သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Johnson & Johnson ကိုဗစ်ကာကွယ်ဆေးစမ်းသပ်မှု ယာယီဆိုင်းငံ့


အမေရိကန် ဆေးကုမ္ပဏီကြီး Johnson & Johnson က ဓာတ်ခွဲခန်းမှာ သုတေတန လုပ်နေတဲ့ မြင်ကွင်း။ (ဇွန် ၁၇၊ ၂၀၂၀)
အမေရိကန် ဆေးကုမ္ပဏီကြီး Johnson & Johnson က ဓာတ်ခွဲခန်းမှာ သုတေတန လုပ်နေတဲ့ မြင်ကွင်း။ (ဇွန် ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကာကွယ်ဆေးစမ်းသပ်ခံနေသူတဦး နာမကျန်းဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန် ဆေးကုမ္ပဏီကြီး Johnson & Johnson က သူ့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှု နောက်ပိုင်းအဆင့်တွေကို ရပ်တန့်လိုက်ပါတယ်။ အခုလို စမ်းသပ်မှုတွေကို ရပ်တန့်ထားလိုက်တဲ့ အကြောင်းကို ကုမ္ပဏီက ပြင်ပ သုတေသနပညာရှင်တွေကို ပေးပို့တဲ့ စာရွက်စာတမ်းတွေနဲ့ တကွ Stat ကျန်းမာရေးဆိုင်ရာ ဝက်ဘ်ဆိုက်က တနင်္လာနေ့တုန်းက ကနဦး ဖော်ပြခဲ့ပါတယ်။ Johnson & Johnson က သူ့ရဲ့ တစ်ကြိမ်သာထိုးနှံဖို့ လိုတဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေကို မကြာသေးခင်ကမှ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်နေခဲ့တာပါ။ ဒီစမ်းသပ်မှုတွေကို အမေရိကန်နိုင်ငံအပါအဝင် အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ မက္ကဆီကိုနဲ့ တောင်အာဖရိကနိုင်ငံတွေက နေရာပေါင်း ၂၀၀ လောက်မှာ လူပေါင်း ၆၀,၀၀၀ လောက်နဲ့ ပြုလုပ်နေတာဖြစ်ပါတယ်။

အခုလို ကာကွယ်ဆေးရဲ့ တုံ့ပြန်သက်ရောက်မှုဖြစ်တဲ့ နာမကျန်းဖြစ်တာမျိုးကို စမ်းသပ်မှုမှာ ကြုံတွေ့ရဖို့မျှော်မှန်းထားပြီး အထူးသဖြင့် ပါဝင်စမ်းသပ်ခံသူ အတော်များများမှာ တွေ့ကြုံရနိုင်တာကို မျှော်လင့်ထားပြီးဖြစ်တယ်လို့ J&J ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခုလို ရပ်တန့်တာကလည်း ဖြစ်စဉ်တွေကို လေ့လာဖို့အတွက် ခဏရပ်နားတာသာဖြစ်ပြီး စမ်းသပ်မှုတွေကို လုံးဝရပ်လိုက်တာမဟုတ်ဘူးလို့ ပြောပါတယ်။

အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးစမ်းသပ်မှု ၃ ခုလောက်ထဲ ဒီ Johnson & Johnson က စမ်းသပ်နေတဲ့ ကာကွယ်ဆေးက တစ်ကြိမ်ပဲ ထိုးဖို့လိုတဲ့ အတွက် အားသာချက်တွေပိုရှိနေတာပါ။ အခုလို ကာကွယ်ဆေး စမ်းသပ်မှုတွေကို ရပ်နားထားတာ ဒီ J&J ကုမ္ပဏီက ဒုတိယဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအစောပိုင်းတုန်းကလည်း စမ်းသပ်ခံသူတဦးမှာ ပင်မကျောရိုး အမှေးပါးရောင်ရမ်းတဲ့ ပြဿနာနဲ့ ကြုံတွေ့ရတာကြောင့် Oxford တက္ကသိုလ်နဲ့ အမေရိကန် AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲပြုလုပ်နေတဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေကို ရပ်နားထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG