သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္မွာ ဂ်ပန္နဲ႔ အိႏၵိယ စီမံကိန္းေတြ ပူးေပါင္းေဆာင္ရြက္ဖုိ႔ စီစဥ္ေန


မွတ္တမ္းဓါတ္ပံု- ဂ်ပန္နဲ႔ အိႏၵိယ စီမံကိန္းေတြ ပူးေပါင္းေဆာင္ရြက္ဖုိ႔ လက္မွတ္ထိုး -စက္တင္ဘာလ ၁၀ ရက္ေန႔

(Zawgyi/Unicode)

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္လို ၾကားခံ တတိယ နိုင္ငံေတြမွာ အိႏၵိယနဲ႔ ဂ်ပန္နိုင္ငံတို႔ ပူးေပါင္းၿပီး စီမံကိန္းေတြ လုပ္ေဆာင္ဖို႔ နည္းလမ္း ေတြ ရွာေဖြေနတယ္လို႔ အိႏၵိယ နိုင္ငံျခားေရး ဝန္ႀကီး S Jaishankar က ေသာၾကာေန႔က ေျပာပါတယ္။

အိႏၵိယနဲ႔ ဂ်ပန္ ႏွစ္နိုင္ငံ ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ အစီရင္ခံစာ တစ္ေစာင္ကို ထုတ္ျပန္တဲ့အခမ္းအနားမွာ အိႏၵိယ နိုင္ငံျခားေရး ဝန္ႀကီးက အခုလို ေျပာလိုက္တာလည္း ျဖစ္ပါတယ္။

ေဒသတြင္းမွာ တ႐ုတ္နိုင္ငံက ရန္လိုတဲ့ လႈပ္ရွားမႈေတြ တစ္စိုက္မတ္မတ္ လုပ္လာေနတာေၾကာင့္ အင္ဒို-ပစိဖိတ္ ေဒသတြင္းက အိႏၵိယ၊ ဩစေၾတးလ်နဲ႔ ဂ်ပန္တို႔ အပါအဝင္ နိုင္ငံ ေတာ္ေတာ္မ်ားမ်ားက လက္တြဲ လုပ္ကိုင္ၾကဖို႔ ႀကိဳးပမ္းလာေနခ်ိန္မွာ အိႏၵိယ နိုင္ငံျခားေရး ဝန္ႀကီးရဲ့ ေျပာၾကားခ်က္က အေရးပါတဲ့ ေျပာၾကားခ်က္တစ္ခုလည္း ျဖစ္လာပါတယ္။

အခုလို တတိယၾကားခံနိုင္ငံတစ္နိုင္ငံမွာ ပူးေပါင္း ေဆာင္ရြက္မႈေတြ ျပဳလုပ္ဖို႔ အိႏၵိယနဲ႔ ဂ်ပန္ေဆြးေႏြးေနတာေတြကေန လက္ေတြ႕ လုပ္မယ့္ အဆင့္ကို ေရာက္လာၿပီလို႔လည္း အိႏၵိယ နိုင္ငံျခားေရး ဝန္ႀကီး S Jaishankarက ေျပာပါတယ္။

အိႏၵိယနဲ႔ ဂ်ပန္အၾကား မၾကာခင္က လက္မွတ္ေရးထိုးခဲ့တဲ့ ႏွစ္ဖက္ တပ္ဖြဲ႕ေတြအၾကား ေထာက္ပံ့ေရးနဲ႔ ဝန္ေဆာင္မႈ အျပန္အလွန္ ေပးေရးဆိုင္ရာ စာခ်ဳပ္ ACSA ကလြတ္လပ္တဲ့ အင္ဒို-ပစိဖိတ္ ျဖစ္ေပၚေရး ႏွစ္နိုင္ငံစလုံးရဲ့ ေမၽွာ္မွန္းခ်က္နဲ႔ ကိုက္ညီၿပီး အာရွေဒသ တည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကိုလည္း ျဖစ္ေပၚေစလိမ့္မယ္လို႔လည္း သူက ေျပာပါတယ္။

အိႏၵိယနဲ႔ ဂ်ပန္ ၂ နိုင္ငံစလုံးက ကမၻာတစ္ဝွမ္းနဲ႔ အာရွ ေဒသမွာ အာဏာ ျပန္လည္ ထိန္းညႇိေရးကို ေရာင္ျပန္ ဟပ္ေစမယ့္ အင္ဒို- ပစိဖိတ္ေဒသကို ပုံသြင္းဖို႔ ႀကိဳးပမ္းေနၾကာတာ ျဖစ္ေၾကာင္း၊​ အိႏၵိယနဲ႔ ဂ်ပန္နိုင္ငံေတြဟာ ႏွစ္နိုင္ငံအၾကား ႏွစ္စဥ္ ထိပ္သီး အစည္းအေဝးပြဲကို သာမက ကာကြယ္ေရးနဲ႔ နိုင္ငံျခားေရးဝန္ႀကီးေတြ အၾကားမွာလည္း ႏွစ္စဥ္ ေဆြးေႏြးပြဲေတြ က်င္းပ ျပဳလုပ္ ေနတာ ျဖစ္ေၾကာင္းလည္း အိႏၵိယ နိုင္ငံျခားေရး ဝန္ႀကီး S Jaishankarက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဂျပန်နဲ့ အိန္ဒိယ စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေ

(Unicode)

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်လို ကြားခံ တတိယ နိုင်ငံတွေမှာ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး စီမံကိန်းတွေ လုပ်ဆောင်ဖို့ နည်းလမ်း တွေ ရှာဖွေနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး S Jaishankar က သောကြာနေ့က ပြောပါတယ်။

အိန္ဒိယနဲ့ ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်တဲ့အခမ်းအနားမှာ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဒေသတွင်းမှာ တရုတ်နိုင်ငံက ရန်လိုတဲ့ လှုပ်ရှားမှုတွေ တစ်စိုက်မတ်မတ် လုပ်လာနေတာကြောင့် အင်ဒို-ပစိဖိတ် ဒေသတွင်းက အိန္ဒိယ၊ ဩစတြေးလျနဲ့ ဂျပန်တို့ အပါအဝင် နိုင်ငံ တော်တော်များများက လက်တွဲ လုပ်ကိုင်ကြဖို့ ကြိုးပမ်းလာနေချိန်မှာ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောကြားချက်က အရေးပါတဲ့ ပြောကြားချက်တစ်ခုလည်း ဖြစ်လာပါတယ်။

အခုလို တတိယကြားခံနိုင်ငံတစ်နိုင်ငံမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ အိန္ဒိယနဲ့ ဂျပန်ဆွေးနွေးနေတာတွေကနေ လက်တွေ့ လုပ်မယ့် အဆင့်ကို ရောက်လာပြီလို့လည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး S Jaishankarက ပြောပါတယ်။

အိန္ဒိယနဲ့ ဂျပန်အကြား မကြာခင်က လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ဖက် တပ်ဖွဲ့တွေအကြား ထောက်ပံ့ရေးနဲ့ ဝန်ဆောင်မှု အပြန်အလှန် ပေးရေးဆိုင်ရာ စာချုပ် ACSA ကလွတ်လပ်တဲ့ အင်ဒို-ပစိဖိတ် ဖြစ်ပေါ်ရေး နှစ်နိုင်ငံစလုံးရဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီပြီး အာရှဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကိုလည်း ဖြစ်ပေါ်စေလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

အိန္ဒိယနဲ့ ဂျပန် ၂ နိုင်ငံစလုံးက ကမ္ဘာတစ်ဝှမ်းနဲ့ အာရှ ဒေသမှာ အာဏာ ပြန်လည် ထိန်းညှိရေးကို ရောင်ပြန် ဟပ်စေမယ့် အင်ဒို- ပစိဖိတ်ဒေသကို ပုံသွင်းဖို့ ကြိုးပမ်းနေကြာတာ ဖြစ်ကြောင်း၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေဟာ နှစ်နိုင်ငံအကြား နှစ်စဉ် ထိပ်သီး အစည်းအဝေးပွဲကို သာမက ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အကြားမှာလည်း နှစ်စဉ် ဆွေးနွေးပွဲတွေ ကျင်းပ ပြုလုပ် နေတာ ဖြစ်ကြောင်းလည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး S Jaishankarက ပြောပါတယ်။

XS
SM
MD
LG