြင့်တက်လာနေတာကြောင့် နိုင်ငံအစိုးရတွေက ရောဂါထိန်းချုပ်နိုင်ရေး တင်းကြပ် တဲ့ ကန့်သတ်တားမြစ်ချက်တွေကို ပြန်ပြီးချမှတ်ဖို့ လုပ်နေကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင် ဥရောပနိုင်ငံတွေထဲ COVID-19 ကူးစက်သူ ၇ သိန်းကျော်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အင်္ဂါနေ့က ပြောပါတယ်။ ဒါဟာ ရှေ့သီတင်းပတ်ထဲ ကူးစက်မှုနှုန်းရဲ့ ၃၄% မြင့်တက်လာတာဖြစ်ပါတယ်။ အခု အသစ်ကူးစက်သူ အရေအတွက်ရဲ့ ထက်ဝက်ကျော်က ဗြိတိန်၊ ပြင်သစ်နဲ့ စပိန် နိုင်ငံတွေက ဖြစ်ပါတယ်။ ရောဂါစစ်ဆေးတာတွေကို ပိုတိုးလုပ်တာကြောင့် ကူးစက်မှုနှုန်း မြင့်တက်လာရတာဖြစ်တယ်ဆိုပေမဲ့ ပြီးခဲ့တဲ့ အပတ်သေဆုံးတဲ့နှုန်းကလည်း အရင်တပတ်ထက် ၁၆% ပိုများလာတာတွေ့ရတယ်လို့ WHO ကပြောပါတယ်။

ရောဂါထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ နွေရာသီတုန်းက အသွားအလာတွေကန့်သတ်ခဲ့တာကြောင့် ဥရောပမှာ အလုပ်လက်မဲ့ ပြဿနာ ကြီးကြီး မားမားကြုံခဲ့ကြရတာပါ။ အခုတော့ ကျဆင်းနေတဲ့ စီးပွားရေးကို ထပ်ပြီး ရိုက်ခတ်မှုတွေရှိလာနိုင်တာကြောင့် လုံးဝ အသွားအလာ ပိတ်ပင်တာမျိုးကို တာဝန်ရှိသူတွေက ရှောင်ရှားဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့တဲ့ နွေရာသီတုန်းက ကန့်သတ်ခဲ့တာမျိုးလို အခုမလုပ်ဖြစ်အောင် ဦးစားပေး ကြိုးပမ်းတယ်လို့ ဂျာမဏီ ဝန်ကြီးချုပ် Angela Merkelပြီးခဲ့တဲ့ အပတ်က ပြောထားခဲ့ပါတယ်။ ဒါပေမယ့် မနေ့ အင်္ဂါနေ့ကတော့ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာတဲ့ နေရာတွေ ကို သတိနဲ့ စောင့်ကြည့်နေတယ်လို့ ဝန်ကြီးချုပ် Merkel က ဥရောပ သမဂ္ဂအကြံပေးဘုတ် အဖွဲ့ကို ပြောပါတယ်။

အသွားအလာတွေကို လုံးဝပိတ်မယ့်အစား ရောဂါကူးစက်မှုနှုန်း မြင့်မားတဲ့နေရာတွေကို ကန့်သတ်တားမြစ်ချက်တွေချဖို့ကို အစီ အစဉ်ကို WHO ကလည်း အားပေးထောက်ခံတဲ့ သဘောရှိပါတယ်။ ကန့်သတ်ချက်တွေအပြည့်အဝချမှတ်တာကိုတော့ နောက်ဆုံး ရွေးချယ်ရာလမ်း အနေနဲ့ စဉ်းစားသင့်တယ်လို့ WHO ပြောခွင့်ရ Tarik Jasarevic ကပြောပါတယ်။ ရောဂါကူးစက်မှုနှုန်းနည်းတဲ့ ဥရောပ နိုင်ငံအချင်းချင်း ခရီးသွားလာခွင့်ပြုထားပေမဲ့ ခရီးသွားတွေကို သီးခြားခွဲစောင့်ကြည့်တာ၊ ကူးစက်မှုနှုန်းများတဲ့ နိုင်ငံက ခရီးသွားတွေကို ရောဂါစစ်ဆေးတာတွေကိုတော့ ဆက်ပြီးလုပ်ဆောင် နေပါတယ်။

XS
SM
MD
LG