သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြဆိပ္ကမ္းကုိ ေရွ႕ႏွစ္ဆန္းပုိင္း စလည္ပတ္ႏုိင္ဖုိ႔ အိႏၵိယနဲ႔ျမန္မာ ေဆြးေႏြး


မွတ္တမ္းဓါတ္ပံု- ၂၀၁၂ ေမလတုန္းက စစ္ေတြဆိပ္ကမ္း ေဆာက္လုပ္ေနပံု

(Zawgyi/Unicode)

ရခိုင္ျပည္နယ္အတြင္း တည္ေဆာက္ေနတဲ့ စစ္ေတြဆိပ္ကမ္း ၂၀၂၁ ခုႏွစ္ ပထမ သုံးလပတ္အတြင္း လုပ္ငန္း စတင္လည္ပတ္ နိုင္ဖို႔ ျမန္မာနဲ႔ အိႏၵိယ ပူးတြဲ ႀကိဳးပမ္းေနတယ္လို႔ အိႏၵိယ နိုင္ငံျခားေရး အတြင္းဝန္ Harsh Shringla က ေျပာပါတယ္။

ၾကာပသေတးေန႔က ျပဳလုပ္တဲ့ အိႏၵိယ-ျမန္မာ နိုင္ငံျခားေရး ဝန္ႀကီးဌာနေတြ အၾကား ညႇိႏွႈိင္းေဆြးေႏြးပြဲမွာ ျမန္မာ နိုင္ငံျခားေရး ဝန္ႀကီးဌာန အျမဲတမ္း အတြင္းဝန္ ဦးစိုးဟန္နဲ႔ ေဆြးေႏြးအၿပီး အိႏၵိယ ဘက္က အခုလို ေျပာၾကားလိုက္တာပါ။ အိႏၵိယကေန ျမန္မာနိုင္ငံကို ျဖတ္ ေက်ာ္ၿပီး ထိုင္းနိုင္ငံအထိ ဆက္သြယ္မယ့္ သုံးနိုင္ငံ အေဝးေျပးလမ္းတည္ေဆာက္ရာမွာ ပါဝင္တဲ့ တံတား ၆၉ စင္းတည္ေဆာက္ေရး တင္ဒါ ေခၚယူေရး လုပ္ငန္းေတြကိုေတြလည္း မၾကာခင္ စတင္ေတာ့မယ္လို႔ Shringla က ေျပာပါတယ္။

စစ္ေတြဆိပ္ကမ္းတည္ေဆာက္ေရးက ကုလားတန္ျမစ္ ဘက္စုံ စီမံကိန္းရဲ့ တစိတ္တေဒသ ျဖစ္ပါတယ္။ အိႏၵိယနိုင္ငံရဲ႕ ကုန္းတြင္းပိတ္ အေရွ႕ေျမာက္ဘက္ ျပည္နယ္ေတြ မီဇိုရမ္ ျပည္နယ္ ကတဆင့္ ပင္လယ္ ထြက္ေပါက္ ရရွိေရးအတြက္ အေရးပါတဲဲ့ စီမံကိန္း ျဖစ္ပါတယ္။ ပုဂၢလိက ကုမၸဏီေတြနဲ႔ ဆိပ္ကမ္းလုပ္ငန္းေတြ စတင္နိုင္တဲ့ အခါမွာ အိႏၵိယ ကုန္ပစၥည္းေတြကို ကုလားတန္ျမစ္ကတဆင့္ စစ္ေတြ ဆိပ္ကမ္းအေရာက္ေပးပို႔နိုင္မွာ ျဖစ္ပါတယ္။

လုံျခဳံေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမႇင့္နိုင္တဲ့အေၾကာင္းနဲ႔ ႏွစ္နိုင္ငံအၾကား တရားခံလႊဲေျပာင္း ေပးေရး သေဘာတူညီခ်က္ ရနိုင္ဖို႔ ျမန္မာနိုင္ငံဘက္က အရွိန္ျမႇင့္ လုပ္ေဆာင္ေပးဖို႔ကိုလည္း အိႏၵိယ နိုင္ငံျခားေရး အတြင္းဝန္က ေတာင္းဆို ထားပါတယ္။

ရခိုင္အေရးကိစၥကိုလည္း ေဆြးေႏြးခဲ့ရာမွာ အိႏၵိယအေနနဲ႔ ျမန္မာနဲ႔ ဂ်ပန္နိုင္ငံနဲ႔အတူ ရခိုင္ျပည္နယ္အတြင္း သုံးနိုင္ငံ ပူးေပါင္း ေဆာင္ရြက္ေရးလုပ္ငန္းေတြမွာ ပါဝင္လာခဲ့ၿပီျဖစ္ပါတယ္။ ျပည္တြင္းက အိုးအိမ္စြန္႔ခြာ ေရႊ႕ေျပာင္းေနထိုင္ရသူေတြ ေဘးရန္ကင္းကင္းနဲ႔ ေစာစီးစြာ ေနရပ္ျပန္နိုင္ေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနတယ္လို႔လည္း အိႏၵိယ နိုင္ငံျခားေရး အတြင္းဝန္ Shringla က ေျပာပါ တယ္။

အိႏၵိယနိုင္ငံက ျမန္မာနိုင္ငံကို ေပးအပ္တဲ့ အကူအညီ ေလာေလာဆယ္ အေမရိကန္ ေဒၚလာ ၁.၄ ဘီလီယံရွိပါတယ္။ အိႏၵိယနိုင္ငံအေပၚ တင္ရွိေနတဲ့ ေႂကြးၿမီေတြကိုလည္း COVID 19 ဆိုင္ရာ G20 ေႂကြးၿမီဆိုင္ငံ့ေရး သေဘာတူညီခ်က္နဲ႔ ေမလကေန ဒီဇင္ဘာလအထိ ဆိုင္းငံ့ေပးထားေၾကာင္း အိႏၵိယ Hindustan Times သတင္းဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

စစ်တွေဆိပ်ကမ်းကို ရှေ့နှစ်ဆန်းပိုင်း စလည်ပတ်နိုင်ဖို့ အိန္ဒိယနဲ့မြန်မာ ဆွေးနွေး

(Unicode)

ရခိုင်ပြည်နယ်အတွင်း တည်ဆောက်နေတဲ့ စစ်တွေဆိပ်ကမ်း ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်အတွင်း လုပ်ငန်း စတင်လည်ပတ် နိုင်ဖို့ မြန်မာနဲ့ အိန္ဒိယ ပူးတွဲ ကြိုးပမ်းနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Harsh Shringla က ပြောပါတယ်။

ကြာပသတေးနေ့က ပြုလုပ်တဲ့ အိန္ဒိယ-မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ အကြား ညှိနှှိုင်းဆွေးနွေးပွဲမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်နဲ့ ဆွေးနွေးအပြီး အိန္ဒိယ ဘက်က အခုလို ပြောကြားလိုက်တာပါ။ အိန္ဒိယကနေ မြန်မာနိုင်ငံကို ဖြတ် ကျော်ပြီး ထိုင်းနိုင်ငံအထိ ဆက်သွယ်မယ့် သုံးနိုင်ငံ အဝေးပြေးလမ်းတည်ဆောက်ရာမှာ ပါဝင်တဲ့ တံတား ၆၉ စင်းတည်ဆောက်ရေး တင်ဒါ ခေါ်ယူရေး လုပ်ငန်းတွေကိုတွေလည်း မကြာခင် စတင်တော့မယ်လို့ Shringla က ပြောပါတယ်။

စစ်တွေဆိပ်ကမ်းတည်ဆောက်ရေးက ကုလားတန်မြစ် ဘက်စုံ စီမံကိန်းရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိတ် အရှေ့မြောက်ဘက် ပြည်နယ်တွေ မီဇိုရမ် ပြည်နယ် ကတဆင့် ပင်လယ် ထွက်ပေါက် ရရှိရေးအတွက် အရေးပါတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ဆိပ်ကမ်းလုပ်ငန်းတွေ စတင်နိုင်တဲ့ အခါမှာ အိန္ဒိယ ကုန်ပစ္စည်းတွေကို ကုလားတန်မြစ်ကတဆင့် စစ်တွေ ဆိပ်ကမ်းအရောက်ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်တဲ့အကြောင်းနဲ့ နှစ်နိုင်ငံအကြား တရားခံလွှဲပြောင်း ပေးရေး သဘောတူညီချက် ရနိုင်ဖို့ မြန်မာနိုင်ငံဘက်က အရှိန်မြှင့် လုပ်ဆောင်ပေးဖို့ကိုလည်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က တောင်းဆို ထားပါတယ်။

ရခိုင်အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ရာမှာ အိန္ဒိယအနေနဲ့ မြန်မာနဲ့ ဂျပန်နိုင်ငံနဲ့အတူ ရခိုင်ပြည်နယ်အတွင်း သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းတွေမှာ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းက အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူတွေ ဘေးရန်ကင်းကင်းနဲ့ စောစီးစွာ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Shringla က ပြောပါ တယ်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ပေးအပ်တဲ့ အကူအညီ လောလောဆယ် အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံရှိပါတယ်။ အိန္ဒိယနိုင်ငံအပေါ် တင်ရှိနေတဲ့ ကြွေးမြီတွေကိုလည်း COVID 19 ဆိုင်ရာ G20 ကြွေးမြီဆိုင်ငံ့ရေး သဘောတူညီချက်နဲ့ မေလကနေ ဒီဇင်ဘာလအထိ ဆိုင်းငံ့ပေးထားကြောင်း အိန္ဒိယ Hindustan Times သတင်းဌာနက ပြောပါတယ်။

XS
SM
MD
LG