သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ကန္႔သတ္ထားတဲ့ ရန္ကုန္တိုင္းမွာ သြားလာခြင့္ QR Pass လိုအပ္


ရန္ကုန္တျမိဳ႕လံုး ေနအိမ္ေန ကန္႔သတ္္ခ်က္ထုတ္ျပန္ျပီး၊ ပထမဆံုးေန႔ေတြ႕ရသည့္ ျမင္ကြင္း။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကူးစက္မႈႏႈန္း အျမင့္ဆံုးေရာက္ေနတဲ့ ရန္ကုန္တိုင္းအတြင္း ၿမိဳ႕နယ္ေတြၾကား ျဖတ္ေက်ာ္သြားလာခြင့္ကို တနဂၤေႏြေန႔က စကန္႔သတ္လိုက္ၿပီး ကားအသြားအလာေတြကိုပါ စစ္ေဆးတားဆီးမႈေတြ လုပ္ေဆာင္ေနပါတယ္။

သတ္မွတ္ထားတဲ့ မရွိမျဖစ္လိုအပ္တဲ့ လုပ္ငန္းေတြ၊ လုပ္ငန္းရွင္ေတြ၊ ဝန္ထမ္းေတြနဲ႔ အလုပ္သမားေတြ သြားလာခြင့္အတြက္ ကားေတြမွာ QR Pass ေလွ်ာက္ထားၿပီး သြားခြင့္ေပးဖို႔ ျမန္မာႏုိင္ငံ ကုန္သည္မ်ားနဲ႔ စက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) က ရန္ကုန္တိုင္းအစိုးရကို ကူညီလုပ္ေဆာင္ေပးေနပါတယ္။ အျပည့္အစုံကို ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဝင္းမင္းက တင္ျပေပးထားပါတယ္။

UMFCCI ဥကၠ႒ ဦးေဇာ္မင္းဝင္းက ရန္ကုန္တိုင္းအစိုးရနဲ႔ ညိႇၿပီး အင္တာနက္ On-Line ကတဆင့္ ဒီ QR Pass ထုတ္ေပးဖို႔ စလုပ္ေနၿပီလို႔ ဆိုပါတယ္။ အဲ့ဒီေတာ့ မေန႔က ျဗဳန္းစားႀကီး အခုလို ကားအသြားအလာေတြကို စစ္ေဆးတားဆီးခဲ့တာေတြ ရွိတာေၾကာင့္ ဘယ္လိုသက္ေရာက္မႈေတြ ရွိပါလဲလို႔ မေန႔ညက ေမးရာမွာ ဦးေဇာ္မင္းဝင္းက -

“တခ်ိဳ႕ကလည္း အဲ့ဒီကိစၥေတြ မသိခဲ့တဲ့အခါ သြားေရးလာေရးနဲ႔ အခက္အခဲ ေနာက္ဆက္ေတြ ျဖစ္ခဲ့တာေပါ့။ ဒါေပမယ့္ နက္ျဖန္ (တနလၤာ) ေန႔ေလာက္ဆိုရင္ေတာ့ က်ေနာ္ ထင္ပါတယ္ နည္းနည္းေလးေတာ့ ေျပလည္သြားမယ္လို႔ ထင္ပါတယ္။” လုိ႔ ရွင္းျပပါတယ္။

အခုလို မေန႔က ကားေတြတားဆီးစစ္ေဆးမႈကို ႀကံဳခဲ့ရတဲ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အဖြဲ႔ဝင္တဦးျဖစ္တဲ့ ကိုျမင့္ဦးက အခုလို ရန္ကုန္ျမင္ကြင္းကို ရွင္းျပပါတယ္။

“သန္လ်င္သြားၿပီးေတာ့ စည္း႐ုံးေရး (မဲဆြယ္ပြဲ) လုပ္တဲ့အခါမွာလည္း ကိုဗစ္စည္းကမ္းအတိုင္း လုပ္ဖို႔ဆိုၿပီးေတာ့ နည္းနည္း ပါတီ႐ုံးတခုကို သြားေျပာတဲ့အခ်ိန္မွာ က်ေနာ္ သန္လ်င္တံတားအဆင္းမွာ အခု ပိတ္ထားတယ္။ သန္လ်င္ကလာတဲ့ကားပဲ ခြင့္ျပဳတယ္၊ ရန္ကုန္ကကားေတြဆို အကုန္လံုး ျပန္လွည့္ခိုင္းတယ္။ ညေန ၃ နာရီေလာက္က်ေတာ့ ငမိုးရိပ္တံတား ဒီ ေတာင္ဥကၠလာေလ ပိတ္လိုက္တယ္။ အလယ္မွာ အလယ္တံုးေလး ခ်လိုက္တယ္။ ဒဂံုကကားေတြပဲ သြားလို႔ရတယ္၊ ရန္ကုန္ကကားေတြ ဟိုဘက္သြားလို႔မရဘူး။ စက္ဘီးနဲ႔ေတာ့ သြားလို႔ရတယ္၊ လမ္းေလွ်ာက္လို႔ရတယ္။ ေနာက္ အင္းစိန္ဆိုရင္ ကမာရြတ္နား (လိႈင္) မွာ ပိတ္ထားတယ္။ ဒီအလယ္မ်ဥ္းေၾကာင္းမွာ ပိတ္ထားတယ္။ ေနာက္ လိႈင္သာယာကေနၿပီးေတာ့ အေပၚကို (ရန္ကုန္ဘက္ကို) တက္လို႔မရဘူး။ ရန္ကုန္ကကား ဟိုဘက္ (လိႈင္သာယာဘက္) သြားလို႔မရဘူး၊ လိႈင္သာယာကားပဲရတယ္၊ တံတားေပၚမွာ ပိတ္ထားတယ္။ အဲ့ဒီ လိႈင္သာယာတံတား (ဘုရင့္ေနာင္တံတား) ရယ္၊ အင္းစိန္တံတားရယ္ အကုန္ပိတ္ထားတာ။ ေရႊျပည္သာဘက္လည္း ပိတ္ထားတယ္။”

အဲ့ဒီေတာ့ မျဖစ္မေနသြားရမယ့္ အလုပ္သမားေတြ သြားလာႏုိင္ေရး ဒီ QR Pass ေတြကို ဘယ္လုိေလွ်ာက္ထားႏိုင္ပါလဲလို႔ ေမးရာမွာ ဦးေဇာ္မင္းဝင္းက -

“က်ေနာ္တို႔ ဒီ Service Center (ဝန္ေဆာင္မႈဌာန) ဆိုတာ UMFCCI (ကုန္သည္စက္မႈအသင္းခ်ဳပ္) မွာပဲ ေလွ်ာက္ရမွာပါ။ နာမည္ေတြရယ္၊ လိပ္စာရယ္၊ နယ္ကုမၸဏီဆို ကုမၸဏီအမည္ရယ္၊ ရာထူးေတြရယ္၊ ေနာက္ သူတို႔ကို ခြင့္ျပဳထားတာေတြ၊ Tax (အခြန္) ေပးထားတာရယ္၊ ကားနံပါတ္ရယ္၊ ေနာက္ ဓာတ္ပံုရယ္၊ အဲ့ဒါေတာ့ျပလိုက္ရင္ QR Quote (အမွတ္အသား) ေတြ ထြက္လာမယ္။ အဲ့ဒါေတြကို က်ေနာ္တုိ႔က သက္ဆိုင္ရာ ရန္ကုန္တိုင္းအစိုးရကေနၿပီးေတာ့ သက္ဆိုင္ရာ လံုၿခံဳေရးအဖြဲ႔ေတြကို တာဝန္ရွိတဲ့သူေတြကို လွမ္းၿပီး အေၾကာင္းၾကားၿပီး ဒီ QR Quote (အမွတ္အသား) ေတြကို ဖတ္ၿပီးေတာ့ က်ေနာ္တုိ႔ ခြင့္ျပဳဖို႔ဆိုၿပီးေတာ့ အဲ့ဒါေလးလုပ္ထားတယ္။” လို႔ ေျပာပါတယ္။

ဒီေနရာမွာ ဒီ QR Pass ေလွ်ာက္တာက ဘယ္ေလာက္ၾကာႏုိင္ပါလဲလို႔ ေမးရာမွာ ဦးေဇာ္မင္းဝင္းကပဲ အခက္အခဲတခ်ိဳ႕ပါထည့္ၿပီး ခုလိုရွင္းျပပါတယ္။

“၂ ရက္ပါပဲ၊ ဒီေန႔ေလွ်ာက္ နက္ျဖန္ပဲေပါ့ေနာ္။ ဒီေန႔ (တနဂၤေႏြေန႔) ဆို Server (အင္တာနက္ကြန္ရက္ထိန္းစက္) နည္းနည္းေလး Down (လိုင္းက်) သြားတဲ့ သေဘာမ်ိဳးေပါ့ေနာ္၊ ဒါေပမယ့္ မနက္ (တနလၤာ) ဆို ျပန္ၿပီးေတာ့ ေကာင္းသြားမွာပါ။ အခုေတာ့ လုပ္ေနၾကတာေပါ့။ အခုဆိုရင္ က်ေနာ္တုိ႔ဆီကို ေလွ်ာက္ထားတာလည္း ေတာ္ေတာ္မ်ားေနၿပီ၊ တေသာင္းေက်ာ္ေလာက္ ရွိသြားၿပီ။”

ေနာက္ ရန္ကုန္မွာ တကၠစီသမားေတြအတြက္ေရာ ဘယ္လိုျဖစ္လာႏိုင္ပါလဲလို႔ ေမးရာမွာ အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြနဲ႔ပါ ေတြ႔လာခဲ့တဲ့ ကိုျမင့္ဦးက အခုလိုေျပာပါတယ္။

“တကၠစီသမားေတြဟာ ဘယ္မွာေနတယ္ဆိုတာ ရပ္ကြက္ေထာက္ခံစာေလး ယူထားရင္ ရတယ္။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံစာေပါ့၊ ယူထားလိုက္၊ အဲ့ဒါဆိုရင္ ရတယ္။ အင္းစိန္ေနရင္ အင္းစိန္ကား သြားလို႔ရတယ္။ အဲ့လို ယူခိုင္းထားတယ္ခင္ဗ်။”

အဲ့ဒီေတာ့ ကိုဗစ္ေရာဂါဆိုင္ရာ အကူအညီေပးေရးေတြ လုပ္ေနတဲ့ We Love Yangon အဖြဲ႔က ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေမာင္ေမာင္ေအးကို ဒီသက္ေရာက္မႈကို ေမးရာမွာ အခက္အခဲ မႀကံဳခဲ့ဘူးလို႔ ခုလို ဆိုပါတယ္။

“က်ေနာ္ကေတာ့ မသိပါဘူးခင္ဗ်။ က်ေနာ္သြားတာေတာ့ လမ္းေတြရွင္းေနတယ္။ ဘာမွမေတြ႔ရဘူး။ က်ေနာ္တုိ႔ကက်ေတာ့ We Love Yangon အေနနဲ႔ အလွဴကိစၥေတြရယ္၊ စီစဥ္စရာရွိတာေတြ စီစဥ္ေနတာ ျဖစ္တဲ့အတြက္ က်ေနာ္ ဒီေန႔ တေနကုန္ေတာ့ လိုအပ္တဲ့ေနရာေတြေတာ့ သြားပါတယ္။ က်ေနာ္ေတာ့ ဒါ ဘာမွေတာ့ မေတြ႔ပါဘူး။ က်ေနာ္တုိ႔ We Love Yangon အေနနဲ႔ လက္ရွိ လိုအပ္တဲ့ Quarantine Center (အသြားအလာကန္႔စခန္း) ေတြ၊ ၿပီးေတာ့ Lockdown Area (အသြားအလာကန္႔ ပိတ္ထားတဲ့ေနရာ) ေတြ၊ ဒီ Donation (လွဴတာ) ေတြ၊ Aircond (ေလေအးစက္) လိုတာတို႔၊ ေရခဲေသတၱာတို႔၊ အဝတ္ေလွ်ာ္စက္တို႔၊ တျခားေသာ အသံုးအေဆာင္တို႔၊ အဲ့ဒါေတြ လိုတာေတြဆိုရင္ ခ်က္ခ်င္းသြားၿပီး အလွဴခံၿပီးေတာ့ ပို႔ႏိုင္တာေတြရွိရင္ ပို႔ပါတယ္။”

ဒါ့အျပင္ မၾကာခင္မွာ ကုမၸဏီဝန္ထမ္းေတြအတြက္ လခထုတ္ဖို႔ လကုန္ရက္ ေရာက္လာေတာ့မွာမို႔ ဘယ္လိုျပင္ဆင္ထားပါလဲလို႔ ေမးရာမွာ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္းက အခုလုိေျပာပါတယ္။

“ဒီ လစာေပးဖို႔အတြက္ကို ဒီကုမၸဏီေတြ ဘာေတြက်ရင္ေတာ့ အဲ့ဒီ လဆန္းရက္မွာ လစာေပးမယ့္ ဝန္ထမ္းေတြကို ႐ုံးတက္ခြင့္ကို သူတို႔ ခြင့္ျပဳဖို႔ စီစဥ္ေပးမယ္တဲ့။ ဘဏ္ေတြကေနၿပီးေတာ့ အင္တာနက္ On-Line ကေန Payment (ေငြထည့္တာ) လုပ္ေပးတာတို႔၊ ATM (ဘဏ္ေငြထုတ္ကတ္) ကေန ထုတ္တဲ့ဟာမ်ိဳးေတြဘာေတြ လူေတြအေနနဲ႔ မစုမိေအာင္။ အဲ့ဒီလို အစီအစဥ္ေလးေတြနဲ႔ တခုလုပ္ဖို႔၊ အခုအခါ။ ဒီတရက္ ႏွစ္ရက္အတြင္းမွာ အေျဖထြက္ပါလိမ့္မယ္။”

အဲ့ဒီေတာ့ အသြားအလာကန္႔သတ္မႈေတြ ထပ္တိုးလုပ္လိုက္တာေၾကာင့္ ေကာင္းက်ိဳးဆိုးက်ိဳးအတြက္ သုံးသပ္ေပးဖို႔ ရန္ကုန္က အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာ ဥကၠာၾကည္ဝင္းကို ေမးျမန္းရာမွာ-

“က်န္းမာေရး႐ႈေထာင့္က ၾကည့္ရင္ေတာ့ ေကာင္းတာေပါ့ေနာ္။ အနည္းဆံုး ကိုယ္ေရာက္ေနတဲ့ ေနရာမွာ ေနေနလိုက္ျခင္းအားျဖင့္ တေယာက္နဲ႔တေယာက္ ထိေတြ႔တာေတြက နည္းသြားမွာပဲေလ။ ဒီပိုးေတြ႔တဲ့ လူအေရအတြက္ေရာက က်သြားႏုိင္တာေပါ့ေနာ္။ သို႔ေသာ္ တဖက္ကျပန္ၾကည့္ရင္လည္း တျခား လူမႈေရး၊ စီးပြားေရး တျခားအက်ပ္အတည္းေတြကေတာ့ ပိုရွိလာႏုိင္တာေပါ့ေနာ္။” လို႔ ေျပာပါတယ္။

တကယ္ေတာ့ အခုေျဖဆိုခဲ့သူေတြအားလံုးက ျပည္သူမ်ားအေနနဲ႔ အဓိက အိမ္မွာေနၿပီး အားလံုး ပူးေပါင္းေဆာင္ရြက္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ကိုဗစ်ကြောင့် ကန့်သတ်ထားတဲ့ ရန်ကုန်တိုင်းမှာ သွားလာခွင့် QR Pass လိုအပ်

COVID-19 ကူးစက်မှုနှုန်း အမြင့်ဆုံးရောက်နေတဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေကြား ဖြတ်ကျော်သွားလာခွင့်ကို တနင်္ဂနွေနေ့က စကန့်သတ်လိုက်ပြီး ကားအသွားအလာတွေကိုပါ စစ်ဆေးတားဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

သတ်မှတ်ထားတဲ့ မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေ၊ လုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေ သွားလာခွင့်အတွက် ကားတွေမှာ QR Pass လျှောက်ထားပြီး သွားခွင့်ပေးဖို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ရန်ကုန်တိုင်းအစိုးရကို ကူညီလုပ်ဆောင်ပေးနေပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ရန်ကုန်တိုင်းအစိုးရနဲ့ ညှိပြီး အင်တာနက် On-Line ကတဆင့် ဒီ QR Pass ထုတ်ပေးဖို့ စလုပ်နေပြီလို့ ဆိုပါတယ်။ အဲ့ဒီတော့ မနေ့က ဗြုန်းစားကြီး အခုလို ကားအသွားအလာတွေကို စစ်ဆေးတားဆီးခဲ့တာတွေ ရှိတာကြောင့် ဘယ်လိုသက်ရောက်မှုတွေ ရှိပါလဲလို့ မနေ့ညက မေးရာမှာ ဦးဇော်မင်းဝင်းက -

“တချို့ကလည်း အဲ့ဒီကိစ္စတွေ မသိခဲ့တဲ့အခါ သွားရေးလာရေးနဲ့ အခက်အခဲ နောက်ဆက်တွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် နက်ဖြန် (တနင်္လာ) နေ့လောက်ဆိုရင်တော့ ကျနော် ထင်ပါတယ် နည်းနည်းလေးတော့ ပြေလည်သွားမယ်လို့ ထင်ပါတယ်။” လို့ ရှင်းပြပါတယ်။

အခုလို မနေ့က ကားတွေတားဆီးစစ်ဆေးမှုကို ကြုံခဲ့ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမြင့်ဦးက အခုလို ရန်ကုန်မြင်ကွင်းကို ရှင်းပြပါတယ်။

“သန်လျင်သွားပြီးတော့ စည်းရုံးရေး (မဲဆွယ်ပွဲ) လုပ်တဲ့အခါမှာလည်း ကိုဗစ်စည်းကမ်းအတိုင်း လုပ်ဖို့ဆိုပြီးတော့ နည်းနည်း ပါတီရုံးတခုကို သွားပြောတဲ့အချိန်မှာ ကျနော် သန်လျင်တံတားအဆင်းမှာ အခု ပိတ်ထားတယ်။ သန်လျင်ကလာတဲ့ကားပဲ ခွင့်ပြုတယ်၊ ရန်ကုန်ကကားတွေဆို အကုန်လုံး ပြန်လှည့်ခိုင်းတယ်။ ညနေ ၃ နာရီလောက်ကျတော့ ငမိုးရိပ်တံတား ဒီ တောင်ဥက္ကလာလေ ပိတ်လိုက်တယ်။ အလယ်မှာ အလယ်တုံးလေး ချလိုက်တယ်။ ဒဂုံကကားတွေပဲ သွားလို့ရတယ်၊ ရန်ကုန်ကကားတွေ ဟိုဘက်သွားလို့မရဘူး။ စက်ဘီးနဲ့တော့ သွားလို့ရတယ်၊ လမ်းလျှောက်လို့ရတယ်။ နောက် အင်းစိန်ဆိုရင် ကမာရွတ်နား (လှိုင်) မှာ ပိတ်ထားတယ်။ ဒီအလယ်မျဉ်းကြောင်းမှာ ပိတ်ထားတယ်။ နောက် လှိုင်သာယာကနေပြီးတော့ အပေါ်ကို (ရန်ကုန်ဘက်ကို) တက်လို့မရဘူး။ ရန်ကုန်ကကား ဟိုဘက် (လှိုင်သာယာဘက်) သွားလို့မရဘူး၊ လှိုင်သာယာကားပဲရတယ်၊ တံတားပေါ်မှာ ပိတ်ထားတယ်။ အဲ့ဒီ လှိုင်သာယာတံတား (ဘုရင့်နောင်တံတား) ရယ်၊ အင်းစိန်တံတားရယ် အကုန်ပိတ်ထားတာ။ ရွှေပြည်သာဘက်လည်း ပိတ်ထားတယ်။”

အဲ့ဒီတော့ မဖြစ်မနေသွားရမယ့် အလုပ်သမားတွေ သွားလာနိုင်ရေး ဒီ QR Pass တွေကို ဘယ်လိုလျှောက်ထားနိုင်ပါလဲလို့ မေးရာမှာ ဦးဇော်မင်းဝင်းက -

“ကျနော်တို့ ဒီ Service Center (ဝန်ဆောင်မှုဌာန) ဆိုတာ UMFCCI (ကုန်သည်စက်မှုအသင်းချုပ်) မှာပဲ လျှောက်ရမှာပါ။ နာမည်တွေရယ်၊ လိပ်စာရယ်၊ နယ်ကုမ္ပဏီဆို ကုမ္ပဏီအမည်ရယ်၊ ရာထူးတွေရယ်၊ နောက် သူတို့ကို ခွင့်ပြုထားတာတွေ၊ Tax (အခွန်) ပေးထားတာရယ်၊ ကားနံပါတ်ရယ်၊ နောက် ဓာတ်ပုံရယ်၊ အဲ့ဒါတော့ပြလိုက်ရင် QR Quote (အမှတ်အသား) တွေ ထွက်လာမယ်။ အဲ့ဒါတွေကို ကျနော်တို့က သက်ဆိုင်ရာ ရန်ကုန်တိုင်းအစိုးရကနေပြီးတော့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေကို တာဝန်ရှိတဲ့သူတွေကို လှမ်းပြီး အကြောင်းကြားပြီး ဒီ QR Quote (အမှတ်အသား) တွေကို ဖတ်ပြီးတော့ ကျနော်တို့ ခွင့်ပြုဖို့ဆိုပြီးတော့ အဲ့ဒါလေးလုပ်ထားတယ်။” လို့ ပြောပါတယ်။

ဒီနေရာမှာ ဒီ QR Pass လျှောက်တာက ဘယ်လောက်ကြာနိုင်ပါလဲလို့ မေးရာမှာ ဦးဇော်မင်းဝင်းကပဲ အခက်အခဲတချို့ပါထည့်ပြီး ခုလိုရှင်းပြပါတယ်။

“၂ ရက်ပါပဲ၊ ဒီနေ့လျှောက် နက်ဖြန်ပဲပေါ့နော်။ ဒီနေ့ (တနင်္ဂနွေနေ့) ဆို Server (အင်တာနက်ကွန်ရက်ထိန်းစက်) နည်းနည်းလေး Down (လိုင်းကျ) သွားတဲ့ သဘောမျိုးပေါ့နော်၊ ဒါပေမယ့် မနက် (တနင်္လာ) ဆို ပြန်ပြီးတော့ ကောင်းသွားမှာပါ။ အခုတော့ လုပ်နေကြတာပေါ့။ အခုဆိုရင် ကျနော်တို့ဆီကို လျှောက်ထားတာလည်း တော်တော်များနေပြီ၊ တသောင်းကျော်လောက် ရှိသွားပြီ။”

နောက် ရန်ကုန်မှာ တက္ကစီသမားတွေအတွက်ရော ဘယ်လိုဖြစ်လာနိုင်ပါလဲလို့ မေးရာမှာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပါ တွေ့လာခဲ့တဲ့ ကိုမြင့်ဦးက အခုလိုပြောပါတယ်။

“တက္ကစီသမားတွေဟာ ဘယ်မှာနေတယ်ဆိုတာ ရပ်ကွက်ထောက်ခံစာလေး ယူထားရင် ရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာပေါ့၊ ယူထားလိုက်၊ အဲ့ဒါဆိုရင် ရတယ်။ အင်းစိန်နေရင် အင်းစိန်ကား သွားလို့ရတယ်။ အဲ့လို ယူခိုင်းထားတယ်ခင်ဗျ။”

အဲ့ဒီတော့ ကိုဗစ်ရောဂါဆိုင်ရာ အကူအညီပေးရေးတွေ လုပ်နေတဲ့ We Love Yangon အဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမောင်မောင်အေးကို ဒီသက်ရောက်မှုကို မေးရာမှာ အခက်အခဲ မကြုံခဲ့ဘူးလို့ ခုလို ဆိုပါတယ်။

“ကျနော်ကတော့ မသိပါဘူးခင်ဗျ။ ကျနော်သွားတာတော့ လမ်းတွေရှင်းနေတယ်။ ဘာမှမတွေ့ရဘူး။ ကျနော်တို့ကကျတော့ We Love Yangon အနေနဲ့ အလှူကိစ္စတွေရယ်၊ စီစဉ်စရာရှိတာတွေ စီစဉ်နေတာ ဖြစ်တဲ့အတွက် ကျနော် ဒီနေ့ တနေကုန်တော့ လိုအပ်တဲ့နေရာတွေတော့ သွားပါတယ်။ ကျနော်တော့ ဒါ ဘာမှတော့ မတွေ့ပါဘူး။ ကျနော်တို့ We Love Yangon အနေနဲ့ လက်ရှိ လိုအပ်တဲ့ Quarantine Center (အသွားအလာကန့်စခန်း) တွေ၊ ပြီးတော့ Lockdown Area (အသွားအလာကန့် ပိတ်ထားတဲ့နေရာ) တွေ၊ ဒီ Donation (လှူတာ) တွေ၊ Aircond (လေအေးစက်) လိုတာတို့၊ ရေခဲသေတ္တာတို့၊ အဝတ်လျှော်စက်တို့၊ တခြားသော အသုံးအဆောင်တို့၊ အဲ့ဒါတွေ လိုတာတွေဆိုရင် ချက်ချင်းသွားပြီး အလှူခံပြီးတော့ ပို့နိုင်တာတွေရှိရင် ပို့ပါတယ်။”

ဒါ့အပြင် မကြာခင်မှာ ကုမ္ပဏီဝန်ထမ်းတွေအတွက် လခထုတ်ဖို့ လကုန်ရက် ရောက်လာတော့မှာမို့ ဘယ်လိုပြင်ဆင်ထားပါလဲလို့ မေးရာမှာ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အခုလိုပြောပါတယ်။

“ဒီ လစာပေးဖို့အတွက်ကို ဒီကုမ္ပဏီတွေ ဘာတွေကျရင်တော့ အဲ့ဒီ လဆန်းရက်မှာ လစာပေးမယ့် ဝန်ထမ်းတွေကို ရုံးတက်ခွင့်ကို သူတို့ ခွင့်ပြုဖို့ စီစဉ်ပေးမယ်တဲ့။ ဘဏ်တွေကနေပြီးတော့ အင်တာနက် On-Line ကနေ Payment (ငွေထည့်တာ) လုပ်ပေးတာတို့၊ ATM (ဘဏ်ငွေထုတ်ကတ်) ကနေ ထုတ်တဲ့ဟာမျိုးတွေဘာတွေ လူတွေအနေနဲ့ မစုမိအောင်။ အဲ့ဒီလို အစီအစဉ်လေးတွေနဲ့ တခုလုပ်ဖို့၊ အခုအခါ။ ဒီတရက် နှစ်ရက်အတွင်းမှာ အဖြေထွက်ပါလိမ့်မယ်။”

အဲ့ဒီတော့ အသွားအလာကန့်သတ်မှုတွေ ထပ်တိုးလုပ်လိုက်တာကြောင့် ကောင်းကျိုးဆိုးကျိုးအတွက် သုံးသပ်ပေးဖို့ ရန်ကုန်က အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းကို မေးမြန်းရာမှာ-

“ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ ကောင်းတာပေါ့နော်။ အနည်းဆုံး ကိုယ်ရောက်နေတဲ့ နေရာမှာ နေနေလိုက်ခြင်းအားဖြင့် တယောက်နဲ့တယောက် ထိတွေ့တာတွေက နည်းသွားမှာပဲလေ။ ဒီပိုးတွေ့တဲ့ လူအရေအတွက်ရောက ကျသွားနိုင်တာပေါ့နော်။ သို့သော် တဖက်ကပြန်ကြည့်ရင်လည်း တခြား လူမှုရေး၊ စီးပွားရေး တခြားအကျပ်အတည်းတွေကတော့ ပိုရှိလာနိုင်တာပေါ့နော်။” လို့ ပြောပါတယ်။

တကယ်တော့ အခုဖြေဆိုခဲ့သူတွေအားလုံးက ပြည်သူများအနေနဲ့ အဓိက အိမ်မှာနေပြီး အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG