သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္း လက္ခစား၀န္ထမ္းမ်ား ေနာက္ထပ္ ၂ ပတ္ဆက္အလုပ္မသြားဖို႔ အစိုးရအမိန္႔ထုတ္


ရန္ကုန္တျမိဳ႕လံုး ေနအိမ္ေန ကန္႔သတ္္ခ်က္ထုတ္ျပန္ျပီး၊ ပထမဆံုးေန႔ေတြ႕ရသည့္ ရန္ကုန္ျမိဳ႕ သတင္းဓါတ္ပံုမ်ားျဖစ္ပါသည္။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ လတ္တေလာ COVID-19ေရာဂါ ကူးစက္မႈမ်ားေနတာကို ထိန္းခ်ဳပ္ဖို႔ ရန္ကုန္တိုင္း ေဒသႀကီးအတြင္း ကုန္ၾကမ္းယူ၊ ကုန္ေခ်ာေပးေဆာင္ရြက္တဲ့ လက္ခ စားလုပ္ငန္း (CMP) စက္႐ုံ၊ အလုပ္႐ုံေတြမွာ တာဝန္ထမ္း ေဆာင္သူေတြကို ေအာက္တိုဘာလ ၂၁ ရက္ေန႔အထိ လုပ္ငန္းခြင္ မဝင္ၾကဖို႔ ရက္ တိုးျမႇင့္သတ္မွတ္လိုက္ပါတယ္။ ေရာဂါ ကူးစက္ခံရသူေတြ ပိုမ်ားလာတာနဲ႔ ေရာဂါကူးစက္ခံထားရၿပီး ေရာဂါ လကၡဏာ မျပဘဲ ပုံမွန္ သြားလာေနၾကသူေတြ ရွိေနတဲ့အတြက္ ထိန္းခ်ဳပ္မႈေတြ ဆက္လက္ ထားရွိဖို႔ လိုအပ္လို႔ အခုလို ရက္တိုးျမႇင့္လိုက္တာျဖစ္ေၾကာင္းက်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ေအာက္တိုဘာလ ၅ ရက္ေန႔က ေၾကညာထုတ္ျပန္ခဲ့တာပါ။

ရန္ကုန္တိုင္းအတြင္း ေနထိုင္ၾကသူေတြကို stay at home ေနအိမ္ေတြမွာဘဲ ေနၾကဖို႔ အမိန္႔ကို စက္တင္ဘာလ ၂၀ ရက္ေန႔ကစလို႔ ထုတ္ျပန္ထားတာျဖစ္ၿပီး ဒီစည္းကမ္းခ်က္ေတြအရ ကုန္ၾကမ္းယူ၊ ကုန္ေခ်ာေပးေဆာင္ရြက္တဲ့ လက္ခစားလုပ္ငန္း (CMP) စက္႐ုံ၊ အလုပ္႐ုံေတြမွာ တာဝန္ထမ္း ေဆာင္မယ့္သူေတြကို စက္တင္ဘာလ ၂၄ ရက္ေန႔ကေန ေအာက္တိုဘာ လ ၇ ရက္ေန႔အထိ လုပ္ငန္းခြင္မသြားၾကဖို႔ တားျမစ္ထားခဲ့တာပါ။ အခုေတာ့ ေရာဂါပ်ံ႕ႏွံ့ေနမႈကို ထိန္းခ်ဳပ္တဲ့ အေနနဲ႔ ေနာက္ထပ္သတင္းႏွစ္ပတ္တိုးၿပီး ကန္႔သတ္လိုက္တာျဖစ္ပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာနရဲ့ ထုတ္ျပန္ခ်က္အရ မေန႔က ျမန္မာနိုင္ငံမွာ COVID-19 အတည္ျပဳလူနာသစ္ ၉၈၇ ေယာက္နဲ႔ ေသဆုံးသူ ၃၂ ေယာက္ရွိပါတယ္။ ဒါေၾကာင့္ မေန႔ကအထိ အတည္ျပဳ လူနာ စုစုေပါင္း ၁၈, ၇၈၁ ေယာက္နဲ႔ ေသဆုံးသူက ၄၄၄ ေယာက္ရွိ ပါတယ္။ ေအာက္တိုဘာလ ၅ ရက္ေန႔အတြက္ ဓါတ္ခြဲနမူနာက ၈,၂၈၅ ခု စစ္ေဆးခဲ့တာမွာ အခုလို လူနာသစ္ ၁၀၀၀ နီးပါးထပ္ၿပီး အတည္ျပဳခဲ့တာပါ။ အခုအခ်ိန္ထိ COVID-19 ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၃၃၃,၀၀၀ နီးပါးျပဳလုပ္ခဲ့ၿပီး အတည္ျပဳလူနာေတြထဲ ေရာဂါပိုးကင္းစင္လာသူ ၅,၅၄၈ ေယာက္ရွိပါတယ္။

COVID-19 အတည္ျပဳလူနာအေရအတြက္ မ်ားလာတာေၾကာင့္လည္း ေရာဂါျပင္းထန္မႈအဆင့္ခြဲၿပီးကုသေပးဖို႔အတြက္က်န္းမာေရး ဝန္ႀကီးဌာနက ေဆာင္ရြက္ေနပါတယ္။ ေရာဂါလကၡဏာသိပ္မျပင္းထန္သူေတြကို လက္ရွိကုသေနတဲ့ ေဆး႐ုံေတြမွာ ဆက္ကုေပးၿပီး လိုအပ္မွ ေဖာင္ႀကီးကိုဗစ္ကုသေရးဌာနကို လႊဲေျပာင္းမွာျဖစ္ၿပီး၊ အသက္အရြယ္ႀကီးၿပီး ေရာဂါလကၡဏာျပင္းထန္သူ၊ တျခားေရာဂါ အခံရွိသူေတြကိုေတာ့ ကိုဗစ္ကုသေရးဌာနေဆး႐ုံကို ပို႔မယ္လို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ညႊန္ၾကားေရးမႉး ေဒါက္တာ ခင္ခင္ႀကီးက VOA ျမန္မာပိုင္းကိုေျပာပါတယ္။ တျခားေနာက္ခံေရာဂါမရွိတဲ့ ပိုးေတြ႕လူနာေတြကိုေတာ့ သီးသန႔္စင္တာေတြမွာ ထား မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

မြန်မာနိုင်ငံမှာ လတ်တလော COVID-19ရောဂါ ကူးစက်မှုများနေတာကို ထိန်းချုပ်ဖို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခ စားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်း ဆောင်သူတွေကို အောက်တိုဘာလ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင် မဝင်ကြဖို့ ရက် တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ရောဂါ ကူးစက်ခံရသူတွေ ပိုများလာတာနဲ့ ရောဂါကူးစက်ခံထားရပြီး ရောဂါ လက္ခဏာ မပြဘဲ ပုံမှန် သွားလာနေကြသူတွေ ရှိနေတဲ့အတွက် ထိန်းချုပ်မှုတွေ ဆက်လက် ထားရှိဖို့ လိုအပ်လို့ အခုလို ရက်တိုးမြှင့်လိုက်တာဖြစ်ကြောင်းကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့က ကြေညာထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသူတွေကို stay at home နေအိမ်တွေမှာဘဲ နေကြဖို့ အမိန့်ကို စက်တင်ဘာလ ၂၀ ရက်နေ့ကစလို့ ထုတ်ပြန်ထားတာဖြစ်ပြီး ဒီစည်းကမ်းချက်တွေအရ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်း ဆောင်မယ့်သူတွေကို စက်တင်ဘာလ ၂၄ ရက်နေ့ကနေ အောက်တိုဘာ လ ၇ ရက်နေ့အထိ လုပ်ငန်းခွင်မသွားကြဖို့ တားမြစ်ထားခဲ့တာပါ။ အခုတော့ ရောဂါပျံ့နှံ့နေမှုကို ထိန်းချုပ်တဲ့ အနေနဲ့ နောက်ထပ်သတင်းနှစ်ပတ်တိုးပြီး ကန့်သတ်လိုက်တာဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့က မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် ၉၈၇ ယောက်နဲ့ သေဆုံးသူ ၃၂ ယောက်ရှိပါတယ်။ ဒါကြောင့် မနေ့ကအထိ အတည်ပြု လူနာ စုစုပေါင်း ၁၈, ၇၈၁ ယောက်နဲ့ သေဆုံးသူက ၄၄၄ ယောက်ရှိ ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့အတွက် ဓါတ်ခွဲနမူနာက ၈,၂၈၅ ခု စစ်ဆေးခဲ့တာမှာ အခုလို လူနာသစ် ၁၀၀၀ နီးပါးထပ်ပြီး အတည်ပြုခဲ့တာပါ။ အခုအချိန်ထိ COVID-19 ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၃၃၃,၀၀၀ နီးပါးပြုလုပ်ခဲ့ပြီး အတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူ ၅,၅၄၈ ယောက်ရှိပါတယ်။

COVID-19 အတည်ပြုလူနာအရေအတွက် များလာတာကြောင့်လည်း ရောဂါပြင်းထန်မှုအဆင့်ခွဲပြီးကုသပေးဖို့အတွက်ကျန်းမာရေး ဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်။ ရောဂါလက္ခဏာသိပ်မပြင်းထန်သူတွေကို လက်ရှိကုသနေတဲ့ ဆေးရုံတွေမှာ ဆက်ကုပေးပြီး လိုအပ်မှ ဖောင်ကြီးကိုဗစ်ကုသရေးဌာနကို လွှဲပြောင်းမှာဖြစ်ပြီး၊ အသက်အရွယ်ကြီးပြီး ရောဂါလက္ခဏာပြင်းထန်သူ၊ တခြားရောဂါ အခံရှိသူတွေကိုတော့ ကိုဗစ်ကုသရေးဌာနဆေးရုံကို ပို့မယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက VOA မြန်မာပိုင်းကိုပြောပါတယ်။ တခြားနောက်ခံရောဂါမရှိတဲ့ ပိုးတွေ့လူနာတွေကိုတော့ သီးသန့်စင်တာတွေမှာ ထား မှာဖြစ်ပါတယ်။

XS
SM
MD
LG