သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေဆး ထုတ္ႏုိင္ေအာင္ ျမန္မာကုိ အိႏၵိယ ကူညီမည္


အိႏၵိယႏုိင္ငံ ပူေနးၿမိဳ႕က ဓာတ္ခြဲခန္းတခုမွာ COVID-19 ကာကြယ္ေဆး စမ္းသပ္ေနတဲ့ ပညာရွင္တဦး။ (ေမ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ္ကူးစက္မႈ တိုးလာေနတဲ့ ျမန္္မာႏို္င္ငံအတြက္ ေရာဂါတိုက္ဖ်က္ေရးဆုိင္ရာ နည္းပညာနဲ႔ ေဆးဝါးေတြကို အိႏၵိယက ေထာက္ပံ့သြားမွာ ျဖစ္သလို ျမန္မာႏုိင္ငံထဲမွာ COVID-19 ကာကြယ္ေဆး ထုတ္လုပ္ႏုိင္ေအာင္လည္း ကူညီပံ့ပိုးေပးသြားမယ္လို႔ အိႏိၵယႏိုင္ငံက ေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တ့ဲ ၾကာသပေတးေန႔ အြန္လိုင္းကတဆင့္ ျပဳလုပ္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေတြၾကား ေဆြးေႏြပဲြမွာ အိႏိၵယ ႏိုင္ငံျခားေရးအတြင္းဝန္ Harsh Shringla က ကတိေပး ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံရဲ႕ ထိပ္တန္း သုေတသနအဖဲြ႔ေတြ ပူးေပါင္းၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲမွာ ကိုဗစ္ကာကြယ္ေဆး ကုိယ္တုိင္ထုတ္ႏိုင္ေအာင္ အကူအညီေပးသြားဖို႔ အိႏိၵယက ကတိေပးခဲ့ၿပီး သီတင္းပတ္ အနည္းငယ္အၾကာမွာ ျမန္မာႏိုင္ငံကို အခုလို ကမ္းလွမ္းလာတာ ျဖစ္ပါတယ္။

ႏိုင္ငံျခားေရး ဝန္ႀကီးဌာေတြရဲ႕ ေဆြးေႏြးပဲြအတြင္း အိႏၵိယ-ျမန္မာ ႏွစ္ႏိုင္ငံၾကား တရားခံလဲႊေျပာင္းေပးေရးကိစၥ အျမန္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ၿပီး လုံၿခဳံေရး ပူးတြဲေဆာင္ရြက္မႈကို ဆက္လက္တုိးခ်ဲ႕ လုပ္ေဆာင္သြားဖုိ႔ ဆုံးျဖတ္ခဲ့သလို အရပ္သားနဲ႔ စီးပြားေရးကိစၥေတြမွာ အျပန္အလွန္ တရားဝင္ ကူညီပ့ံပိုးေရးကိုလည္း သေဘာတူခဲ့ၾကပါတယ္။ ဒါ့အျပင္ ႏွစ္ဖက္ႏုိင္ငံေတြမွာ ဖမ္းဆီးထားတဲ့ နယ္စပ္ျဖတ္ေက်ာ္လႈပ္ရွားတဲ့ သူပုန္အက်ဥ္းသားေတြ လႊဲေျပာင္းေပးဖုိ႔ကိုလည္း သေဘာတူခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ ဖမ္းဆီးထားတဲ့အထဲက သူပုန္ ၂၂ ဦးကို ဒီႏွစ္ အေစာပိုင္းက အိႏၵိယဘက္ လႊဲေျပာင္းေပးခဲ့ပါတယ္။

အိႏၵိယကေတာ့ ျမန္မာႏိုင္ငံကုိ သူ႔ရဲ႕ အနီးစပ္ဆုံး ကာကြယ္ေရး မဟာမိတ္အျဖစ္ သတ္မွတ္ထားၿပီး အိႏၵိယရဲ႕ မိုးေလဝသ ေလ့လာေစာင့္ၾကည့္ေရး တပ္ဖဲြ႔တဖဲြ႔ကို ဒီလထဲ ျမန္မာႏိုင္ငံကို ေစလႊတ္မယ္လို႔ ေျပာပါတယ္။

အိႏၵိယက ျမန္မာႏုိင္ငံကို ေဒၚလ ၁.၄ ဘီလ်ံေလာက္ ကူညီေထာက္ပံ့ထားၿပီး ရခုိင္ျပည္နယ္မွာ တည္ေဆာက္ေနတဲ့ စစ္ေတြေရနက္ဆိပ္ကမ္းကို ေရွ႕ႏွစ္ ၂၀၂၁ ဆန္းပိုင္းမွာ စတင္အသုံးျပဳသြားဖို႔ ရွိပါတယ္။ ကုလားတန္ျမစ္ စီမံကိန္းရဲ႕ အစိတ္အပိုင္းတခုျဖစ္တဲ့ ဒီဆိပ္ကမ္းဟာ နယ္စပ္ မီဇိုရမ္ကေန ကာလကတၱားၿမဳိ႕ထိ ဆက္သြယ္ေပးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်အောင် မြန်မာကို အိန္ဒိယ ကူညီမည်

ကိုဗစ်ကူးစက်မှု တိုးလာနေတဲ့ မြန်မာနိုင်ငံအတွက် ရောဂါတိုက်ဖျက်ရေးဆိုင်ရာ နည်းပညာနဲ့ ဆေးဝါးတွေကို အိန္ဒိယက ထောက်ပံ့သွားမှာ ဖြစ်သလို မြန်မာနိုင်ငံထဲမှာ COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်အောင်လည်း ကူညီပံ့ပိုးပေးသွားမယ်လို့ အိန္ဒိယနိုင်ငံက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ အွန်လိုင်းကတဆင့် ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကြား ဆွေးနွေပွဲမှာ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Shringla က ကတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ ထိပ်တန်း သုတေသနအဖွဲ့တွေ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ကိုဗစ်ကာကွယ်ဆေး ကိုယ်တိုင်ထုတ်နိုင်အောင် အကူအညီပေးသွားဖို့ အိန္ဒိယက ကတိပေးခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ မြန်မာနိုင်ငံကို အခုလို ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာတွေရဲ့ ဆွေးနွေးပွဲအတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား တရားခံလွဲှပြောင်းပေးရေးကိစ္စ အမြန် သဘောတူစာချုပ် ချုပ်ပြီး လုံခြုံရေး ပူးတွဲဆောင်ရွက်မှုကို ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့သလို အရပ်သားနဲ့ စီးပွားရေးကိစ္စတွေမှာ အပြန်အလှန် တရားဝင် ကူညီပံ့ပိုးရေးကိုလည်း သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်ဖက်နိုင်ငံတွေမှာ ဖမ်းဆီးထားတဲ့ နယ်စပ်ဖြတ်ကျော်လှုပ်ရှားတဲ့ သူပုန်အကျဉ်းသားတွေ လွှဲပြောင်းပေးဖို့ကိုလည်း သဘောတူခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့အထဲက သူပုန် ၂၂ ဦးကို ဒီနှစ် အစောပိုင်းက အိန္ဒိယဘက် လွှဲပြောင်းပေးခဲ့ပါတယ်။

အိန္ဒိယကတော့ မြန်မာနိုင်ငံကို သူ့ရဲ့ အနီးစပ်ဆုံး ကာကွယ်ရေး မဟာမိတ်အဖြစ် သတ်မှတ်ထားပြီး အိန္ဒိယရဲ့ မိုးလေဝသ လေ့လာစောင့်ကြည့်ရေး တပ်ဖွဲ့တဖွဲ့ကို ဒီလထဲ မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ပြောပါတယ်။

အိန္ဒိယက မြန်မာနိုင်ငံကို ဒေါ်လ ၁.၄ ဘီလျံလောက် ကူညီထောက်ပံ့ထားပြီး ရခိုင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ စစ်တွေရေနက်ဆိပ်ကမ်းကို ရှေ့နှစ် ၂၀၂၁ ဆန်းပိုင်းမှာ စတင်အသုံးပြုသွားဖို့ ရှိပါတယ်။ ကုလားတန်မြစ် စီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ဒီဆိပ်ကမ်းဟာ နယ်စပ် မီဇိုရမ်ကနေ ကာလကတ္တားမြို့ထိ ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG