သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာကေလးငယ္မ်ား ပညာသင္ခြင့္ဆံုးရံႈး


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ေဒသက ရိုဟင္ဂ်ာ ဒုကၡသည္ကေလးငယ္မ်ား။ (ဧၿပီ ၀၉၊ ၂၀၁၉)

[Zawgyi/Unicode]

သိန္းခ်ီတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ ရင္ေသြးငယ္ ကေလးေတြ ပညာဆက္လက္သင္ၾကားခြင့္နဲ႔ လူငယ္ေတြအတြက္ အသက္ေမြးဝမ္းေက်ာင္း ပညာရပ္ေတြ၊ ေလ့လာခြင့္ေတြ ဆံုးရံႈးၿပီး သူတို႔ရဲ႕ ဘဝအနာဂတ္ေမွ်ာ္လင့္ခ်က္ေတြ ေမွးမိွန္ေနၾကတဲ့ အေၾကာင္းနဲ႔ သူတို႔ျဖစ္ေစခ်င္တဲ့ ဆႏၵေတာင္းဆိုခ်က္ေတြကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

လြန္ခဲ့တဲ့ သံုးႏွစ္ေက်ာ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္း အာဆာအစြန္းေရာက္အဖြဲ႔ရဲ႕ အၾကမ္းဖက္တိုက္ခုိက္မႈေတြရဲ႕ေနာက္ပိုင္း စစ္တပ္နဲ႔နယ္ေျမခံ လံုျခံဳေရးအဖြဲ႔ေတြရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း အသက္အႏၱရာယ္စိုးရိမ္ရလို႔ ေဒသခံရိုဟင္ဂ်ာ မူဆလင္ သိန္းနဲ႔ခ်ီၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္နိုင္ငံဘက္ကို ထြက္ေျပးခိုလံႈခဲ့ၾကရပါတယ္။ ဒီလိုအသက္လုတိမ္းေရွာင္ထြက္ေျပးခဲ့ရသူေတြထဲ လူမမည္ကေလးငယ္ေတြ နဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြပါ ပါလာၾကပါတယ္။ အခုဆိုရင္ ရိုဟင္ဂ်ာစခန္းသံုးဆယ္ေက်ာ္ထဲမွာ ရိုဟင္ဂ်ာ ကေလးငယ္ေတြဟာ သိန္းနဲ႔ခ်ီၿပီးရွိေနၾကပါတယ္။

ဒိီရိုဟင္ဂ်ာကေလးေတြအတြက္ စခန္းေတြထဲမွာ ဘာသာေရးေက်ာင္းေတြ၊ ျမန္မာဘာသာ၊ အဂၤလိပ္ဘာသာစတဲ့ သင္ၾကားေရးစင္တာေတြ ဖြင့္လွစ္ၿပီး စာဆက္လက္ သင္ၾကားေပးေနတယ္ဆိုေပမဲ့ မူလတန္းလြန္လို႔ အလယ္တန္း၊ အထက္တန္းအဆင့္ ဆက္ၿပီး ပညာသင္ၾကားခြင့္ အခက္အခဲ အေတာ္ေလးျဖစ္ေနတာပါ။ ပညာဆက္သင္ခြင့္မရွိေတာ့ လူငယ္ေတြလည္း လမ္းေပ်ာက္ေနၾကလို႔ ဘာလုခါလီဒုကၡသည္စခန္း တာဝန္ခံလည္းျဖစ္ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ ေတာင္ၿပိဳလက္ဝဲၿမိဳ႕ အထက္တန္းျပေစတနာ့ဝန္ထမ္းေက်ာင္းဆရာလုပ္ခဲ့ဖူးတဲ့ ဆရာႏုရ္မာမတ္ ကေတာ့- အေတာ္ေလးကို စိုးရိမ္ေနတာပါ။

"အင္မတန္ကို စိုးရိမ္စရာေကာင္းတယ္။ ပထမတုန္းက Learning Center ဆိုၿပီးဖြင့္ထားတယ္။Informal Education Center ဆိုၿပီးလည္း လုပ္ထားတယ္ အဲ့တာ ဘာမွထိေရာက္တာလည္းမရွိဘူး။ အခုက စိုးရိမ္စရာကေတာ့ မကုန္ပါဘူး။ ကေလးေတြက ေက်ာင္းေတြလည္း ဆက္သင္လုိ႔မရဘူး။ ပညာေရးလည္း လံုးဝ အားနည္းသြားတယ္၊ အဲ့တာကို အရမ္းစိုးရိမ္တယ္။ သူတို႔ ဘာတခုမွလည္း နားမလည္ဘူး။ ပညာေရးကိုလည္း တလံုးမွ မသိဘူး အင္မတန္မွကို စုိးရိမ္စရာေကာင္းပါတယ္။ အခုေလာေလာဆယ္ေတာ့ က်ေနာ္တို႔ေတြ တင္ျပထားတာရွိတယ္ ဘဂၤလားေဒ့ရွ္အစိုးရကို။ သူတို႔ကေျပာတာက အဆင့္ဆင့္ျဖစ္ လာလိမ့္မယ္လို႔ က်ေနာ္တို႔ကို ကတိေပးထားတယ္။ ဒါေပမဲ့ အခုဒီမွာက ကို႐ိုနာဗုိင္းရပ္စ္ကာလျဖစ္တဲ့အတြက္ေၾကာင့္ဒီမွာက ေက်ာင္းေတြလည္း ေတာ္ေတာ္ပိတ္ထားရတယ္ဆိုေတာ့ ေလာေလာဆယ္ အဆင္မေျပဘူးျဖစ္ေနတယ္။"

ဒုကၡသည္စခန္းေတြထဲမွာ ကေလးငယ္ေတြရဲ႕ သင္ရိုးညႊန္းတမ္းေတြနဲ႔ စနစ္တက်သင္ေပးတဲ့ပညာသင္ၾကားေရးကို သင္ယူေပးနုိင္တာေတြ အားနည္းတဲ့ အနာဂတ္မ်ိဳးဆက္အတြက္ စိုးရိမ္စရာအေနအထားပါလို႔ ဇန္ေတာ္လီ ႐ိုဟင္ဂ်ာဒုကၡသည္စခန္း အမွတ္ ၁၅ မွာ ခိုလံႈေနထိုင္တဲ့ ဒုကၡသည္ ဦးေမာင္ေက်ာ္ျမင့္က ေျပာပါတယ္။

"က်ေနာ္တို႔ ညီအကိုေမာင္နွမေတြ ရွိတယ္။ သူတို႔အတြက္ အဓိက ေျပာခ်င္တာက စိတ္မေကာင္းျဖစ္ေနပါတယ္ခင္ဗ်။ ဘာျဖစ္လို႔လဲဆိုရင္ ဒီမွာက ကမ့္ထဲမွာ ဘာပညာေရးမွ မရွိဘူး။ NGO ေတြကေတာ့ ကေလးေတြအတြက္ စာသင္ၾကားေရး စင္တာေတြဖြင့္ထားတယ္။ ဒါေပမဲ့လို႔Systematically စနစ္တက် ျမန္မာ Curriculum သင္ရုိးညႊန္းတန္းနဲ႔ စာေသခ်ာသင္ေပးႏိုင္ဖို႔ အေျခအေနမရွိဘူး။ ဒါေၾကာင့္ က်ေနာ္တို႔ရဲ႕ Generation မ်ိဳးဆက္ေတြရဲ႕အနာဂတ္အတြက္ တအားကိုစိုးရိမ္ပါတယ္။ အဲ့တာေၾကာင့္မို႔လို႔ လူမ်ိဳးတမ်ိဳးမွာ ပညာေရးဆိုတာ တအားကိုအေရးၾကီးပါတယ္။ က်ေနာ္တို႔အတြက္ အနာဂတ္ရွိပါ့မလားလို႔ ေျပာခ်င္ပါတယ္ခင္ဗ်။"

COVID 19 ကပ္ေရာဂါကာလ ဒုကၡသည္စခန္းအသီးသီးမွာ စာသင္ေက်ာင္းေတြ ေခတၱပိတ္ခိုင္းထားခ်ိန္ရိုဟင္ဂ်ာ ကေလးငယ္ေတြရဲ႕ လက္ရွိပညာသင္ၾကားေနၾကရတဲ့ အေျခအေနကို ဘာလုခါလီစခန္း အမွတ္(၉) ဦးေက်ာ္ျမင့္(ေခၚ) ဦးအီအစၥလာမ္က အခုလို ရွင္းျပပါတယ္။

"ဒုကၡသည္စခန္းေတြမွာ UN-NGO ေတြက Learning Center ေတြဆိုၿပီးဖြင့္ထားတာရွိပါတယ္။ အခု ကိုဗစ္၁၉ ကာလဆိုေတာ့ အကုန္လံုးပိတ္ထားတယ္။ ဒီမွာ ေစတနာ့ဝန္ထမ္းေက်ာင္းဆရာေတြရွိတယ္။ သူတို႔က အိမ္ထဲမွာပဲ ေလာေလာဆယ္ အနည္းငယ္ကို စာသင္ၾကားေပးေနပါတယ္။ ေနာက္ ဘာသာေရးစာသင္ေက်ာင္းေတြမွာလည္း အရင္လိုသင္ၾကားခြင့္မရွိသေလာက္ ျဖစ္သြားတယ္။ ကိုဗစ္ကာလျဖစ္ေနေတာ့ ဘာသာေရးေက်ာင္းေတြအမ်ားအျပားလည္းပိတ္ပင္ထားတယ္။ ကိုဗစ္ကာလ Lock down ခ်ထားတာၾကာလာရင္ေတာ့ ကေလးေတြရဲ႕ပညာေရးကလည္း ထိခိုက္နစ္နာမွာကိုလည္း က်ေနာ္တို႔က အင္မတန္စိုးရိမ္ၾကပါတယ္ခင္ဗ်။ ေနာက္ ကေလးေတြ မေကာင္းတဲ့လမ္းေၾကာင္းေတြေပၚေရာက္သြားမွာကိုလည္း က်ေနာ္တို႔စိတ္ပူတယ္။"

လတ္တေလာမွာေတာ့-ရိုဟင္ဂ်ာ ကေလးငယ္ေတြအတြက္ သင္ေထာက္ကူပစၥည္းေတြ အလံုအေလာက္ရရွိေရးနဲ႔ စာသင္ေက်ာင္းေတြ သင္ၾကားေရးစင္တာေတြ ထပ္ဖြင့္လွစ္ႏိုင္ေရး ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ UNICEF အပါအဝင္ ကုလသမဂၢအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနၾကပါတယ္လို႔ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြက ေက်ာင္းဆရာေတြကေျပာပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္က သူတို႔ေတြကို ေနရပ္ရင္းျပန္ေခၚႏိုင္ေရး ေႏွာင့္ေနွးေနခ်ိန္မွာပဲ- ကုလသမဂၢ အပါအဝင္ ႏုိင္ငံတကာအဖြဲ႔အစည္းက တာဝန္ရွိသူေတြ ႐ိုဟင္ဂ်ာဒုကၡသည္ စခန္းေတြကို လာေရာက္ၾကတဲ့အခ်ိန္တိုင္းလည္း သူတို႔နစ္နာခဲ့ရတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြအတြက္ တရားမွ်တမႈနဲ႔အတူ ဒုကၡသည္ေတြရဲ႕ အခြင့္အေရးေတြကုိ ေတာင္းဆိုခ်ိန္တိုင္း ႐ိုဟင္ဂ်ာကေလးငယ္ေတြ ပညာေရးမထိခိုက္ေစဖို႔ ကေလးေတြရဲ႕ ပညာေရးေတြကို အဓိက ေတာင္းဆိုခဲ့ၾကတယ္လို႔လည္း ဒုကၡသည္ေတြကေျပာပါတယ္။

႐ိုဟင္ဂ်ာကေလးငယ္မ်ား ပညာသင္ခြင့္ဆံုးရံႈး
please wait

No media source currently available

0:00 0:03:30 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာကလေးငယ်များ ပညာသင်ခွင့်ဆုံးရှုံး

သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ရင်သွေးငယ် ကလေးတွေ ပညာဆက်လက်သင်ကြားခွင့်နဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ၊ လေ့လာခွင့်တွေ ဆုံးရှုံးပြီး သူတို့ရဲ့ ဘဝအနာဂတ်မျှော်လင့်ချက်တွေ မှေးမှိန်နေကြတဲ့ အကြောင်းနဲ့ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒတောင်းဆိုချက်တွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ရခိုင်ပြည်နယ်မြောက်ပိုင်း အာဆာအစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်း စစ်တပ်နဲ့နယ်မြေခံ လုံခြုံရေးအဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်အန္တရာယ်စိုးရိမ်ရလို့ ဒေသခံရိုဟင်ဂျာ မူဆလင် သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ ဒီလိုအသက်လုတိမ်းရှောင်ထွက်ပြေးခဲ့ရသူတွေထဲ လူမမည်ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါ ပါလာကြပါတယ်။ အခုဆိုရင် ရိုဟင်ဂျာစခန်းသုံးဆယ်ကျော်ထဲမှာ ရိုဟင်ဂျာ ကလေးငယ်တွေဟာ သိန်းနဲ့ချီပြီးရှိနေကြပါတယ်။

ဒီရိုဟင်ဂျာကလေးတွေအတွက် စခန်းတွေထဲမှာ ဘာသာရေးကျောင်းတွေ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာစတဲ့ သင်ကြားရေးစင်တာတွေ ဖွင့်လှစ်ပြီး စာဆက်လက် သင်ကြားပေးနေတယ်ဆိုပေမဲ့ မူလတန်းလွန်လို့ အလယ်တန်း၊ အထက်တန်းအဆင့် ဆက်ပြီး ပညာသင်ကြားခွင့် အခက်အခဲ အတော်လေးဖြစ်နေတာပါ။ ပညာဆက်သင်ခွင့်မရှိတော့ လူငယ်တွေလည်း လမ်းပျောက်နေကြလို့ ဘာလုခါလီဒုက္ခသည်စခန်း တာဝန်ခံလည်းဖြစ် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ အထက်တန်းပြစေတနာ့ဝန်ထမ်းကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ ဆရာနုရ်မာမတ် ကတော့- အတော်လေးကို စိုးရိမ်နေတာပါ။

"အင်မတန်ကို စိုးရိမ်စရာကောင်းတယ်။ ပထမတုန်းက Learning Center ဆိုပြီးဖွင့်ထားတယ်။Informal Education Center ဆိုပြီးလည်း လုပ်ထားတယ် အဲ့တာ ဘာမှထိရောက်တာလည်းမရှိဘူး။ အခုက စိုးရိမ်စရာကတော့ မကုန်ပါဘူး။ ကလေးတွေက ကျောင်းတွေလည်း ဆက်သင်လို့မရဘူး။ ပညာရေးလည်း လုံးဝ အားနည်းသွားတယ်၊ အဲ့တာကို အရမ်းစိုးရိမ်တယ်။ သူတို့ ဘာတခုမှလည်း နားမလည်ဘူး။ ပညာရေးကိုလည်း တလုံးမှ မသိဘူး အင်မတန်မှကို စိုးရိမ်စရာကောင်းပါတယ်။ အခုလောလောဆယ်တော့ ကျနော်တို့တွေ တင်ပြထားတာရှိတယ် ဘင်္ဂလားဒေ့ရှ်အစိုးရကို။ သူတို့ကပြောတာက အဆင့်ဆင့်ဖြစ် လာလိမ့်မယ်လို့ ကျနော်တို့ကို ကတိပေးထားတယ်။ ဒါပေမဲ့ အခုဒီမှာက ကိုရိုနာဗိုင်းရပ်စ်ကာလဖြစ်တဲ့အတွက်ကြောင့်ဒီမှာက ကျောင်းတွေလည်း တော်တော်ပိတ်ထားရတယ်ဆိုတော့ လောလောဆယ် အဆင်မပြေဘူးဖြစ်နေတယ်။"

ဒုက္ခသည်စခန်းတွေထဲမှာ ကလေးငယ်တွေရဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ စနစ်တကျသင်ပေးတဲ့ပညာသင်ကြားရေးကို သင်ယူပေးနိုင်တာတွေ အားနည်းတဲ့ အနာဂတ်မျိုးဆက်အတွက် စိုးရိမ်စရာအနေအထားပါလို့ ဇန်တော်လီ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၁၅ မှာ ခိုလှုံနေထိုင်တဲ့ ဒုက္ခသည် ဦးမောင်ကျော်မြင့်က ပြောပါတယ်။

"ကျနော်တို့ ညီအကိုမောင်နှမတွေ ရှိတယ်။ သူတို့အတွက် အဓိက ပြောချင်တာက စိတ်မကောင်းဖြစ်နေပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုရင် ဒီမှာက ကမ့်ထဲမှာ ဘာပညာရေးမှ မရှိဘူး။ NGO တွေကတော့ ကလေးတွေအတွက် စာသင်ကြားရေး စင်တာတွေဖွင့်ထားတယ်။ ဒါပေမဲ့လို့Systematically စနစ်တကျ မြန်မာ Curriculum သင်ရိုးညွှန်းတန်းနဲ့ စာသေချာသင်ပေးနိုင်ဖို့ အခြေအနေမရှိဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ Generation မျိုးဆက်တွေရဲ့အနာဂတ်အတွက် တအားကိုစိုးရိမ်ပါတယ်။ အဲ့တာကြောင့်မို့လို့ လူမျိုးတမျိုးမှာ ပညာရေးဆိုတာ တအားကိုအရေးကြီးပါတယ်။ ကျနော်တို့အတွက် အနာဂတ်ရှိပါ့မလားလို့ ပြောချင်ပါတယ်ခင်ဗျ။"

COVID 19 ကပ်ရောဂါကာလ ဒုက္ခသည်စခန်းအသီးသီးမှာ စာသင်ကျောင်းတွေ ခေတ္တပိတ်ခိုင်းထားချိန်ရိုဟင်ဂျာ ကလေးငယ်တွေရဲ့ လက်ရှိပညာသင်ကြားနေကြရတဲ့ အခြေအနေကို ဘာလုခါလီစခန်း အမှတ်(၉) ဦးကျော်မြင့်(ခေါ်) ဦးအီအစ္စလာမ်က အခုလို ရှင်းပြပါတယ်။

"ဒုက္ခသည်စခန်းတွေမှာ UN-NGO တွေက Learning Center တွေဆိုပြီးဖွင့်ထားတာရှိပါတယ်။ အခု ကိုဗစ်၁၉ ကာလဆိုတော့ အကုန်လုံးပိတ်ထားတယ်။ ဒီမှာ စေတနာ့ဝန်ထမ်းကျောင်းဆရာတွေရှိတယ်။ သူတို့က အိမ်ထဲမှာပဲ လောလောဆယ် အနည်းငယ်ကို စာသင်ကြားပေးနေပါတယ်။ နောက် ဘာသာရေးစာသင်ကျောင်းတွေမှာလည်း အရင်လိုသင်ကြားခွင့်မရှိသလောက် ဖြစ်သွားတယ်။ ကိုဗစ်ကာလဖြစ်နေတော့ ဘာသာရေးကျောင်းတွေအများအပြားလည်းပိတ်ပင်ထားတယ်။ ကိုဗစ်ကာလ Lock down ချထားတာကြာလာရင်တော့ ကလေးတွေရဲ့ပညာရေးကလည်း ထိခိုက်နစ်နာမှာကိုလည်း ကျနော်တို့က အင်မတန်စိုးရိမ်ကြပါတယ်ခင်ဗျ။ နောက် ကလေးတွေ မကောင်းတဲ့လမ်းကြောင်းတွေပေါ်ရောက်သွားမှာကိုလည်း ကျနော်တို့စိတ်ပူတယ်။"

လတ်တလောမှာတော့-ရိုဟင်ဂျာ ကလေးငယ်တွေအတွက် သင်ထောက်ကူပစ္စည်းတွေ အလုံအလောက်ရရှိရေးနဲ့ စာသင်ကျောင်းတွေ သင်ကြားရေးစင်တာတွေ ထပ်ဖွင့်လှစ်နိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNICEF အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ကျောင်းဆရာတွေကပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်က သူတို့တွေကို နေရပ်ရင်းပြန်ခေါ်နိုင်ရေး နှောင့်နှေးနေချိန်မှာပဲ- ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းက တာဝန်ရှိသူတွေ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို လာရောက်ကြတဲ့အချိန်တိုင်းလည်း သူတို့နစ်နာခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် တရားမျှတမှုနဲ့အတူ ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုချိန်တိုင်း ရိုဟင်ဂျာကလေးငယ်တွေ ပညာရေးမထိခိုက်စေဖို့ ကလေးတွေရဲ့ ပညာရေးတွေကို အဓိက တောင်းဆိုခဲ့ကြတယ်လို့လည်း ဒုက္ခသည်တွေကပြောပါတယ်။

XS
SM
MD
LG