သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းအတြင္းၿမိဳ႕နယ္အလိုက္ ေစာင့္ၾကည့္စင္တာမ်ား တိုးဖြင့္


COVID 19 ေရာဂါရွိမရွိ swab နမူနာယူေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Community Fever Clinic - Yangon Network- စက္တင္ဘာ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

လူထုၾကား ကူးစက္ျမန္ COVID 19 ကပ္ေရာဂါ လကၡဏာျပလာတဲ့သူေတြ မ်ားျပားလာတဲ့အတြက္ isolation Center ေတြ တိုးခ်ဲ႕ထားရွိၿပီး သီးျခားခြဲေစာင့္ေရွာက္လာေနတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပေပးပါမယ္။

ျမန္မာနုိင္ငံတဝန္း ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႔ရွိတဲ့ COVID 19 လူနာ ၁၀,၀၀၀ ေက်ာ္နဲ႔ ေသဆံုးသူ ၂၀၀ ေက်ာ္လာခ်ိန္မွာ ရန္ကုန္တိုင္းဟာ ျပည္တြင္းကူးစက္မႈ အမ်ားဆံုးတိုင္းတခုျဖစ္လာေနတာပါ။ လူထုၾကား အနံ႔ေပ်ာက္တာလိုမ်ိဳး COVID 19 ေရာဂါလကၡဏာျပသူေတြ မ်ားလာတဲ့အတြက္ သူတို႔ကို သီးျခားခြဲေနထိုင္ေစမယ့္ Isolation Center ေတြ ၿမိဳ႕နယ္တိုင္းလိုလိုမွာ ထားရွိလာေနပါတယ္။

ဒီရက္ပိုင္းအတြင္းကို အခမဲ့ဖ်ားနာကုေဆးခန္းေတြကို လာျပသူေတြထဲ အနံ႔ေပ်ာက္သူေတြ အရမ္းမ်ားလာၿပီး ဒီအထဲကမွ ပိုးေတြ႔ရွိသူေတြလည္း မ်ားျပားလာတဲ့အတြက္ Isolation Center ေတြထားၿပီး ေစာင့္ေရွာက္စစ္ေဆးမႈေတြ လုပ္လာရတာလို႔ အခမဲ့ဖ်ားနာကုေဆးခန္း တာဝန္ခံေဒါက္တာေက်ာ္မင္းထြန္းက လက္ရွိအေျခအေနေျပာျပပါတယ္။

"အနံ႔မရတဲ့သူေတြကေလ ဒီေန႔ဆိုရင္ တာေမြမွာ ခုဏကပဲ လူနာေတြ အရမ္းမ်ားလာလို႔ က်ေနာ္ကိုယ္တုိင္သြားၾကည့္တာေပါ့ ဒီေန႔ဆို ၇၀ ေက်ာ္တယ္။ အဲ့အထဲမွာမွ အနံ႔မရလို႔ လာျပတဲ့သူ ႏႈန္းထားက တဝက္ေက်ာ္တယ္ သံုးပံုနွစ္ပံုေလာက္ကိုရွိတယ္။ အနံ႔မရတာခ်ည္းပဲ။ ေမးလုိက္ရင္ အနံ႔မရပါ အနံ႔မရပါ အဲ့လိုေတြရွိလာတယ္။ အဲ့အထဲမွာ က်ေနာ္တို႔က အမ်ိဳးအစားခြဲလိုက္တယ္။ စိုးရိမ္အေနအထားမ်ိဳးလား ေရာဂါအခံရွိလား မိသားစုဝင္ေတြ အမ်ားၾကီးရွိလားေပါ့ ခြဲထုတ္လိုက္တယ္ေပါ့။ မနက္ျဖန္ဆို တာေမြမွာ Isolation Center ကိုသြားပို႔ၾကၿပီေပါ့။ ေလာေလာဆယ္ အဲ့ဒီ့ေနရာမွာ ယာယီ နားဖို႔ ေခတၱ ေနရာခြဲၿပီး သီးျခားခြဲေနဖို႔ ပံုစံသတ္မွတ္ၿပီးေတာ့ အနည္းဆံုး လူ ၂၀ နဲ႔ ၅၀ၾကား ၿမိဳ႕နယ္ေတြမွာ သတ္မွတ္ထားတာေပါ့ေနာ္။ Swab မယူခင္ အဲ့မွာ ခဏ ထားမယ္ေပါ့ေနာ္။ အနည္းဆံုး ႏွစ္ပတ္ လူေနရမယ့္သေဘာ ရွိပါတယ္ အဲ့မွာေလ။ ထားမယ့္သူကေတာ့ မိသားစုဝင္မ်ားတဲ့သူေတြ သက္ၾကီးရြယ္အိုေတြ အိမ္မွာရွိတဲ့သူေတြ အေဆာင္ေနတဲ့သူေတြ ရပ္ကြက္က လက္မခံတဲ့သူေတြေပါ့ေနာ္ ေခတၱယာယီထားၿပီးတာ့ ေဆးရံုပို႔မယ္ေပါ့ေနာ္။"

မိမိကိုယ္မိမိ COVID 19 ေရာဂါလကၡဏာရွိတယ္လို႔ သံသယရွိတဲ့သူေတြအေနနဲ႔ ေနအိမ္ကိုျပန္လို႔မျဖစ္တဲ့ အေျခအေနနဲ႔ ႀကံဳလာမယ္ဆိုရင္ Isolation Center မွာ တခါတည္း သီးျခားခြဲေနထိုင္ႏုိင္ေအာင္ ၾကိဳတင္ျပင္ဆင္လာၾကဖို႔ကိုလည္း ေဒါက္တာေက်ာ္မင္းထြန္းက အၾကံေပးပါတယ္။

"တခါတည္း ေဆးခန္းလာမယ္ဆိုရင္ကိုယ့္ဘက္ကေန Backup Plan အေနနဲ႔ ၁၄ ရက္စာ အထုပ္ထုတ္ၿပီးပဲ လာပါ ေနာက္ မလာခင္အရင္ဆံုးေတာ့ က်ေနာ္တို႔ဆီ ဖုန္းနဲ႔ဆက္သြယ္ပါ။ Community Fever Clinic Yangon ကြန္ရက္က ဆက္သြယ္လို႔ရမယ့္ ဆရာဝန္ဖုန္းနံပတ္ေတြ ရွိတယ္။ အရင္ေမးပါ အခုက သူ႔ၿမိဳ႕နယ္ သူပဲလက္ခံတယ္ နယ္ေက်ာ္ၿပီးလည္း လက္မခံဘူး။ အခုက တာေမြဆို တာေမြပဲ လက္ခံတယ္။ လိႈင္သာယာဆို လိႈင္သာယာပဲလက္ခံတယ္။ ေစာင္၊ ျခင္ေထာင္၊ ေခါင္းအံုး၊ ေရခြက္က အစေပါ့ေနာ္... အကုန္သယ္လာေပးပါ။ က်ေနာ္တို႔က ေနရာထိုင္ခင္း စီစဥ္ေပးမယ္။ အစားအေသာက္ကေတာ့ က်ေနာ္တို႔လက္ရွိတာ့ ေကၽြးမွာပါ။ ကြာရမ္တင္းဆိုက္ေတြမွာလည္း ေကၽြးေနတယ္ဆိုေတာ့ေလ။ လူနာတုိင္းကိုလည္း က်ေနာ္တို႔ Isolation Center ကိုပို႔မွာ မဟုတ္ပါဘူး။ အိမ္မွာျပန္ေနလို႔ အဆင္ေျပတဲ့သူေတြဆိုရင္လည္း အိမ္မွာျပန္ၿပီး ေဆာင္ရန္ေရွာင္ရန္ေတြေျပာၿပီး နားခုိင္းမယ္ အဲ့လိုေလးေတြ က်ေနာ္တို႔စီစဥ္ေပးေနပါတယ္။"

အနံ႔ေပ်ာက္တဲ့ လကၡဏာျပလာတဲ့ လူနာမ်ားလာတဲ့ ၿမိဳ႕နယ္တခုျဖစ္တဲ့ သဃၤန္းကၽြန္းၿမိဳ႕နယ္မွာလည္း Isolation Center ထားဖို႔ ဝိုင္းဝန္းစီစဥ္ေနၾကတယ္လို႔လူထုကို က်န္းမာေရးေစာင့္ေရွာက္ေပးေနတဲ့ ေစတနာ့ဝန္ထမ္း ဆရာဝန္ေဒါက္တာေက်ာ္စြာဦးကလည္း ေျပာျပပါတယ္။

အလံုၿမိဳ႕ရွိ Fever Clinic မွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Ahlone Fever Clinic - စက္တင္ဘာ ၂၇၊ ၂၀၂၀)
အလံုၿမိဳ႕ရွိ Fever Clinic မွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Ahlone Fever Clinic - စက္တင္ဘာ ၂၇၊ ၂၀၂၀)

"အခုေနာက္ပိုင္း ကိုဗစ္ ၁၉ ရဲ႕ အဓိကလကၡဏာေပါ့ေနာ္။ အနံ႔ေပ်ာက္တာကျဖစ္ေနတာေပါ့။ ဒါေၾကာင့္ က်ေနာ္တို႔က အနံ႔ေပ်ာက္တယ္ဆိုတဲ့ လူေတာ္ေတာ္မ်ားမ်ားကို လိုအပ္လို႔ က်ေနာ္တို႔က Isolation Center အေနနဲ႔ ထားႏုိင္ေအာင္ပါ။ အနံ႔မရတဲ့သူေတြ သီးသန္႔ထားဖို႔ အစီအစဥ္ေတြ က်ေနာ္တို႔လုပ္ေနပါတယ္။ ရန္ကုန္တုိင္းေဒသၾကီးအေနနဲ႔လည္း စီစဥ္ေနသလို က်ေနာ္တို႔ ၿမိဳ႕နယ္ေတြအေနနဲ႔လည္း ကိုယ့္ဘာသာကိုယ္ စီစဥ္ေနတာေတြ ရွိပါတယ္။ တုိင္းက်န္းမာေရးဦးစီးဌာနရဲ႕ ညႊန္ၾကားမႈနဲ႔ ေနာက္ ၃ ၄ရက္ဆိုရင္ လူ ၆၀- ၇၀ ေလာက္ ထားလို႔ရမယ့္ စင္တာတခုထားဖို႔ လုပ္ေနပါတယ္။"

ဒီလိုမ်ိဳး သီးျခားခြဲေနဖို႔ လိုအပ္လာသူေတြ မိမိေနထိုင္တဲ့ပတ္ဝန္းက်င္ မိမိ မိသားစုနဲ႔ လုပ္ငန္းခြင္ထဲမွာ ကိုဗစ္၁၉ ေရာဂါ လကၡဏာျပလာတဲ့သူေတြ နဲ႔ ရင္ဆိုင္ရလာရင္လည္း အျပစ္မတင္ဖို႔ ခြဲျခားဆက္ဆံျခင္း မရွိဘဲ အားေပးနွစ္သိမ့္ေပးၾကဖို႔ကုိလည္း ေဒါက္တာေက်ာ္စြာဦးက ေမတၱာရပ္ခံပါတယ္။

"တကယ္လို႔ အနံ႔ေပ်ာက္တယ္သူေတြ ရွိလာရင္ ေတြ႔လာရင္သူ႔ကို ခြဲျခားဆက္ဆံတာ မလုပ္ပဲနဲ႔ တတ္ႏုိင္သေလာက္ သူ႔ကို အားေပးႏွစ္သိမ့္ ပံ့ပိုးကူညီၿပီးေတာ့ ေဆးကုနုိင္ေအာင္ဆက္သြယ္ေပးတာတို႔ ေဆး႐ံုေဆးခန္း ပို႔ေပးတာတို႔ Fever Clinic ပို႔ေပးတာတို႔ Call Center ေတြ ဆက္သြယ္ေပးတာတို႔ သက္ဆုိင္ရာကို အေၾကာင္းၾကားေပးတာမ်ိဳးေတြ ဝိုင္းဝန္းကူညီ လုပ္ေပးေစခ်င္ပါတယ္ဗ်။ ေနာက္ ပတ္ဝန္းက်င္မွာ ဒီလိုလူေတြ ေတြ႔ရင္လည္း ဝိုင္းေဖးမေစခ်င္ပါတယ္။ ခြဲျခားဆက္ဆံတာေတြ မလုပ္ေစခ်င္ပါဘူး။ ေနာက္တခုက ကိုယ့္မွာ အဲ့လို ေရာဂါလကၡဏာ ျပေနတဲ့သူေတြအေနနဲ႔ကလည္း တျခားသူကို ငဲ့့ညွာတဲ့အေနနဲ႔ ေလွ်ာက္သြားေနတာမ်ိဳးေတြ မလုပ္ပါနဲ႔ ေနာ္။ Mask ကို မျဖစ္မေန တပ္ေစခ်င္ပါတယ္။"

အခုအခ်ိန္မွာေတာ့ လူထုအတြင္း ဖ်ားနာသူေတြ မ်ားျပားလာတဲ့အတြက္ ဖ်ားနာကုေဆးခန္းေတြမွာ ေန႔စဥ္လို ေဆးလာကုသသူေတြ မ်ားျပားလာတဲ့အတြက္ Fever Clinic ေတြ ရက္တိုးဖြင့္လာသလို ေဆးပညာရွင္ေတြ ဆရာဝန္ေတြဘက္ကလည္း အင္တုိက္အားတိုက္ ေဆးကုသေစာင့္ေရွာက္မႈေတြ ပိုတိုး လုပ္ေဆာင္ေပးေနၾကသလို ေစတနာ့ဝန္ထမ္းေတြရဲ႕အကူအညီလည္း အေရးေပၚလိုအပ္ေနတယ္လို႔ ဆရာဝန္ေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်တိုင်းအတွင်းမြို့နယ်အလိုက် စောင့်ကြည့်စင်တာများ တိုးဖွင့်

လူထုကြား ကူးစက်မြန် COVID 19 ကပ်ရောဂါ လက္ခဏာပြလာတဲ့သူတွေ များပြားလာတဲ့အတွက် isolation Center တွေ တိုးချဲ့ထားရှိပြီး သီးခြားခွဲစောင့်ရှောက်လာနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ COVID 19 လူနာ ၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၀၀ ကျော်လာချိန်မှာ ရန်ကုန်တိုင်းဟာ ပြည်တွင်းကူးစက်မှု အများဆုံးတိုင်းတခုဖြစ်လာနေတာပါ။ လူထုကြား အနံ့ပျောက်တာလိုမျိုး COVID 19 ရောဂါလက္ခဏာပြသူတွေ များလာတဲ့အတွက် သူတို့ကို သီးခြားခွဲနေထိုင်စေမယ့် Isolation Center တွေ မြို့နယ်တိုင်းလိုလိုမှာ ထားရှိလာနေပါတယ်။

ဒီရက်ပိုင်းအတွင်းကို အခမဲ့ဖျားနာကုဆေးခန်းတွေကို လာပြသူတွေထဲ အနံ့ပျောက်သူတွေ အရမ်းများလာပြီး ဒီအထဲကမှ ပိုးတွေ့ရှိသူတွေလည်း များပြားလာတဲ့အတွက် Isolation Center တွေထားပြီး စောင့်ရှောက်စစ်ဆေးမှုတွေ လုပ်လာရတာလို့ အခမဲ့ဖျားနာကုဆေးခန်း တာဝန်ခံဒေါက်တာကျော်မင်းထွန်းက လက်ရှိအခြေအနေပြောပြပါတယ်။

အလံုၿမိဳ႕ရွိ Fever Clinic မွာ ေတြ႔ရတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ဓာတ္ပံု - Ahlone Fever Clinic - စက္တင္ဘာ ၁၇၊ ၂၀၂၀)
အလံုၿမိဳ႕ရွိ Fever Clinic မွာ ေတြ႔ရတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ဓာတ္ပံု - Ahlone Fever Clinic - စက္တင္ဘာ ၁၇၊ ၂၀၂၀)

"အနံ့မရတဲ့သူတွေကလေ ဒီနေ့ဆိုရင် တာမွေမှာ ခုဏကပဲ လူနာတွေ အရမ်းများလာလို့ ကျနော်ကိုယ်တိုင်သွားကြည့်တာပေါ့ ဒီနေ့ဆို ၇၀ ကျော်တယ်။ အဲ့အထဲမှာမှ အနံ့မရလို့ လာပြတဲ့သူ နှုန်းထားက တဝက်ကျော်တယ် သုံးပုံနှစ်ပုံလောက်ကိုရှိတယ်။ အနံ့မရတာချည်းပဲ။ မေးလိုက်ရင် အနံ့မရပါ အနံ့မရပါ အဲ့လိုတွေရှိလာတယ်။ အဲ့အထဲမှာ ကျနော်တို့က အမျိုးအစားခွဲလိုက်တယ်။ စိုးရိမ်အနေအထားမျိုးလား ရောဂါအခံရှိလား မိသားစုဝင်တွေ အများကြီးရှိလားပေါ့ ခွဲထုတ်လိုက်တယ်ပေါ့။ မနက်ဖြန်ဆို တာမွေမှာ Isolation Center ကိုသွားပို့ကြပြီပေါ့။ လောလောဆယ် အဲ့ဒီ့နေရာမှာ ယာယီ နားဖို့ ခေတ္တ နေရာခွဲပြီး သီးခြားခွဲနေဖို့ ပုံစံသတ်မှတ်ပြီးတော့ အနည်းဆုံး လူ ၂၀ နဲ့ ၅၀ကြား မြို့နယ်တွေမှာ သတ်မှတ်ထားတာပေါ့နော်။ Swab မယူခင် အဲ့မှာ ခဏ ထားမယ်ပေါ့နော်။ အနည်းဆုံး နှစ်ပတ် လူနေရမယ့်သဘော ရှိပါတယ် အဲ့မှာလေ။ ထားမယ့်သူကတော့ မိသားစုဝင်များတဲ့သူတွေ သက်ကြီးရွယ်အိုတွေ အိမ်မှာရှိတဲ့သူတွေ အဆောင်နေတဲ့သူတွေ ရပ်ကွက်က လက်မခံတဲ့သူတွေပေါ့နော် ခေတ္တယာယီထားပြီးတာ့ ဆေးရုံပို့မယ်ပေါ့နော်။"

မိမိကိုယ်မိမိ COVID 19 ရောဂါလက္ခဏာရှိတယ်လို့ သံသယရှိတဲ့သူတွေအနေနဲ့ နေအိမ်ကိုပြန်လို့မဖြစ်တဲ့ အခြေအနေနဲ့ ကြုံလာမယ်ဆိုရင် Isolation Center မှာ တခါတည်း သီးခြားခွဲနေထိုင်နိုင်အောင် ကြိုတင်ပြင်ဆင်လာကြဖို့ကိုလည်း ဒေါက်တာကျော်မင်းထွန်းက အကြံပေးပါတယ်။

"တခါတည်း ဆေးခန်းလာမယ်ဆိုရင်ကိုယ့်ဘက်ကနေ Backup Plan အနေနဲ့ ၁၄ ရက်စာ အထုပ်ထုတ်ပြီးပဲ လာပါ နောက် မလာခင်အရင်ဆုံးတော့ ကျနော်တို့ဆီ ဖုန်းနဲ့ဆက်သွယ်ပါ။ Community Fever Clinic Yangon ကွန်ရက်က ဆက်သွယ်လို့ရမယ့် ဆရာဝန်ဖုန်းနံပတ်တွေ ရှိတယ်။ အရင်မေးပါ အခုက သူ့မြို့နယ် သူပဲလက်ခံတယ် နယ်ကျော်ပြီးလည်း လက်မခံဘူး။ အခုက တာမွေဆို တာမွေပဲ လက်ခံတယ်။ လှိုင်သာယာဆို လှိုင်သာယာပဲလက်ခံတယ်။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ရေခွက်က အစပေါ့နော်... အကုန်သယ်လာပေးပါ။ ကျနော်တို့က နေရာထိုင်ခင်း စီစဉ်ပေးမယ်။ အစားအသောက်ကတော့ ကျနော်တို့လက်ရှိတာ့ ကျွေးမှာပါ။ ကွာရမ်တင်းဆိုက်တွေမှာလည်း ကျွေးနေတယ်ဆိုတော့လေ။ လူနာတိုင်းကိုလည်း ကျနော်တို့ Isolation Center ကိုပို့မှာ မဟုတ်ပါဘူး။ အိမ်မှာပြန်နေလို့ အဆင်ပြေတဲ့သူတွေဆိုရင်လည်း အိမ်မှာပြန်ပြီး ဆောင်ရန်ရှောင်ရန်တွေပြောပြီး နားခိုင်းမယ် အဲ့လိုလေးတွေ ကျနော်တို့စီစဉ်ပေးနေပါတယ်။"

အနံ့ပျောက်တဲ့လက္ခဏာပြလာတဲ့ လူနာများလာတဲ့ မြို့နယ်တခုဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာလည်း Isolation Center ထားဖို့ ဝိုင်းဝန်းစီစဉ်နေကြတယ်လို့လူထုကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်ဒေါက်တာကျော်စွာဦးကလည်း ပြောပြပါတယ်။

"အခုနောက်ပိုင်း ကိုဗစ် ၁၉ ရဲ့ အဓိကလက္ခဏာပေါ့နော်။ အနံ့ပျောက်တာကဖြစ်နေတာပေါ့။ ဒါကြောင့် ကျနော်တို့က အနံ့ပျောက်တယ်ဆိုတဲ့ လူတော်တော်များများကို လိုအပ်လို့ ကျနော်တို့က Isolation Center အနေနဲ့ ထားနိုင်အောင်ပါ။ အနံ့မရတဲ့သူတွေ သီးသန့်ထားဖို့ အစီအစဉ်တွေ ကျနော်တို့လုပ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့လည်း စီစဉ်နေသလို ကျနော်တို့ မြို့နယ်တွေအနေနဲ့လည်း ကိုယ့်ဘာသာကိုယ် စီစဉ်နေတာတွေ ရှိပါတယ်။ တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားမှုနဲ့ နောက် ၃ ၄ရက်ဆိုရင် လူ ၆၀- ၇၀ လောက် ထားလို့ရမယ့် စင်တာတခုထားဖို့ လုပ်နေပါတယ်။"

ဒီလိုမျိုး သီးခြားခွဲနေဖို့ လိုအပ်လာသူတွေ မိမိနေထိုင်တဲ့ပတ်ဝန်းကျင် မိမိ မိသားစုနဲ့ လုပ်ငန်းခွင်ထဲမှာ ကိုဗစ်၁၉ ရောဂါ လက္ခဏာပြလာတဲ့သူတွေ နဲ့ ရင်ဆိုင်ရလာရင်လည်း အပြစ်မတင်ဖို့ ခွဲခြားဆက်ဆံခြင်း မရှိဘဲ အားပေးနှစ်သိမ့်ပေးကြဖို့ကိုလည်း ဒေါက်တာကျော်စွာဦးက မေတ္တာရပ်ခံပါတယ်။

"တကယ်လို့ အနံ့ပျောက်တယ်သူတွေ ရှိလာရင် တွေ့လာရင်သူ့ကို ခွဲခြားဆက်ဆံတာ မလုပ်ပဲနဲ့ တတ်နိုင်သလောက် သူ့ကို အားပေးနှစ်သိမ့် ပံ့ပိုးကူညီပြီးတော့ ဆေးကုနိုင်အောင်ဆက်သွယ်ပေးတာတို့ ဆေးရုံဆေးခန်း ပို့ပေးတာတို့ Fever Clinic ပို့ပေးတာတို့ Call Center တွေ ဆက်သွယ်ပေးတာတို့ သက်ဆိုင်ရာကို အကြောင်းကြားပေးတာမျိုးတွေ ဝိုင်းဝန်းကူညီ လုပ်ပေးစေချင်ပါတယ်ဗျ။ နောက် ပတ်ဝန်းကျင်မှာ ဒီလိုလူတွေ တွေ့ရင်လည်း ဝိုင်းဖေးမစေချင်ပါတယ်။ ခွဲခြားဆက်ဆံတာတွေ မလုပ်စေချင်ပါဘူး။ နောက်တခုက ကိုယ့်မှာ အဲ့လို ရောဂါလက္ခဏာ ပြနေတဲ့သူတွေအနေနဲ့ကလည်း တခြားသူကို ငဲ့ညှာတဲ့အနေနဲ့ လျှောက်သွားနေတာမျိုးတွေ မလုပ်ပါနဲ့ နော်။ Mask ကို မဖြစ်မနေ တပ်စေချင်ပါတယ်။"

အခုအချိန်မှာတော့ လူထုအတွင်း ဖျားနာသူတွေ များပြားလာတဲ့အတွက် ဖျားနာကုဆေးခန်းတွေမှာ နေ့စဉ်လို ဆေးလာကုသသူတွေ များပြားလာတဲ့အတွက် Fever Clinic တွေ ရက်တိုးဖွင့်လာသလို ဆေးပညာရှင်တွေ ဆရာဝန်တွေဘက်ကလည်း အင်တိုက်အားတိုက် ဆေးကုသစောင့်ရှောက်မှုတွေ ပိုတိုး လုပ်ဆောင်ပေးနေကြသလို စေတနာ့ဝန်ထမ်းတွေရဲ့အကူအညီလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဆရာဝန်တွေကပြောပါတယ်။

XS
SM
MD
LG