သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ကိုဗစ္ေၾကာင့္ေသဆံုးမႈ ASEAN သံုးႏိုင္ငံေျမာက္အမ်ားဆံုး


PPE ၀တ္စံုမ်ား၀တ္ထားတဲ့ က်န္းမာေရး၀န္ထမ္းမ်ားကို ရန္ကုန္ၿမိဳ႕မွာေတြ႔ရ (စက္တင္ဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ သိသိသာသာ တိုးလာတာေၾကာင့္အေျခအေနကို ထိန္းခ်ဳပ္ဖို႔ က်န္းမာေရးပညာရွင္ေတြ သတိေပးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ျမန္မာျပည္မွာ လပိုင္းအတြင္း ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၀,၀၀၀ ေက်ာ္အထိ ရွိလာတာေၾကာင့္ ကန႔္သတ္ခ်က္ေတြ တိုးျမႇင့္ထုတ္ျပန္ေနသလို၊ ေရာဂါေၾကာင့္ ေသဆုံးမႈကို ေလွ်ာ့ခ်ဖို႔အတြက္ အခ်ိန္မီကုသဖို႔ အေရးႀကီးတယ္လို႔လည္း က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။

ေရာဂါကူးစက္ခံရသူေတြ အေနနဲ႔ ေဆး႐ုံေဆးခန္းေတြဆီ အခ်ိန္မီျပသမွသာ အသက္အႏၲရာယ္ ဆုံးရႈံးတဲ့အေျခအေနကို ေရွာင္ရွားႏိုင္မယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရး ဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOA ကိုေျပာပါတယ္။ မသကၤာစရာ ေရာဂါလကၡဏာေတြ ေတြ႕ရတယ္ဆိုရင္လည္း ေဆး႐ုံေဆးခန္းေတြဆီ အျမန္ဆုံးျပသဖို႔လည္း တိုက္တြန္းထားပါတယ္။

“ကုသမႈအပိုင္းမွာလည္း သက္ဆိုင္ရာေဆးပညာ ပါေမာကၡေတြ၊ သက္ဆိုင္ရာဆရာဝန္ႀကီးေတြက ေနၿပီးေတာ့ ကိုယ္စြမ္းဉာဏ္စြမ္းရွိသ၍ အေကာင္းဆုံးကုသမႈ ေပးေနတာျဖစ္ပါတယ္။ သို႔ေသာ္ သူတို႔ေတြကလည္း နတ္သိၾကားေတြ မဟုတ္တဲ့အတြက္ ေဆး႐ုံကိုေစာေစာစီးစီး ေရာက္လာမွသာ သူတို႔ကယ္ဆယ္ႏိုင္မွာျဖစ္ပါတယ္။ ေဆး႐ုံကိုေနာက္က်ၿပီးမွ ေရာက္လာတယ္၊ ေနာက္တခုက ေရာဂါသိပ္ကြၽမ္းမွ ေရာက္လာတယ္၊ ေသၿပီးမွေရာက္လာတယ္ဆိုရင္ သူတို႔ဘယ္ေလာက္ပဲ သူတို႔ရဲ႕အတတ္ပညာေတြ ကိုယ္စြမ္းဉာဏ္စြမ္းရွိသေလာက္ လုပ္ေပးခ်င္ဦးေတာ့ လုပ္ေပးခြင့္မရပါဘူး။

ဒါေၾကာင့္မို႔လို႔ ေနာက္ထပ္ေသဆုံးမႈ ေလ်ာ့နည္းေစဖို႔အတြက္ ေနာက္ထပ္အေရးႀကီးတဲ့အခ်က္တခုကေတာ့ အိမ္မွာႀကိတ္ကုမေနပါနဲ႔။ ေရာဂါကြၽမ္းမွ မျပပါနဲ႔။ အသက္ႀကီးတဲ့သူေတြ၊ ေနာက္ခံေရာဂါရွိတဲ့သူေတြမွာ ဖ်ားတယ္၊ ေခ်ာင္းဆိုးတယ္၊ ေမာပန္းတယ္၊ အနံ႔မရဘူး။ ဒါမ်ိဳးဆိုရင္ ခ်က္ခ်င္းသက္ဆိုင္ရာက်န္းမာေရးဌာနကို ဆက္သြယ္ၿပီးေတာ့ျပသဖို႔ အထူးလိုအပ္ပါတယ္။ ဒါေလးက အေရးႀကီးပါတယ္။”

ပိုးေတြ႕လူနာအမ်ားဆုံး ရွိေနတဲ့ ရန္ကုန္တိုင္းအတြင္း ကူးစက္မႈကိုထိန္းခ်ဳပ္ႏိုင္ဖို႔ သီတင္း ၂ ပတ္ၾကာ အိမ္ျပင္မထြက္ဖို႔ အမိန႔္ထုတ္ထားပါတယ္။ သတ္မွတ္ကာလ ၂ ပတ္အတြင္း ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ရည္႐ြယ္ထားၿပီး ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို လိုက္နာဖို႔ အေရးႀကီးတယ္လို႔လည္း ရန္ကုန္တိုင္း COVID- 19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး ေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ေဝစိုးက ေျပာပါတယ္။

“ရန္ကုန္မွာရွိတဲ့ လူႀကီးလူငယ္မေ႐ြး လွဲေန ေလွေအာင္း ျမင္းေဇာင္းမက်န္ ဒီတိုက္ပြဲကို တိုက္ရမွာျဖစ္ပါတယ္။ တဦးတေယာက္မက်န္ လိုက္နာေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ မည္သူတဦးတေယာက္မွ မည္သည့္အေၾကာင္းႏွင့္မွ် ဒီကိစၥကိုေရွာင္လႊဲလို႔ မရပါဘူး။ ဒီကိစၥကို က်ေနာ္တို႔ခြင့္လႊတ္လို႔ မရပါဘူး။ ဒါေၾကာင့္ အားလုံးစုေပါင္းပါဝင္ၿပီး လူတိုင္းလူတိုင္းက Mask တပ္ရမယ္၊ လက္ေဆးရမယ္၊ Social Distancing ေနရမယ္၊ ထမင္းစားရင္ တေယာက္တည္းစားရမယ္။ ဒါေတြကအစ အားလုံးအေသးစိတ္လိုက္နာဖို႔ လိုပါတယ္။ အဲလိုမ်ိဳး ကားေပၚမွာလိုက္နာရမယ့္စည္းကမ္းေတြ၊ လမ္းမွာ လိုက္နာရမယ့္စည္းကမ္းေတြ၊ အိမ္မွာလိုက္နာရမယ့္စည္းကမ္းေတြ။ ဒါေတြအကုန္လုံး တိတိက်က်လိုက္နာၿပီး ဒီတိုက္ပြဲကို က်ေနာ္တို႔အားလုံး ရန္ကုန္မွာရွိတဲ့ ျပည္သူလူထု ၇,၀၀၀,၀၀၀ ေက်ာ္ အားလုံးပါဝင္ၿပီး တိုက္ခိုက္မွ ဒီဟာက ေအာင္ျမင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒါကို က်ေနာ့္အေနနဲ႔ ဒီေနရာကေနၿပီးေတာ့ အႏူးအၫႊတ္ေမတၱာရပ္ခံ အပ္ပါတယ္။ အေရးႀကီးဆုံး အခ်ိန္လို႔လည္း က်ေနာ္ေျပာခ်င္ပါတယ္။”

အိမ္မွာပဲေနဖို႔ အမိန႔္ထုတ္ထားခ်ိန္မွာ ႁခြင္းခ်က္နဲ႔ ထြက္ခြင့္ရသူေတြကလြဲလို႔ ကိုယ္ေနထိုင္ရာၿမိဳ႕နယ္ကို ေက်ာ္လြန္ၿပီး သြားလာသူေတြကို ဒီကေန႔ကစၿပီး အေရးယူမွာျဖစ္ေၾကာင္းလည္း အာဏာပိုင္ေတြက ေျပာဆိုထားပါတယ္။ လူႀကီး၊ လူငယ္မေ႐ြး ေရာဂါပိုး ကူးစက္ႏိုင္တဲ့ အႏၲရာယ္ရွိတာေၾကာင့္ ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို လိုက္နာဖို႔ အေရးႀကီးေၾကာင္းလည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“လူႀကီးေတြ ေသြးထဲမွာရွိတဲ့ေအာက္စီဂ်င္ဟာ ကိုဗစ္ကူးစက္လာလို႔ရွိရင္ နဂိုေရာဂါအခံေတြေၾကာင့္ ျမန္ျမန္ဆန္ဆန္ေသြးထဲမွာ Oxygen Level က်ၿပီးေတာ့ အသက္အႏၲရာယ္ေရာက္ရွိႏိုင္ပါတယ္။ ဒါဟာလည္း အေရးႀကီးတဲ့အခ်က္ျဖစ္ပါတယ္။ အဲဒါေၾကာင့္မို႔ ေသဆုံးမႈေလွ်ာ့ခ်တဲ့အခါမွာ တခုတည္းကေန ေတြးလို႔မရပါဘူး။ ဘက္ေပါင္းစုံ ေထာင့္ေပါင္းစုံကေန ေတြးၿပီးေတာ့ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ ဒီလိုသာ တေယာက္စီတိုင္းက မိမိရဲ႕တာဝန္ကိုသာ ေက်ပြန္ေအာင္လုပ္ေဆာင္မယ္ဆိုရင္ ေသဆုံးမႈက နည္းႏိုင္သမွ်နည္းသြားမွာ ျဖစ္ပါတယ္။ တခ်ိဳ႕ေသဆုံးတဲ့သူေတြမွာ ကေလးငယ္ေလးေတြ၊ တခ်ိဳ႕အသက္ႀကီးတဲ့သူေတြဟာ ေဆး႐ုံကို ေသဆုံးၿပီးမွ ေရာက္လာတာကို ဒီအပတ္အတြင္းမွာ ေတာ္ေတာ္မ်ားမ်ားေတြ႕ရတဲ့ အတြက္ေၾကာင့္မို႔ ဒါေလးကိုေတာ့ သတိျပဳေစခ်င္ပါတယ္။ အဓိကတာဝန္အရွိဆုံးကေတာ့ မိမိကိုယ္တိုင္နဲ႔ မိသားစုအတြက္ ကိုယ္တိုင္တာဝန္ရွိပါတယ္။”

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂၂၆ ေယာက္နဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၁၀,၀၀၀ ေက်ာ္ရွိပါတယ္။ ေရာဂါကူးစက္မႈနဲ႔ ေသဆုံးမႈေတြ တိုးလာေနခ်ိန္မွာပဲ ကာကြယ္ထိန္းခ်ဳပ္ေရး ကန႔္သတ္ခ်က္ေတြကို ေနာက္ထပ္ ၁ လ သက္တမ္းတိုးထားပါတယ္။ ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ တိုးျမႇင့္သတ္မွတ္လိုက္တဲ့ ကန႔္သတ္ခ်က္အရ ႏိုင္ငံတကာက ခရီးသြားေတြကို ျပည္ဝင္ခြင့္ယာယီကန႔္သတ္ခ်က္ေတြ ဆက္လက္ ထားရွိမွာျဖစ္ေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဒီကေန႔ပဲ သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံတွင်း ကိုဗစ်ကြောင့်သေဆုံးမှု ASEAN သုံးနိုင်ငံမြောက်အများဆုံး

ကိုဗစ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ သိသိသာသာ တိုးလာတာကြောင့်အခြေအနေကို ထိန်းချုပ်ဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

မြန်မာပြည်မှာ လပိုင်းအတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂၀၀ ကျော်နဲ့ ကူးစက်သူ ၁၀,၀၀၀ ကျော်အထိ ရှိလာတာကြောင့် ကန့်သတ်ချက်တွေ တိုးမြှင့်ထုတ်ပြန်နေသလို၊ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချဖို့အတွက် အချိန်မီကုသဖို့ အရေးကြီးတယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

ရောဂါကူးစက်ခံရသူတွေ အနေနဲ့ ဆေးရုံဆေးခန်းတွေဆီ အချိန်မီပြသမှသာ အသက်အန္တရာယ် ဆုံးရှုံးတဲ့အခြေအနေကို ရှောင်ရှားနိုင်မယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။ မသင်္ကာစရာ ရောဂါလက္ခဏာတွေ တွေ့ရတယ်ဆိုရင်လည်း ဆေးရုံဆေးခန်းတွေဆီ အမြန်ဆုံးပြသဖို့လည်း တိုက်တွန်းထားပါတယ်။

“ကုသမှုအပိုင်းမှာလည်း သက်ဆိုင်ရာဆေးပညာ ပါမောက္ခတွေ၊ သက်ဆိုင်ရာဆရာဝန်ကြီးတွေက နေပြီးတော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အကောင်းဆုံးကုသမှု ပေးနေတာဖြစ်ပါတယ်။ သို့သော် သူတို့တွေကလည်း နတ်သိကြားတွေမဟုတ်တဲ့အတွက် ဆေးရုံကိုစောစောစီးစီး ရောက်လာမှသာ သူတို့ကယ်ဆယ်နိုင်မှာဖြစ်ပါတယ်။ ဆေးရုံကိုနောက်ကျပြီးမှ ရောက်လာတယ်၊ နောက်တခုက ရောဂါသိပ်ကျွမ်းမှ ရောက်လာတယ်၊ သေပြီးမှရောက်လာတယ်ဆိုရင် သူတို့ဘယ်လောက်ပဲ သူတို့ရဲ့အတတ်ပညာတွေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်ပေးချင်ဦးတော့ လုပ်ပေးခွင့်မရပါဘူး။

ဒါကြောင့်မို့လို့ နောက်ထပ်သေဆုံးမှု လျော့နည်းစေဖို့အတွက် နောက်ထပ်အရေးကြီးတဲ့အချက်တခုကတော့ အိမ်မှာကြိတ်ကုမနေပါနဲ့။ ရောဂါကျွမ်းမှ မပြပါနဲ့။ အသက်ကြီးတဲ့သူတွေ၊ နောက်ခံရောဂါရှိတဲ့သူတွေမှာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ မောပန်းတယ်၊ အနံ့မရဘူး။ ဒါမျိုးဆိုရင် ချက်ချင်းသက်ဆိုင်ရာကျန်းမာရေးဌာနကို ဆက်သွယ်ပြီးတော့ပြသဖို့ အထူးလိုအပ်ပါတယ်။ ဒါလေးက အရေးကြီးပါတယ်။”

ပိုးတွေ့လူနာအများဆုံး ရှိနေတဲ့ ရန်ကုန်တိုင်းအတွင်း ကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့ သီတင်း ၂ ပတ်ကြာ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။ သတ်မှတ်ကာလ ၂ ပတ်အတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးတယ်လို့လည်း ရန်ကုန်တိုင်း COVID- 19 ကာကွယ်ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ လူကြီးလူငယ်မရွေး လှဲနေ လှေအောင်း မြင်းဇောင်းမကျန် ဒီတိုက်ပွဲကို တိုက်ရမှာဖြစ်ပါတယ်။ တဦးတယောက်မကျန် လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မည်သူတဦးတယောက်မှ မည်သည့်အကြောင်းနှင့်မျှ ဒီကိစ္စကိုရှောင်လွှဲလို့ မရပါဘူး။ ဒီကိစ္စကို ကျနော်တို့ခွင့်လွှတ်လို့ မရပါဘူး။ ဒါကြောင့် အားလုံးစုပေါင်းပါဝင်ပြီး လူတိုင်းလူတိုင်းက Mask တပ်ရမယ်၊ လက်ဆေးရမယ်၊ Social Distancing နေရမယ်၊ ထမင်းစားရင် တယောက်တည်းစားရမယ်။ ဒါတွေကအစ အားလုံးအသေးစိတ်လိုက်နာဖို့ လိုပါတယ်။ အဲလိုမျိုး ကားပေါ်မှာလိုက်နာရမယ့်စည်းကမ်းတွေ၊ လမ်းမှာ လိုက်နာရမယ့်စည်းကမ်းတွေ၊ အိမ်မှာလိုက်နာရမယ့်စည်းကမ်းတွေ။ ဒါတွေအကုန်လုံး တိတိကျကျလိုက်နာပြီး ဒီတိုက်ပွဲကို ကျနော်တို့အားလုံး ရန်ကုန်မှာရှိတဲ့ ပြည်သူလူထု ၇,၀၀၀,၀၀၀ ကျော် အားလုံးပါဝင်ပြီး တိုက်ခိုက်မှ ဒီဟာက အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒါကို ကျနော့်အနေနဲ့ ဒီနေရာကနေပြီးတော့ အနူးအညွှတ်မေတ္တာရပ်ခံ အပ်ပါတယ်။ အရေးကြီးဆုံး အချိန်လို့လည်း ကျနော်ပြောချင်ပါတယ်။”

အိမ်မှာပဲနေဖို့ အမိန့်ထုတ်ထားချိန်မှာ ခြွင်းချက်နဲ့ ထွက်ခွင့်ရသူတွေကလွဲလို့ ကိုယ်နေထိုင်ရာမြို့နယ်ကို ကျော်လွန်ပြီး သွားလာသူတွေကို ဒီကနေ့ကစပြီး အရေးယူမှာဖြစ်ကြောင်းလည်း အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ လူကြီး၊ လူငယ်မရွေး ရောဂါပိုး ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လူကြီးတွေ သွေးထဲမှာရှိတဲ့အောက်စီဂျင်ဟာ ကိုဗစ်ကူးစက်လာလို့ရှိရင် နဂိုရောဂါအခံတွေကြောင့် မြန်မြန်ဆန်ဆန်သွေးထဲမှာ Oxygen Level ကျပြီးတော့ အသက်အန္တရာယ်ရောက်ရှိနိုင်ပါတယ်။ ဒါဟာလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ သေဆုံးမှုလျှော့ချတဲ့အခါမှာ တခုတည်းကနေ တွေးလို့မရပါဘူး။ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ တွေးပြီးတော့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုသာ တယောက်စီတိုင်းက မိမိရဲ့တာဝန်ကိုသာ ကျေပွန်အောင်လုပ်ဆောင်မယ်ဆိုရင် သေဆုံးမှုက နည်းနိုင်သမျှနည်းသွားမှာ ဖြစ်ပါတယ်။ တချို့သေဆုံးတဲ့သူတွေမှာ ကလေးငယ်လေးတွေ၊ တချို့အသက်ကြီးတဲ့သူတွေဟာ ဆေးရုံကို သေဆုံးပြီးမှ ရောက်လာတာကို ဒီအပတ်အတွင်းမှာ တော်တော်များများတွေ့ရတဲ့ အတွက်ကြောင့်မို့ ဒါလေးကိုတော့ သတိပြုစေချင်ပါတယ်။ အဓိကတာဝန်အရှိဆုံးကတော့ မိမိကိုယ်တိုင်နဲ့ မိသားစုအတွက် ကိုယ်တိုင်တာဝန်ရှိပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂၂၆ ယောက်နဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိပါတယ်။ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ တိုးလာနေချိန်မှာပဲ ကာကွယ်ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို နောက်ထပ် ၁ လ သက်တမ်းတိုးထားပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်တဲ့ ကန့်သတ်ချက်အရ နိုင်ငံတကာက ခရီးသွားတွေကို ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်တွေ ဆက်လက် ထားရှိမှာဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG