သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတောင်ပိုင်းမြေပြိုမှု အနည်းဆုံး လူ ၄၃ ဦးသေဆုံး


Kerala ပြည်နယ်မှာ မြေပြိုကျမှုအတွင်း အသက်ရှင်သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေ
Kerala ပြည်နယ်မှာ မြေပြိုကျမှုအတွင်း အသက်ရှင်သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေ

(Zawgyi/Unicode)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ်က လက်ဖက် စိုက်ခင်း တစ်ခုမှာ မြေပြိုကျမှု ဖြစ်ပွားတာကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ရပြီးတဲ့နောက် ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင် ကျန်ရစ်သူတွေကို တနင်္လာနေ့က တစ်နေ့လုံး ဆက်လက် ရှာဖွေခဲ့ကြပါတယ်။

မြေပြိုမှု ထပ်မံ ဖြစ်ပွားမှာ စိုးရိမ်နေရတယ်လို့လည်း လက်ဖက်စိုက်ခင်းအနီးက ဒေသခံ တစ်ဦးက ပြောပါတယ်။

“မြေပြိုကျအပြီးမှာ ရှိရှိသမျှ အကုန်ပျောက်ကုန်တယ်။ ကျွန်မတို့ အရမ်း ကြောက်တယ်။အနီးအနားမှာ ဆေးရုံ မရှိတော့ လုံခြုံမှု မရှိသလိုလည်း ခံစား ရတယ်။ ဒါမျိုး နောက်တခါ ဖြစ်မှာကို ကြောက်မိပါတယ်” လို့ ပြောပါတယ်။

Kerala ပြည်နယ် Idukki ခရိုင်မှာ သောကြာနေ့က မိုးကြီးပြီး ရေကြီး ရေလျှံ မှုကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုထဲ လူ ၅၀ နီးပါး ပိတ်မိနေတယ်လို့ ယူဆ ကြပါတယ်။ ဒါကြောင့် ပိတ်မိသူတွေကို ကယ်ဆယ်ရေးနဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို ရှာဖွေဖို့ ကယ်ဆယ် ရေးအဖွဲ့တွေက အပူတပြင်း လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အိန္ဒိယ မိုးလေဝသဌာနက Idukki ခရိုင် အပါအဝင် ခရိုင်တော်တော်များများမှာ မိုးဆက်လက်ကြီးနေမယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားတယ်။ နှစ်စဉ်ဝင်ရောက်တဲ့ မုတ်သုံမိုးက ဆည်မြောင်းနဲ့ ရေသွင်း စိုက်ပျိုးမှု နည်းပါးတဲ့ အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေးအတွက် အရေးကြီးပါတယ်။

အိန္ဒိယ လူဦးရေ ၁.၃ ဘီလီယံရဲ့ ၃ ပုံ ၂ ပုံက ကျေးလက်မှာ နေထိုင်ပြီး လယ်ယာစိုက်ပျိုးရေးအပေါ် မှီခို အား ထားနေရတာပါ။ ဒါပေမဲ့ မိုး များလွန်းတာကြောင့်လည်း ရေကြီးမှု၊ မြေပြိုမှုနဲ့ ရေကတစ်ဆင့် ကူးစက်ဖြစ်ပွားတဲ့ ရောဂါ ပြဿနာတွေကိုလည်း နှစ်စဉ် ရင်ဆိုင်ရလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)







XS
SM
MD
LG