သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကူးစက္မႈ၊ ေသဆံုးမႈနဲ႔ ေဆး႐ုံဆင္းအေရအတြက္ တိုးလာရတဲ့ အေၾကာင္းရင္း


COVID-19 သံသယလူနာစာရင္း စစ္ေဆးၾကည့္႐ႈေနတဲ့ ရန္ကုန္ၿမိဳ႕ ကြာရမ္တင္းစင္တာတခုက ေစတနာ့ဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ရန္ကုန္ၿမိဳ႕မွာ မၾကာခင္ရက္ပိုင္းအတြင္း ေန႔စဥ္ ကိုဗစ္ပိုးေတြ႔၊ ေသဆံုးနဲ႔ ေဆး႐ုံဆင္း အေရအတြက္ ႐ုတ္ခ်ည္းျပန္မ်ားလာတာ ဘာေၾကာင့္ပါလဲလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏုိင္စုိးကို ကိုဝင္းမင္းက ေမးရာမွာ ေဒါက္တာသန္းႏိုင္စိုးက အရင္ရက္ေတြက ေႂကြးက်န္ေတြပါ အျမန္ဆံုးစစ္လိုက္ရလို႔ အခုလို ပိုးေတြ႔သူ ၂,၀၀၀ ဝန္းက်င္ ျပန္မ်ားလာတာပါလို႔ အခုလို စရွင္းျပပါတယ္။

ေဒါက္တာသန္းႏုိင္စုိး - “သူတို႔ အျမန္ဆုံး စစ္လိုက္တာေပါ့။ ေႂကြးက်န္ေတြလည္း ရွင္းလုိက္တာေပါ့။ ၿပီးခဲ့တဲ့ ႏွစ္ရက္ သုံးရက္က Positive လူနာေတြ ဒီီဘက္မွာ လာပုံေနတာ။ အဲဒါေၾကာင့္ တက္သြားတာပါ။ ဒီရက္ထဲမွာေတာ့ ထပ္တက္ေနဦးမွာပဲ။ အခုကေတာ့ ေကာင္းလာတာ RDT ေပၚလာတာေပါ့။ အျမန္စစ္တဲ့ ကိရိယာေလ။ Rapid Diagnosis Test ေပါ့။ RDT ေပၚလာေတာ့ ေတာ္ေတာ္မ်ားမ်ားက အထူးသျဖင့္ Immediate Test (ခ်က္ခ်င္းစစ္တဲ့) စင္တာေတြေပါ့၊ လတ္လတ္ဆတ္ဆတ္ ခ်က္ခ်င္းယူတဲ့ဟာေတြဆုိ RDT နဲ႔ ေျဖရွင္းလို႔ရေနၿပီ။ တဖက္က စစ္တာနဲ႔ ေတြ႔တာနဲ႔ Rate (ႏႈန္း) ေလးကေတာ့ သိပ္မဆုိးဘူးေပါ့။ က်ေနာ္တုိ႔ ဆက္ၿပီးေတာ့ အေျခအေနကေတာ့ တန္းေနတယ္လို႔ပဲ ေျပာရမွာေပါ့။ Graph (ဂရပ္ဖ္မ်ဥ္း) မွာ တင္းခံေနတဲ့သေဘာေပါ့။ က်ေနာ္တုိ႔ ဆက္ၿပီး အားစုိက္ထုတ္လိုက္ရင္ေတာ့ အက်ဘက္ကုိ ဦးတည္မယ္လို႔ မွန္းရတာေပါ့။ ဒီဘက္က က်ေနာ္တုိ႔ ဝီရိယ စုိက္ထုတ္တဲ့ အပုိင္းကေတာ့ ေလွ်ာ့လို႔မရဘူးေပါ့။ ေလွ်ာ့လုိက္ရင္ ကူးစက္ေရာဂါရဲ႕ သဘာဝအရ တတ္ႏုိင္သမွ် ဂရပ္ဖ္မ်ဥ္း အေပၚေထာင္ဖုိ႔ ႀကိဳးစားတာပဲ။”

ကိုဝင္းမင္း - ေနာက္တခုက စစ္တာေတြ မ်ားတဲ့အတြက္ လက္က်န္ေတြလည္း ရွိလာတယ္ေပါ့၊ အဲဒီအတြက္ တစုံတရာ နားထားရတဲ့ သေဘာမ်ဳိးလည္း ၾကားပါတယ္။ အဲဒီ ထူးျခားမႈေလးေရာ။

ေဒါက္တာသန္းႏုိင္စုိး - “ဟုတ္ကဲ့ပါ၊ အဓိကေတာ့ PCR (ပံုမွန္စစ္တာ) ေပ့ါ။ သုံးရက္ ေလးရက္ နားတယ္ဆုိတာ၊ NHL (အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန) တခုတည္း PCR အႂကြင္းအက်န္ေတြ ရွင္းရေအာင္ ခဏနားထားတာ။ က်န္တဲ့စင္တာေတြကေတာ့ ဆက္ၿပီး စစ္ေနတယ္။ ၿပီးေတာ့ RDT (အျမန္စစ္တာ) နဲ႔ စစ္တာလည္း အမ်ားႀကီးျဖစ္လာတယ္၊ ေတာက္ေလွ်ာက္ ေဆာင္ရြက္ေနတယ္။”

ကိုဝင္းမင္း - ေနာက္တခု ေသဆုံးမႈ အေနအထားက ၄၈၊ ၅၀ နီးပါး ကပ္လာတယ္။ အမ်ားဆုံးလို႔ ေျပာလို႔ရတာေပါ့၊ ေန႔စဥ္ထြက္တဲ့ စာရင္းေတြထဲမွာ။ အဲဒါနဲ႔ ပတ္သက္လို႔ေရာ ထူးျခားမႈ ေတြ႔မိလား။

ေဒါက္တာသန္းႏုိင္စုိး - “သမားေတာ္ႀကီးေတြ ေဆြးေႏြးတဲ့အထဲမွာ ထူးျခားတာ တခုကေတာ့ လူနာေတြရဲ႕ Deteriorate ျဖစ္တာေပါ့၊ ဆုိးသြားတာေပါ့။ ေတာ္ေတာ္ေလး ျမန္တယ္ေျပာတယ္။ လာတဲ့အခ်ိန္တုန္းက သိပ္မသိသာဘူး၊ ေကာင္းေနေပမယ့္ ေအာက္ဆီဂ်င္က်တယ္၊ တခါတည္း ICU (အထူးၾကပ္မတ္ကုသေဆာင္) ထဲေရာက္တယ္၊ ေရာက္ၿပီးေတာ့ မၾကာခင္ အသက္ဆုံး႐ႈံးတာေတြလည္း ရွိတယ္။ အထူးသျဖင့္ အသက္အရြယ္ ႀကီးတဲ့လူေတြ၊ ေရာဂါအခံရွိတဲ့လူေတြ။ ေရာဂါရဲ႕ အေျခအေနက ခန္႔မွန္းရခက္တယ္၊ ခုနကလို ျပင္းထန္သြားတဲ့အေၾကာင္း ေျပာတယ္ေပါ့ေနာ္။”

ကိုဝင္းမင္း - ဒီေနရာမွာ အေရးႀကီးတာေတာ့ ေရာဂါအခံရွိတဲ့သူေတြ အျဖစ္မ်ားတဲ့အတြက္ ေနာက္မက်ဘဲ ေစာေစာလာဖို႔ေပါ့။ သူတုိ႔ကုိ အဓိက ဘာထပ္မွာခ်င္ေသးလဲ။

ေဒါက္တာသန္းႏုိင္စုိး - “အဓိကေတာ့ ေစာေစာလာဖို႔ ေတာ္ေတာ္အေရးႀကီးပါတယ္။ တခ်ဳိ႕ဆုိ ေစာေစာလာရဲ႕သားနဲ႔ေတာင္ ေရာဂါရဲ႕ အေျပာင္းအလဲက ေနာက္က ေဆးပညာသဘာဝအရ လုိက္လုိ႔မမီတာေတြေတာင္ ရွိတယ္ေပါ့။ အဲေတာ့ ေစာေစာမလာတဲ့လူကေတာ့ ဘယ္ေလာက္အထိ အႏၱရာယ္ႀကီးလဲဆုိတာ မွန္းၾကည့္တာနဲ႔တင္ သိသာပါတယ္။”

ကိုဝင္းမင္း - ေနာက္တခုက ေဆး႐ုံဆင္းတဲ့လူလည္း ေတာ္ေတာ္မ်ားလာတာ ေတြ႔ရတယ္။ ဆင္းတဲ့ပမာဏ အမ်ားဆုံးထင္တယ္၊ တေန႔အတြင္းမွာ ၂,၆၉၂ ေယာက္၊ ၂,၇၀၀ နီးပါးေပါ့။ အဲဒီအေပၚမွာေရာ ထူးျခားမႈရွိလား။

ေဒါက္တာသန္းႏုိင္စုိး - “အဲဒါကေတာ့ က်ေနာ္တုိ႔ Strategy (မဟာဗ်ဴဟာ) ေျပာင္းတာေလး နည္းနည္းလုပ္လုိက္တယ္။ အဓိကေတာ့ Scientific Evidence-based (သိပၸံနည္းက်အေထာက္အထားအရ) ပဲေပါ့။ အရင္တုန္းက Positive (ပိုးေတြ႔အေျဖထြက္တာ) ျဖစ္မွ Positive ျဖစ္တဲ့ရက္က စေရတြက္တာ ၁၁ ရက္က။ အခုကေတာ့ Date of Swab (အာေခါင္တို႔ဖတ္) ဆိုတာ၊ Swab ယူတဲ့ေန႔ကေန စေရတြက္တာ။ အဲဒီလုိပဲ ၾကားထဲမွာ ၃ ရက္ေလာက္ အေျဖေစာင့္ရတဲ့ လူေတြက ၃ ရက္ေလာက္ ေစာဆင္းလုိ႔ ရသြားတယ္။ ၂ ရက္ ႀကိဳေစာင့္ခဲ့ရတဲ့ သူေတြက ၂ ရက္ ေစာဆင္းလုိ႔ရတယ္။ အနည္းဆုံးက အျမန္ဆုံး ဆုိတဲ့လူေတာင္ ၁ ရက္ အေျဖေစာင့္ရတယ္။ အဲ့ေတာ့ ၁ ရက္ အေျဖေစာင့္ရတဲ့လူကလည္း ၁ ရက္ ေစာဆင္းလုိ႔ရသြားတယ္။ ဒါကေတာ့ Clinical Management Committee (ကုသမႈစီမံေရးေကာ္မတီ) ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ ေျပာင္းလဲလုိက္တာေပါ့။ စေနေန႔ညထဲက ညတြင္းခ်င္း အစည္းအေဝး ဆုံးျဖတ္ခ်က္ အတည္ျပဳၿပီးတာနဲ႔ ည ၁၂ နာရီေက်ာ္တာနဲ႔ ဆင္းၾကၿပီေပါ့။”

ကိုဝင္းမင္း - ဒါ သိပၸံနည္းက်လည္း ကိုက္တယ္ဆုိေတာ့ ျပႆနာ မရွိပါဘူး။ အဲဒါနဲ႔ ပတ္သက္လို႔ လူထုၾကားမွာ စုိးရိမ္မႈရွိမွာေရာ စုိးရိမ္လား။

ေဒါက္တာသန္းႏုိင္စုိး - “သူတို႔ ျပန္ေမးတယ္၊ သူတို႔ကို အရင္ ေဆး႐ုံမွာထားတာက ဘယ္ေန႔မွ ျပန္ဆင္းရမလဲဆုိတာ။ ဒါေပမယ့္ ေစာဆင္းလာတယ္ေပါ့။ ဒါေပမယ့္ ဟုတ္တယ္ ေစာဆင္းတာလည္း မွန္တယ္။ ဒါေပမယ့္ အေျဖထြက္တဲ့ေန႔မွ စေရတြက္ရင္ေတာ့ သူက လုိေသးတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ႏွာေခါင္း အာေခါင္တုိ႔ဖတ္ ယူသြားတဲ့ရက္နဲ႔ ဆုိရင္ေတာ့ မေစာဘူးေပါ့၊ ဒါ ကြက္တိေလာက္ပဲဆုိတာ က်ေနာ္တုိ႔ ေျပာတယ္။ အာေခါင္ တုိ႔ဖတ္ မတုိင္ခင္မွာ Symptom (ေရာဂါလကၡဏာ) ျပခဲ့တဲ့ရက္ေတာင္ ရွိဦးမွာ တကယ္တမ္းဆုိရင္။ ဒါေတာင္ Swab (အာေခါင္တို႔ဖတ္) ယူတဲ့ေန႔ကေတာ့ Evidence (အေထာက္အထား) ရွိတဲ့ေန႔ေပါ့။”

ကိုဝင္းမင္း - ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ဆရာ၊ အခုလို က်န္းမာေရး ဝန္ထမ္းေတြလည္း ပင္ပန္းေနၿပီမို႔ အခက္ခဲဆုံး စိန္ေခၚမႈႀကီးကုိ ေက်ာ္လႊားႏုိင္ပါေစလုိ႔ ဆုေတာင္းေပးပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

COVID-19 ကူးစက်မှု၊ သေဆုံးမှုနဲ့ ဆေးရုံဆင်းအရေအတွက် တိုးလာရတဲ့ အကြောင်းရင်း

ရန်ကုန်မြို့မှာ မကြာခင်ရက်ပိုင်းအတွင်း နေ့စဉ် ကိုဗစ်ပိုးတွေ့၊ သေဆုံးနဲ့ ဆေးရုံဆင်း အရေအတွက် ရုတ်ချည်းပြန်များလာတာ ဘာကြောင့်ပါလဲလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက မေးရာမှာ ဒေါက်တာသန်းနိုင်စိုးက အရင်ရက်တွေက ကြွေးကျန်တွေပါ အမြန်ဆုံးစစ်လိုက်ရလို့ အခုလို ပိုးတွေ့သူ ၂,၀၀၀ ဝန်းကျင် ပြန်များလာတာပါလို့ အခုလို စရှင်းပြပါတယ်။

ဒေါက်တာသန်းနိုင်စိုး - “သူတို့ အမြန်ဆုံး စစ်လိုက်တာပေါ့။ ကြွေးကျန်တွေလည်း ရှင်းလိုက်တာပေါ့။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်က Positive လူနာတွေ ဒီဘက်မှာ လာပုံနေတာ။ အဲဒါကြောင့် တက်သွားတာပါ။ ဒီရက်ထဲမှာတော့ ထပ်တက်နေဦးမှာပဲ။ အခုကတော့ ကောင်းလာတာ RDT ပေါ်လာတာပေါ့။ အမြန်စစ်တဲ့ ကိရိယာလေ။ Rapid Diagnosis Test ပေါ့။ RDT ပေါ်လာတော့ တော်တော်များများက အထူးသဖြင့် Immediate Test (ချက်ချင်းစစ်တဲ့) စင်တာတွေပေါ့၊ လတ်လတ်ဆတ်ဆတ် ချက်ချင်းယူတဲ့ဟာတွေဆို RDT နဲ့ ဖြေရှင်းလို့ရနေပြီ။ တဖက်က စစ်တာနဲ့ တွေ့တာနဲ့ Rate (နှုန်း) လေးကတော့ သိပ်မဆိုးဘူးပေါ့။ ကျနော်တို့ ဆက်ပြီးတော့ အခြေအနေကတော့ တန်းနေတယ်လို့ပဲ ပြောရမှာပေါ့။ Graph (ဂရပ်ဖ်မျဉ်း) မှာ တင်းခံနေတဲ့သဘောပေါ့။ ကျနော်တို့ ဆက်ပြီး အားစိုက်ထုတ်လိုက်ရင်တော့ အကျဘက်ကို ဦးတည်မယ်လို့ မှန်းရတာပေါ့။ ဒီဘက်က ကျနော်တို့ ဝီရိယ စိုက်ထုတ်တဲ့ အပိုင်းကတော့ လျှော့လို့မရဘူးပေါ့။ လျှော့လိုက်ရင် ကူးစက်ရောဂါရဲ့ သဘာဝအရ တတ်နိုင်သမျှ ဂရပ်ဖ်မျဉ်း အပေါ်ထောင်ဖို့ ကြိုးစားတာပဲ။”

ကိုဝင်းမင်း - နောက်တခုက စစ်တာတွေ များတဲ့အတွက် လက်ကျန်တွေလည်း ရှိလာတယ်ပေါ့၊ အဲဒီအတွက် တစုံတရာ နားထားရတဲ့ သဘောမျိုးလည်း ကြားပါတယ်။ အဲဒီ ထူးခြားမှုလေးရော။

ဒေါက်တာသန်းနိုင်စိုး - “ဟုတ်ကဲ့ပါ၊ အဓိကတော့ PCR (ပုံမှန်စစ်တာ) ပေ့ါ။ သုံးရက် လေးရက် နားတယ်ဆိုတာ၊ NHL (အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန) တခုတည်း PCR အကြွင်းအကျန်တွေ ရှင်းရအောင် ခဏနားထားတာ။ ကျန်တဲ့စင်တာတွေကတော့ ဆက်ပြီး စစ်နေတယ်။ ပြီးတော့ RDT (အမြန်စစ်တာ) နဲ့ စစ်တာလည်း အများကြီးဖြစ်လာတယ်၊ တောက်လျှောက် ဆောင်ရွက်နေတယ်။”

ကိုဝင်းမင်း - နောက်တခု သေဆုံးမှု အနေအထားက ၄၈၊ ၅၀ နီးပါး ကပ်လာတယ်။ အများဆုံးလို့ ပြောလို့ရတာပေါ့၊ နေ့စဉ်ထွက်တဲ့ စာရင်းတွေထဲမှာ။ အဲဒါနဲ့ ပတ်သက်လို့ရော ထူးခြားမှု တွေ့မိလား။

ဒေါက်တာသန်းနိုင်စိုး - “သမားတော်ကြီးတွေ ဆွေးနွေးတဲ့အထဲမှာ ထူးခြားတာ တခုကတော့ လူနာတွေရဲ့ Deteriorate ဖြစ်တာပေါ့၊ ဆိုးသွားတာပေါ့။ တော်တော်လေး မြန်တယ်ပြောတယ်။ လာတဲ့အချိန်တုန်းက သိပ်မသိသာဘူး၊ ကောင်းနေပေမယ့် အောက်ဆီဂျင်ကျတယ်၊ တခါတည်း ICU (အထူးကြပ်မတ်ကုသဆောင်) ထဲရောက်တယ်၊ ရောက်ပြီးတော့ မကြာခင် အသက်ဆုံးရှုံးတာတွေလည်း ရှိတယ်။ အထူးသဖြင့် အသက်အရွယ် ကြီးတဲ့လူတွေ၊ ရောဂါအခံရှိတဲ့လူတွေ။ ရောဂါရဲ့ အခြေအနေက ခန့်မှန်းရခက်တယ်၊ ခုနကလို ပြင်းထန်သွားတဲ့အကြောင်း ပြောတယ်ပေါ့နော်။”

ကိုဝင်းမင်း - ဒီနေရာမှာ အရေးကြီးတာတော့ ရောဂါအခံရှိတဲ့သူတွေ အဖြစ်များတဲ့အတွက် နောက်မကျဘဲ စောစောလာဖို့ပေါ့။ သူတို့ကို အဓိက ဘာထပ်မှာချင်သေးလဲ။

ဒေါက်တာသန်းနိုင်စိုး - “အဓိကတော့ စောစောလာဖို့ တော်တော်အရေးကြီးပါတယ်။ တချို့ဆို စောစောလာရဲ့သားနဲ့တောင် ရောဂါရဲ့ အပြောင်းအလဲက နောက်က ဆေးပညာသဘာဝအရ လိုက်လို့မမီတာတွေတောင် ရှိတယ်ပေါ့။ အဲတော့ စောစောမလာတဲ့လူကတော့ ဘယ်လောက်အထိ အန္တရာယ်ကြီးလဲဆိုတာ မှန်းကြည့်တာနဲ့တင် သိသာပါတယ်။”

ကိုဝင်းမင်း - နောက်တခုက ဆေးရုံဆင်းတဲ့လူလည်း တော်တော်များလာတာ တွေ့ရတယ်။ ဆင်းတဲ့ပမာဏ အများဆုံးထင်တယ်၊ တနေ့အတွင်းမှာ ၂,၆၉၂ ယောက်၊ ၂,၇၀၀ နီးပါးပေါ့။ အဲဒီအပေါ်မှာရော ထူးခြားမှုရှိလား။

ဒေါက်တာသန်းနိုင်စိုး - “အဲဒါကတော့ ကျနော်တို့ Strategy (မဟာဗျူဟာ) ပြောင်းတာလေး နည်းနည်းလုပ်လိုက်တယ်။ အဓိကတော့ Scientific Evidence-based (သိပ္ပံနည်းကျအထောက်အထားအရ) ပဲပေါ့။ အရင်တုန်းက Positive (ပိုးတွေ့အဖြေထွက်တာ) ဖြစ်မှ Positive ဖြစ်တဲ့ရက်က စရေတွက်တာ ၁၁ ရက်က။ အခုကတော့ Date of Swab (အာခေါင်တို့ဖတ်) ဆိုတာ၊ Swab ယူတဲ့နေ့ကနေ စရေတွက်တာ။ အဲဒီလိုပဲ ကြားထဲမှာ ၃ ရက်လောက် အဖြေစောင့်ရတဲ့ လူတွေက ၃ ရက်လောက် စောဆင်းလို့ ရသွားတယ်။ ၂ ရက် ကြိုစောင့်ခဲ့ရတဲ့ သူတွေက ၂ ရက် စောဆင်းလို့ရတယ်။ အနည်းဆုံးက အမြန်ဆုံး ဆိုတဲ့လူတောင် ၁ ရက် အဖြေစောင့်ရတယ်။ အဲ့တော့ ၁ ရက် အဖြေစောင့်ရတဲ့လူကလည်း ၁ ရက် စောဆင်းလို့ရသွားတယ်။ ဒါကတော့ Clinical Management Committee (ကုသမှုစီမံရေးကော်မတီ) ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြောင်းလဲလိုက်တာပေါ့။ စနေနေ့ညထဲက ညတွင်းချင်း အစည်းအဝေး ဆုံးဖြတ်ချက် အတည်ပြုပြီးတာနဲ့ ည ၁၂ နာရီကျော်တာနဲ့ ဆင်းကြပြီပေါ့။”

ကိုဝင်းမင်း - ဒါ သိပ္ပံနည်းကျလည်း ကိုက်တယ်ဆိုတော့ ပြဿနာ မရှိပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ လူထုကြားမှာ စိုးရိမ်မှုရှိမှာရော စိုးရိမ်လား။

ဒေါက်တာသန်းနိုင်စိုး - “သူတို့ ပြန်မေးတယ်၊ သူတို့ကို အရင် ဆေးရုံမှာထားတာက ဘယ်နေ့မှ ပြန်ဆင်းရမလဲဆိုတာ။ ဒါပေမယ့် စောဆင်းလာတယ်ပေါ့။ ဒါပေမယ့် ဟုတ်တယ် စောဆင်းတာလည်း မှန်တယ်။ ဒါပေမယ့် အဖြေထွက်တဲ့နေ့မှ စရေတွက်ရင်တော့ သူက လိုသေးတယ်။ ဒါပေမယ့် သူ့ရဲ့ နှာခေါင်း အာခေါင်တို့ဖတ် ယူသွားတဲ့ရက်နဲ့ ဆိုရင်တော့ မစောဘူးပေါ့၊ ဒါ ကွက်တိလောက်ပဲဆိုတာ ကျနော်တို့ ပြောတယ်။ အာခေါင် တို့ဖတ် မတိုင်ခင်မှာ Symptom (ရောဂါလက္ခဏာ) ပြခဲ့တဲ့ရက်တောင် ရှိဦးမှာ တကယ်တမ်းဆိုရင်။ ဒါတောင် Swab (အာခေါင်တို့ဖတ်) ယူတဲ့နေ့ကတော့ Evidence (အထောက်အထား) ရှိတဲ့နေ့ပေါ့။”

ကိုဝင်းမင်း - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ၊ အခုလို ကျန်းမာရေး ဝန်ထမ်းတွေလည်း ပင်ပန်းနေပြီမို့ အခက်ခဲဆုံး စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

XS
SM
MD
LG