သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခမဲ့ဖျားနာကုဆေးခန်းတွေ တိုးချဲ့ဖွင့်နိုင်ဖို့ မြန်မာဆေးပညာရှင်တွေစီစဉ်


ဒေါပုံ Fever Clinic (ဓါတ်ပုံ-Community Fever Clinic - Yangon Network)
ဒေါပုံ Fever Clinic (ဓါတ်ပုံ-Community Fever Clinic - Yangon Network)

(Zawgyi/Unicode)

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်သူ နေ့စဉ်လိုထောင်ချီတွေ့လာချိန် Fever Clinic ဖျားနာအခမဲ့ဆေးခန်းတွေမှာ တခါတည်း Swab Test ယူပြီး ပိုးစစ်ဆေး ရှာဖွေမှုတွေမှာနေ့စဉ်လိုလို လူနာထက်ဝက်ကျော်လောက်မှာ ပိုးတွေ့ရှိနေတဲ့အခြေအနေနဲ့အရေးပေါ်ဆေးကုသမှု လိုအပ်ချက်အရ အခမဲ့ ဖျားနာကုဆေးခန်းတွေ ထပ် -တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးစားနေကြတဲ့အကြောင်း မဆုမွန် ပြောပြမှာပါ။

အခုဆိုရင် ရောဂါပိုးသံသယရှိသူတွေကို အချိန်တိုအတွင်း အမြန်ဆုံး ပိုးရှိ-မရှိ အုပ်စုလိုက် စစ်ဆေးပေးနေတာမို့ ဒီရက်ပိုင်းမှာကိုတထောင်ဝန်းကျင်လောက် နေ့စဉ်လို ပိုးတွေ့ရှိတာကြောင့် အခုဆိုရင် မြန်မာနိုင်ငံတဝန်းလုံး အတိုင်းအတာနဲ့COVID 19 ရောဂါပိုးတွေ့ရှိသူပေါင်း ၂၂,၀၀၀ ကျော်အထိဖြစ်သွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူကလည်း ၅၀၀ကျော်သွားပြီဖြစ်ပါတယ်။

ဒီလိုကပ်ရောဂါဖြစ်နေချိန် ပြည်သူတွေ ဖျားနာ မကျန်းမာလာရင် အခမဲ့ကျန်းမာရေးဆေးကုသမှုပေးနေတဲ့ Fever Clinic တွေထဲ အထူးသဖြင့် အင်းစိန်မြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ ကိုဗစ်ရောဂါလက္ခဏာသံသယရှိသူတွေ ကိုဗစ်ရှိ-မရှိ ရောဂါပိုး စစ်ဆေးပေးနေတာဖြစ်ပါတယ်။ ဒီလို နေ့စဉ်လိုစစ်ဆေးမှုတွေထဲ စစ်ဆေးသူတွေထဲက ထက်ဝက်ကျော်လောက် နေ့စဉ်ပိုးရှာဖွေတွေ့ရှိနေတယ်လို့ အင်းစိန်မြို့နယ်က တာဝန်ခံဆရာဝန် ဒေါက်တာညီညီစိုးက ဗွီအိုအေမြန်မာပိုင်းကိုပြောပြပါတယ်။

" ကျနော်တို့ တစ်နေ့ကို ငါးဆယ်ဝန်းကျင်စစ်ပါတယ်။ ငါးဆယ်ဝန်းကျင် စစ်တဲ့အခါမှာ ၅၀% ပေါ့နော် ငါးဆယ်နဲ့ ငါးဆယ့်ငါ့းရာခိုင်နှုန်း ကြားမှာ ပေါ့စတစ်ထွက်တယ် စစ်တဲ့အထဲမှာ။ဒီနေ့ဆိုရင် ၄၈ယောက် စစ်တယ်။အဲ့ဒီ့မှာ ၂၇ယောက် ပေါ့စတစ် ထွက်ပါတယ်။ အင်းစိန်ကလူတွေချည်း စစ်တာ မဟုတ်ပါဘူးခင်ဗျ။ တခြားမြို့နယ်တွေကနေ တခြား Fever Clinic တွေကနေ လွှဲတာတွေရှိတယ် အဲ့တာတွေကိုစစ်ပါတယ်။ စစ်တဲ့အခါမှာလည်း ကျနော်တို့က တကယ့်ကို ကိုဗစ်လို့ သေချာတဲ့သူတွေကိုပဲ စစ်ပါတယ်။ တွေ့ပြီဆိုတာနဲ့ တွေ့တဲ့လူနာတွေကို Ambulanceတွေနဲ့ တခါတည်း အင်းစိန်ဆေးရုံ တန်းပို့လိုက်ပါတယ်။ သူတို့ကို အိမ်မပြန်ခိုင်းတော့ပါဘူး။ရှင်းရှင်းပြောရရင် လက်ရှိကိုဗစ်ဖြစ်နေတဲ့လူနာတွေက အရမ်းကိုများလာပြီဖြစ်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ နေထိုင်ကြပါလို့ပဲပြောချင်တော့တယ် အဓိကကလေ အခုက ဖြစ်တာက တော်တော်လေးကို များလာနေပါတယ်။"

အခုဆိုရင် လူထုကြားနေမကောင်း မကျန်းမာဖြစ်သူတွေများလာတဲ့အတွက် ပြည်သူတွေကို အရေးပေါ် ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ဖို့ အခမဲ့ဖျားနာကုဆေးခန်းတွေ မြို့နယ်တွေမှာ အသစ်ထပ်တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေသလို စေတနာ့ဝန်ထမ်းဆရာဝန် ကျန်းမာရေးဝန်ထမ်း အင်အားထပ်ဖြည့်နိုင်ရေး မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့အတူ ဆေးပညာရှင်တွေဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ အခမဲ့ဖျားနာကုဆေးခန်းတွေရဲ့ ကွန်ရက်တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းကလည်းပြောပါတယ်။

"ကျနော်တို့ ကွမ်းခြံကုန်းကိုတော့ ဒီရက်ပိုင်းအတွင်းဖွင့်နိုင်ပါတယ်။ဗဟန်းကိုတော့ လာမယ့်အပတ်အတွင်း ဖွင့်ဖြစ်အောင် ကြိုးစားနေပါတယ်။ နောက်ဖွင့်မယ့်မြို့နယ်တွေထဲ ရှိပါတယ်။ ကျနော်တို့ ယာထားတာ စမ်းချောင်း၊ ပုဇွန်တောင်နဲ့ နဂိုဖွင့်ထားပြီးသား သင်္ကန်းကျွန်းကိုလည်း ပြန်ဖွင့်နိုင်အောင် ကြိုးစားနေပါတယ်။ ဘာဖြစ်လို့ အခုလိုအသစ်တွေဖွင့်ဖို့ ကြိုးစားရသလဲဆိုတဲ့ရည်ရွယ်ချက်က တချို့မြို့နယ်တွေကFever Clinic မရှိတော့ အဲ့ဒီ့မြို့နယ်ကသူတွေ ဘယ်မှာဆေးခန်းသွားပြရမလဲဆိုတဲ့ပြဿနာတွေဖြစ်တယ်။သူတို့မြို့နယ်မှာ Fever Clinic မရှိတဲ့အပေါ်မှာ သူတို့အခက်ခဲဖြစ်နေကြတယ်။ အခုက ဆေးရုံတွေမှာလည်း လူနာတွေက အရမ်းများတော့ Workload တွေပိနေတယ် ဆိုတော့ တချို့တော်တော်များများကလည်း မသွားချင်တော့ဘူး။ မရှိတဲ့မြို့နယ်တွေက အနီးစပ်ဆုံးဖြစ်တဲ့မြို့နယ် ကိုရောက်ရောက် လာကြတယ်။ ဗဟန်းက အခုမှစမယ်ဆိုတော့ ကနဦးက ဗဟန်းမှာမရှိတော့ တာမွေကိုရောက်လာကြတယ်။ လာတော့ တမြို့နယ် တမြို့နယ်မှာFever Clinic မှာ လူနာတွေက အများကြီးဖြစ်ကုန်ရော။ဒါကြောင့် အဓိက ထပ်တိုးဖွင့်ဖြစ်အောင် မြို့နယ်တိုင်း ဖွင့်ဖြစ်အောင် အစီအစဉ်တွေ Plan တွေ လုပ်နေပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်များ အသင်းရယ် CommunityFever Clinic ရန်ကုန်နက်ဝပ်ရယ် ကျနော်တို့ပေါင်းပြီး လုပ်ကြတာပေါ့နော်။"

အခုဆိုရင်တော့ COVID 19 ရောဂါပိုးတွေ့ရှိမှုအများဆုံးတိုင်းဖြစ်တဲ့ ရန်ကုန်တိုင်းတွင်းအတွင်း လူထုကို ဖျားနာအခမဲ့ကုသပေးနေတဲ့Fever Clinicပေါင်း ၂၀ကျော်အထိ ဖွင့်လှစ်ပေးထားပြီး ကိုဗစ်ရောဂါလက္ခဏာသံသယရှိသူတွေကို အင်းစိန်နဲ့ မြောက်ဥက္ကလာပဆေးခန်းတွေမှာ တခါတည်း ရောဂါပိုးရှာဖွေပေးနေတဲ့အခြေအနေကိုလည်း ဒေါက်တာကျော်မင်းထွန်းကရှင်းပြပါတယ်။

"၃လောလောဆယ် စာရင်းအရတော့Fever Clinic ဆေးခန်း ၂၂ခန်း ဖွင့်ထားပါတယ်။၂၁ မြို့နယ်ကတော့ Run နေပါပြီ ကော့မှူးဘက်ကတော့ လောလောဆယ် စလို့မရသေးဘူး။ ကွမ်းခြံကုန်းအပါ ၂၁မြို့နယ်မှာတော့ စပြီး ဖွင့်နေပြီ။ ဗဟန်းပါစနိုင်ပြီဆိုရင် ၂၃ခုဖြစ်မယ်။Swab Test ကတော့ မြောက်ဥက္ကလာ Fever Clinic ကလည်း စစ်ပေးနေပြီ။အင်းစိန်ကလည်း Swab ယူပေးပါတယ်။ တခြားFever Clinicတွေကတော့ ဘာတွေ လုပ်ပေးနေလဲဆိုတော့ လူနာတွေ လာပြပြီဆိုတာနဲ့ ကိုဗစ်ကြောင့်ဖျားတာလား ရာသီတုပ်ကွေးကြောင့် ဖျားတာလား ဖျားတာတခုတည်းကိုသေချာစစ်ပေးတယ် နောက်တခုက အနံ့ပျောက်လူနာတွေလာတယ်ဆိုရင် မြို့နယ်တော်တော်များများမှာ အနံ့ပျောက်စင်တာတွေရှိတယ်။ နေရာလွတ်ရှိတယ်ဆိုရင် အဲ့လူနာကို အနံ့ပျောက်စင်တာကိုပို့လိုက်တယ် နေရာလွတ်မရှိဘူးဆိုရင် အဲ့ဒီ့လူကို အိမ်မှာ ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုလုပ်ဆိုပြီးတော့ သီးခြားခွဲနေခိုင်းလိုက်တယ်။ လောလောဆယ်တော့ Fever Clinic တွေမှာ Swab Test ယူလို့ရနေတာက ကျနော်တို့မြောက်ဥက္ကလာနဲ့ အင်းစိန်မှာပဲ ရပါသေးတယ်။"

မြို့နယ်တွေက အခမဲ့ဖျားနာကုဆေးခန်းတွေမှာ ဆေးခန်းလာပြသူတွေ များလာသလို လူအစုလိုက်အပြုံလိုက် နေ့စဉ်လို ပိုးတွေ့ရှိမှုဦးရေ တနေ့ထက်တနေ့များပြားလာပြီး ကူးစက်သူ သောင်းဂဏန်းအထိဖြစ်လာချိန် စေတနာ့ဝန်ထမ်းဆေးပညာရှင်တွေ ဆရာဝန်သူနာပြုတွေဘက်က ဆေးရုံဆေးခန်းတွေမှာ အချိန်ပြည့် ကုသပေးနေကြချိန် ပြည်သူလူထုဘက်က ရောဂါကူးစက်မှုကြိုတင် ကာကွယ်တားဆီးနိုင်ရေး ဆောင်ရန်ရှောင်ရန်တွေကို အထူးလိုက်နာပြီး ဝိုင်းဝန်းကူညီပေးကြပါလို့ စေတနာ့ဝန်ထမ်းဆရာဝန်တွေက မေတ္တာရပ်ခံပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)










XS
SM
MD
LG