(Zawgyi/Unicode)
အိႏၵိယ-ျမန္မာ-ထိုင္း သုံးနိုင္ငံ အေဝးေျပးလမ္းမ စီမံကိန္းကို ဆက္လက္ အေကာင္အထည္ေဖာ္ဖို႔အိႏၵိယ တရား႐ုံးခ်ဳပ္ က အဂၤါေန႔ က ခြင့္ျပဳလိုက္ပါတယ္။ ဒီ စီမံကိန္းနဲ႔ ပတ္သက္လို႔ ခ်ဳပ္ဆိုတားတဲ့ စာခ်ဳပ္ အေပၚ အစိုးရနဲ႔ ေဆာက္လုပ္ေရး ကုမၸဏီတစ္ခုတို႔ အျငင္းပြါးမႈကို မဏိပူရ တရား႐ုံးမွာ ၾကားနာ စစ္ေဆးေနခ်ိန္မွာ အခုလို ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။
ဒီစီမံကိန္းက အေရးႀကီးတဲ့ စီမံကိန္းျဖစ္လို႔ ဆက္ၿပီးအေကာင္အထည္ေဖာ္သင့္တယ္လို႔ တရား႐ုံးခ်ဳပ္က ရႈ႔ျမင္ေၾကာင္း အိႏၵိယ တရား႐ုံးခ်ဳပ္ (CJI) တရားသူႀကီးခ်ဳပ္ Sharad Arvind Bobde ကေျပာပါတယ္။ဒီအမႈကို ၂ ပတ္ အတြင္း အျမန္ဆုံး အဆုံးသတ္ ေပးဖို႔ မဏိပူရ တရား႐ုံးကို ေတာင္းဆိုေၾကာင္းလည္း ေျပာပါတယ္။
ေရွ႕ေနခ်ဳပ္ KK Venugopal ကလည္း သူ႔အေနနဲ႔ ျမန္မာနိုင္ငံက စာတေစာင္လက္ခံရရွိေၾကာင္းနဲ႔ စာထဲမွာ တ႐ုတ္နိုင္ငံဘက္က စီမံကိန္းေတြကို အခ်ိန္မီၿပီးစီးေအာင္ အျမန္ဆုံး အေကာင္အထည္ေဖာ္တည္ေဆာက္ေၾကာင္းနဲ႔ အိႏၵိယဘက္က စီမံကိန္း အေၿခ အေနကေတာ့ မေရမရာ ေမးခြန္းထုတ္စရာျဖစ္ေနေၾကာင္း ေဖာ္ျပထားတယ္လို႔ ေျပာပါတယ္။ဒါေၾကာင့္အိႏၵိယနိုင္ငံဘက္ကလည္း ေဆာက္လုပ္ေရး စီမံကိန္းေတြကို စတင္ဖို႔လိုတယ္လို႔ ေျပာပါတယ္။
အိႏၵိယ အေနနဲ႔ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက ရပ္နားထားတဲ့ တံတား တည္ေဆာက္ေရးလုပ္ငန္းေတြကို လြတ္လြတ္လပ္လပ္ ျပန္ စတင္နိုင္ၿပီလို႔လည္း တရား႐ုံးခ်ဳပ္က ေျပာပါတယ္။
ကီလိုမီတာ ၁၃၆၀ ရွည္လ်ားတဲ့ အိႏၵိယ-ျမန္မာ-ထိုင္းအေဝးေျပးလမ္းမႀကီးက ၃ နိုင္ငံ ကူးလူးဆက္သြယ္နိုင္တဲ့ လမ္းမႀကီးျဖစ္ၿပီး ၇၅ မိုင္ ရွည္တဲ့ ကေလးဝ-ယာႀကီး လမ္းပိုင္း တည္ေဆာက္ဖို႔နဲ႔ ၉၃ မိုင္ရွည္တဲ့ တမူး-က်ီကုန္း-ကေလးဝ(TKK) လမ္းပိုင္းမွာ ခ်ဥ္းကပ္လမ္းနဲ႔အတူ တံတား ၆၉ စင္းတည္ေဆာက္ဖို႔ အိႏၵိယက တာဝန္ယူထားပါတယ္။
.............
မြန်မာ-အိန္ဒိယ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်း ဆက်အကောင်အထည်ဖော်ဖို့ အိန္ဒိယတရားရုံးချုပ် အမိန့်ချ
(Unicode)
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့အိန္ဒိယ တရားရုံးချုပ် က အင်္ဂါနေ့ က ခွင့်ပြုလိုက်ပါတယ်။ ဒီ စီမံကိန်းနဲ့ ပတ်သက်လို့ ချုပ်ဆိုတားတဲ့ စာချုပ် အပေါ် အစိုးရနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတို့ အငြင်းပွါးမှုကို မဏိပူရ တရားရုံးမှာ ကြားနာ စစ်ဆေးနေချိန်မှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဒီစီမံကိန်းက အရေးကြီးတဲ့ စီမံကိန်းဖြစ်လို့ ဆက်ပြီးအကောင်အထည်ဖော်သင့်တယ်လို့ တရားရုံးချုပ်က ရှု့မြင်ကြောင်း အိန္ဒိယ တရားရုံးချုပ် (CJI) တရားသူကြီးချုပ် Sharad Arvind Bobde ကပြောပါတယ်။ဒီအမှုကို ၂ ပတ် အတွင်း အမြန်ဆုံး အဆုံးသတ် ပေးဖို့ မဏိပူရ တရားရုံးကို တောင်းဆိုကြောင်းလည်း ပြောပါတယ်။
ရှေ့နေချုပ် KK Venugopal ကလည်း သူ့အနေနဲ့ မြန်မာနိုင်ငံက စာတစောင်လက်ခံရရှိကြောင်းနဲ့ စာထဲမှာ တရုတ်နိုင်ငံဘက်က စီမံကိန်းတွေကို အချိန်မီပြီးစီးအောင် အမြန်ဆုံး အကောင်အထည်ဖော်တည်ဆောက်ကြောင်းနဲ့ အိန္ဒိယဘက်က စီမံကိန်း အခြေ အနေကတော့ မရေမရာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဖော်ပြထားတယ်လို့ ပြောပါတယ်။ဒါကြောင့်အိန္ဒိယနိုင်ငံဘက်ကလည်း ဆောက်လုပ်ရေး စီမံကိန်းတွေကို စတင်ဖို့လိုတယ်လို့ ပြောပါတယ်။
အိန္ဒိယ အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရပ်နားထားတဲ့ တံတား တည်ဆောက်ရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် ပြန် စတင်နိုင်ပြီလို့လည်း တရားရုံးချုပ်က ပြောပါတယ်။
ကီလိုမီတာ ၁၃၆၀ ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးလမ်းမကြီးက ၃ နိုင်ငံ ကူးလူးဆက်သွယ်နိုင်တဲ့ လမ်းမကြီးဖြစ်ပြီး ၇၅ မိုင် ရှည်တဲ့ ကလေးဝ-ယာကြီး လမ်းပိုင်း တည်ဆောက်ဖို့နဲ့ ၉၃ မိုင်ရှည်တဲ့ တမူး-ကျီကုန်း-ကလေးဝ(TKK) လမ်းပိုင်းမှာ ချဉ်းကပ်လမ်းနဲ့အတူ တံတား ၆၉ စင်းတည်ဆောက်ဖို့ အိန္ဒိယက တာဝန်ယူထားပါတယ်။