သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်က အိန္ဒိယသူပုန်အဖွဲ့တွေ တပ်စခန်းပြောင်းရွှေ့ဖို့ပြင်ဆင်နေ


မှတ်တမ်းဓါတ်ပုံ- ၂၀၀၇ ဇန်နဝါရီတုန်းက အာသန်ပြည်နယ်စပ်ရှိ အိန္ဒိယ တပ်သွားများကို တွေ့ရစဉ်
မှတ်တမ်းဓါတ်ပုံ- ၂၀၀၇ ဇန်နဝါရီတုန်းက အာသန်ပြည်နယ်စပ်ရှိ အိန္ဒိယ တပ်သွားများကို တွေ့ရစဉ်

(Zawgyi/Unicode)

အိန္ဒိယနဲ့နယ်စပ် မြန်မာ ပိုင်နက်ထဲကနေ လှုပ်ရှားနေတဲ့ အိန္ဒိယ ခွဲထွက်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေစခန်းချရာ နယ်မြေ တွေကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာကို အိန္ဒိယ ထောက်လှမ်းရေး သတင်းတွေအရ သိရှိရကြောင်း အိန္ဒိယနိုင်ငံထုတ် Hindustan Times သတင်းစာက ပြောပါတယ်။ အဲဒီ အထဲ အာသံလွတ်မြောက်ရေးတပ်ဦးအဖွဲ့နဲ့ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ အဖွဲ့ကွဲ နှစ်ဖွဲ့တို့ပါဝင်ပြီး ပြီးခဲ့တဲ့ လတွေထဲ မြန်မာစစ်တပ်ရဲ့ ပုံမှန်လှုပ်ရှားမှုတွေကြောင့် နေရာပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။

အိန္ဒိယ အနောက်မြောက်ပိုင်းက အဲဒီ လက်နက်ကိုင် ကေဒါတွေဟာ အရင်တုန်းကလည်း မြန်မာ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ရှိတိုင်း ဘေးကင်းရာကို ပြောင်းရွှေကြတာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ ဆူပူသောင်းကျန်းမှု တန်ပြန်နှိမ်နင်းရေး တာဝန်ရှိသူတစ်ဦးက ပြောကြောင်း Hindustan Times သတင်းစာက ပြောပါတယ်။

မကြာခင်နှစ်တွေအတွင်း အိန္ဒိယနဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်း ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေ ပိုများလာတာကြောင့် သူပုန် လက်နက်ကိုင် အဖွဲ့တွေ အခက်အခဲ ကြုံတွေရကြောင်း၊ ဒါပေမဲ့ တခြားတနေရာကို ပြောင်းရွှေ့နိုင်ခဲ့ကြောင်းလည်း အမည်မဖော်လိုသူ အရာရှိက ပြောပါတယ်။

အိန္ဒိယ အနောက်မြောက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လောလောဆယ် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ များပြားလာတဲ့ အခြေအနေကိုအခွင့်ကောင်းယူပြီး တပ်သား စုဆောင်းဖို့ ကြိုးစားနေတယ်လို့လည်း ထောက်လှမ်းရေးသတင်းတွေက ပြောပါတယ်။

အခုလို ထောက်လှမ်းရေး သတင်းတွေ ထွက်ပေါ်လာချိန်ဟာ အိန္ဒိယ ဗဟို အစိုးရနဲ့ နာဂ လက်နက်ကိုင်တပ်ဖွဲ့ NSCN-IM နဲ့ ငြိမ်းချမ်းရေ ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ထောက်လှမ်းရေးသတင်းတွေက လက်နက်ကိုင် သူပုန် တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကိုသာ ဦးစားပေး အစီရင်ခံထားပေမဲ့ လုံခြုံရေး တပ်တွေအပေါ် တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်ကလည်း ပိုများလာနေကြောင်း သောင်းကျန်းသူ တန်ပြန်နှိမ်နင်းရေး အိန္ဒိယ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)







XS
SM
MD
LG