(Zawgyi/Unicode)
ထိုင္းႏုိင္ငံနဲ႔ အေရွ႕ေတာင္ အာရွ ေဒသတြင္း တျခား ႏုိင္ငံေတြ အတြက္ AstraZeneca Plc က စမ္းသပ္ေနတဲ႔ COVID-19 ကာကြယ္ေဆးကို ထုတ္လုပ္ ျဖန္႔ခ်ိေပးဖို႔ ထိုင္းႏုိင္ငံက သေဘာတူလိုက္ေၾကာင္း တနလာၤေန႔မွာဘဲ ၿဗိတိန္နဲ႔ ထိုင္း အစိုးရတို႔ ေၾကညာပါတယ္။ ထိုင္းႏုိင္ငံမွာ ျဖန္႔ခ်ိမယ့္ AZD1222 လို႔ နာမည္ေပးထားတဲ႔ ကာကြယ္ေဆး အေရအတြက္ ဘယ္ေလာက္ ထုတ္မလဲ ဆိုတဲ႔ အေသးစိတ္ကိုေတာ့ ဘန္ေကာက္ အေျခစိုက္ ၿဗိတိန္ သံရံုး ေၾကညာခ်က္မွာ ေဖာ္ျပမထားပါဘူး။ ေငြေၾကး ဆိုင္ရာ သေဘာတူညီခ်က္နဲ႔ ပတ္သက္လို႔လည္း ေၾကညာခ်က္မွာ မေဖာ္ျပပါဘူး။
Oxford တကၠသိုလ္က သိပၸံပညာရွင္ေတြ စမ္းသပ္ေနတဲ႔ အလားအလာ ရွိတဲ႔ ကာကြယ္ေဆးအတြက္ AstraZeneca က ကပ္ေဘးကာလ အတြင္း အက်ိဳးအျမတ္ မယူဘဲ စီစဥ္ေပးမွာ ျဖစ္ၿပီး ေဆး၀ါး ထုတ္လုပ္ေရး စက္ရံုေတြကို Siam Bioscience နဲ႔ အတူ ေဆာင္ရြက္မွာ ျဖစ္တယ္လို႔ ထိုင္း ျပည္သူ႔က်န္းမာေရး ၀န္ႀကီးဌာနရဲ႕ သီးျခား ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။
AstraZeneca က နည္းပညာ လႊဲေျပာင္းေပးမယ္လို႔ ခန္႔မွန္းခ်က္နဲ႔ အတူဘဲ ထိုင္း ႏုိင္ငံရဲ႕ အစားအေသာက္နဲ႔ ေဆး၀ါး ကြပ္ကဲေရး ဌာနရဲ႕ အတည္ျပဳခ်က္ ရၿပီးေနာက္ ကုမၸဏီ အေနနဲ႔ ေနာက္ႏွစ္ ႏွစ္လယ္ပိုင္းေလာက္မွာ ပထမဆံုး အသုတ္ ကာကြယ္ေဆးေတြ ထုတ္ႏုိင္ဖို႔ ရည္ရြယ္ပါတယ္လို႔ Siam Bioscience ရဲ႕ အႀကီးအကဲ Satitpong Sukvimol က ေျပာပါတယ္။
ေနာက္ဆံုး အဆင့္ စမ္းသပ္မႈ ရလဒ္ေတြ ထြက္လာဖို႔ နီးလာၿပီ ျဖစ္တဲ႔ AstraZeneca က ကာကြယ္ေဆး သန္း ၃၀၀၀ ေက်ာ္ ထုတ္ႏုိင္ဖို႔ အတြက္ ကမၻာတလႊားက အစိုးရေတြ၊ ကုမၸဏီ အေတာ္မ်ားမ်ားနဲ႔ သေဘာတူ စာခ်ဳပ္ထားၿပီ ျဖစ္ပါတယ္။ ထိုင္းႏုိင္ငံရဲ႕ အႀကီးဆံုး စက္မႈလုပ္ငန္းႀကီး ျဖစ္တဲ႔ Siam Cement PLC ပါ၀င္တဲ႔ ထိုင္းႏုိင္ငံနဲ႔ သေဘာတူညီခ်က္နဲ႔ ပတ္သက္လို႔ေတာ့ ကုမၸဏီဘက္က ေလာေလာဆယ္ ထုတ္ျပန္မထားပါဘူး။
............
AstraZeneca ကုမ္ပဏီက စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိရေး ထိုင်းနိုင်ငံ ပါဝင်မည်
(Unicode)
ထိုင်းနိုင်ငံနဲ့ အရှေ့တောင် အာရှ ဒေသတွင်း တခြား နိုင်ငံတွေ အတွက် AstraZeneca Plc က စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ထုတ်လုပ် ဖြန့်ချိပေးဖို့ ထိုင်းနိုင်ငံက သဘောတူလိုက်ကြောင်း တနလာၤနေ့မှာဘဲ ဗြိတိန်နဲ့ ထိုင်း အစိုးရတို့ ကြေညာပါတယ်။ ထိုင်းနိုင်ငံမှာ ဖြန့်ချိမယ့် AZD1222 လို့ နာမည်ပေးထားတဲ့ ကာကွယ်ဆေး အရေအတွက် ဘယ်လောက် ထုတ်မလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ဘန်ကောက် အခြေစိုက် ဗြိတိန် သံရုံး ကြေညာချက်မှာ ဖော်ပြမထားပါဘူး။ ငွေကြေး ဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်လို့လည်း ကြေညာချက်မှာ မဖော်ပြပါဘူး။
Oxford တက္ကသိုလ်က သိပ္ပံပညာရှင်တွေ စမ်းသပ်နေတဲ့ အလားအလာ ရှိတဲ့ ကာကွယ်ဆေးအတွက် AstraZeneca က ကပ်ဘေးကာလ အတွင်း အကျိုးအမြတ် မယူဘဲ စီစဉ်ပေးမှာ ဖြစ်ပြီး ဆေးဝါး ထုတ်လုပ်ရေး စက်ရုံတွေကို Siam Bioscience နဲ့ အတူ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ထိုင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သီးခြား ကြေညာချက်မှာ ဖော်ပြပါတယ်။
AstraZeneca က နည်းပညာ လွှဲပြောင်းပေးမယ်လို့ ခန့်မှန်းချက်နဲ့ အတူဘဲ ထိုင်း နိုင်ငံရဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနရဲ့ အတည်ပြုချက် ရပြီးနောက် ကုမ္ပဏီ အနေနဲ့ နောက်နှစ် နှစ်လယ်ပိုင်းလောက်မှာ ပထမဆုံး အသုတ် ကာကွယ်ဆေးတွေ ထုတ်နိုင်ဖို့ ရည်ရွယ်ပါတယ်လို့ Siam Bioscience ရဲ့ အကြီးအကဲ Satitpong Sukvimol က ပြောပါတယ်။
နောက်ဆုံး အဆင့် စမ်းသပ်မှု ရလဒ်တွေ ထွက်လာဖို့ နီးလာပြီ ဖြစ်တဲ့ AstraZeneca က ကာကွယ်ဆေး သန်း ၃၀၀၀ ကျော် ထုတ်နိုင်ဖို့ အတွက် ကမ္ဘာတလွှားက အစိုးရတွေ၊ ကုမ္ပဏီ အတော်များများနဲ့ သဘောတူ စာချုပ်ထားပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး စက်မှုလုပ်ငန်းကြီး ဖြစ်တဲ့ Siam Cement PLC ပါဝင်တဲ့ ထိုင်းနိုင်ငံနဲ့ သဘောတူညီချက်နဲ့ ပတ်သက်လို့တော့ ကုမ္ပဏီဘက်က လောလောဆယ် ထုတ်ပြန်မထားပါဘူး။