သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု ၂,၀၀၀ ကျော် စံချိန်တင်


ရန်ကုန်မြို့ရှိ ဆေးသုတေသနဌာနမှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၈၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ ဆေးသုတေသနဌာနမှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ဒီနေ့မှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၂,၁၀၀ ကျော်နဲ့ နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်သူ ၂,၁၅၈ ယောက် ထပ်မံတွေ့ရှိတာကြောင့် အခုဆိုရင် တနိုင်ငံလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆,၀၆၄ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)

ဒါ့အပြင် ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၃၂ ယောက်ရှိတာကြောင့် သေဆုံးသူ စုစုပေါင်း ၅၉၈ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူ ၃၂ ယောက်ထဲက ၃၁ ယောက်က ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ဓာတ်ခွဲစမ်းသပ်မှုတွေကို တိုးပြီးတော့ လုပ်ဆောင်လာနေသလို ပိုးကူးစက်ခံရသူတွေလည်း ပိုပြီးတော့ တွေ့ရှိလာနေတာ ဖြစ်ပါတယ်။

မနေ့ည ၈ နာရီကနေ ဒီနေ့ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၁၆,၃၁၂ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ကူးစက်သူ ၂,၁၅၈ ယောက် ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မနေ့ကတော့ ဓာတ်ခွဲနမူနာ ၁၅,၃၀၁ ကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့ရှိသူ ၁,၄၆၁ ယောက်ရှိတာကြောင့် ဒီနေ့ ရောဂါပိုးတွေ့ရှိမှုက အရေအတွက်အရရော ရာခိုင်နှုန်းအရပါ တိုးလာနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။

မနေ့ကတွေ့ရှိသူ ၁,၄၆၁ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁,၂၀၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၆၇ ယောက်နဲ့ ဒုတိယ၊ ပဲခူးတိုင်းက ၃၅ ယောက်နဲ့ တတိယအများဆုံး ဖြစ်ခဲ့ပါတယ်။

ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့လို ဆေးရုံက ဆင်းခွင့်ရ ၃၁၂ ယောက်ရှိတာကြောင့် ရောဂါသက်သာ ပျောက်ကင်းသူ အရေအတွက် ၇,၀၅၀ ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)










XS
SM
MD
LG