သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာမန်မျက်နှာပြင်မှာ COVID 19 ပိုး၂၈ ရက်ကြာအသက်ရှင်


SARS-COV-2 ကိုရိုနာဗိုင်းရပ်စ်ပိုး။ (ဓာတ်ပုံ - National Institute of Allergy and Infectious Diseases / AFP - ဇူလိုင် ၂၈၊ ၂၀၂၀)
SARS-COV-2 ကိုရိုနာဗိုင်းရပ်စ်ပိုး။ (ဓာတ်ပုံ - National Institute of Allergy and Infectious Diseases / AFP - ဇူလိုင် ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ သာမာန် မာကြောတဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်ကြာ အသက်ရှင်နေနိုင်တယ်လို့ သြစတြေးလျနိုင်ငံက သိပ္ပံပညာရှင်တွေကပြောပါတယ်။ သြစတြေးလျ အမျိုးသားသိပ္ပံဆိုင်ရာ သုတေသနအဖွဲ့ CSIRO ရဲ့ လေ့လာတွေ့ရှိချက်အရ ရာသီတုပ်ကွေးနဲ့ နှိုင်းယှဉ်ရင် COVID-19 ရောဂါကို ဖြစ်စေတဲ့ SARS-COV-2 ဗိုင်းရပ်စ်ပိုးက သာမာန်မျက်နှာပြင်တွေပေါ်မှာ အပူချိန် ၂၀ ဒီကရီ ဆဲလ်စရပ်စ် အထိ ၂၈ ရက်အသက်ရှင်နေနိုင်တာကို တွေ့ရတယ်လို့ တနလာၤနေ့တုန်းက ထုတ်ပြန်တဲ့ ရောဂါပိုးမွှားဗေဒဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အလားတူ အခြေအနေမျိုးမှာ ရာသီတုပ်ကွေးဗိုင်းရပ်စ်က ၁၇ ရက်ထိ အသက်ရှင်နေနိုင်ပါတယ်။ SARS-COV-2 ကိုရိုနာဗိုင်းရပ်စ်ပိုးက အပူချိန် ၄၀ ဒီကရီ ဆဲလ်စရပ်စ်အောက် ၂၄ နာရီလောက်ကြာရင် ကူးစက်မှု ရပ်တန့်သွားတယ်လို့လည်း ဒီဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီရောဂါပိုးက ငွေစက္ကူ၊ ဖန်သားပြင်နဲ့ သံမဏိပစ္စည်းလို သာမာန် မျက်နှာပြင်တွေပေါ်မှာ အသက်ရှင်နေနိုင်တယ်လို့ CSIRO သိပ္ပံပညာရှင်တွေကပြောပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကန့်သတ်ထိန်းချုပ်ရေး သတိပေးတားမြစ်ချက်အသစ်တွေကို ဒီကနေ့ ပါလီမာန်မိန့်ခွန်းအတွင်း ပြောကြားသွားဖို့ စီစဉ်ထားပါတယ်။ နိုင်ငံတွင်း ရောဂါကူးစက်မှု အနည်း၊ အများအလိုက် နေရာခွဲခြားသတ်မှတ်သွားမှာ ဖြစ်ပြီး စားသောက်ဆိုင်တွေနဲ့ အရက်ဘားတွေကို ကန့်သတ်ဖွင့်ခွင့်ပြုဖို့ စီစဉ်ထားပါတယ်။ ရောဂါကူးစက်မှုနှုန်းများတဲ့ နေရာတွေမှာတော့ စားသောက်ဆိုင်တွေကို ဖွင့်ခွင့်မပြုပါဘူး။ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းက ပြန်မြင့်တက်လာနေပြီး အထူးသဖြင့် နိုင်ငံ အနောက်မြောက်ပိုင်း Liverpool၊ Merseyside၊ Manchester နဲ့Newcastle မြို့တွေမှာ ကူးစက်မှုနှုန်းများနေတာပါ။ အခုထိ တနိုင်ငံလုံး COVID-19 ကြောင့် သေဆုံးသူ ၄၂,၀၀၀ ကျော်နေပြီဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ အခုထိ COVID-19 ကူးစက်သူပေါင်း ၃၇.၄ သန်းကျော်နေပြီး သေဆုံးသူ ၁၀ သိန်းကျော်ရှိတယ်လို့ Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ စာရင်းတွေက ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်သူ ၇,၀၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၀,၈၃၀၀ ကျော်ရှိပြီး အမေရိကန်ပြီးရင် ကူးစက်မှုနှုန်း ဒုတိယ အများဆုံးဖြစ်ပါတယ်။ အမေရိကန်မှာ အခုထိ COVID-19 ကူးစက်သူ ၇.၇ သန်း ကျော်ရှိပါတယ်။

သာမန်မျက်နှာပြင်မှာ COVID 19 ပိုး၂၈ ရက်ကြာအသက်ရှင်
please wait

No media source currently available

0:00 0:01:59 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG