သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြမွာ အၾကမ္းဖက္သမားေတြ လက္ခံထားတယ္ဆုိတဲ့ ျမန္မာ ေျပာဆုိမႈ ဘဂၤလားေဒ့ရွ္ပယ္ခ်


ဘာလုခါလီ ဒုကၡသည္စခန္းရွိ ျမင္ကြင္းတခု။ (ၾသဂုတ္လ ၂၃၊ ၂၀၁၈)

(Zawgyi/Unicode)

ဒီႏွစ္ ကုသမဂၢအေထြေထြညီမလာခံမွာ ျမန္မာႏိုင္ငံကိုယ္စား ဘဂၤလားေဒ့ရွ္အေပၚ စြပ္စြဲေျပာဆိုခ်က္ေတြဟာ အေျခအျမစ္မရွိတဲ့ သတင္းမွားေတြသာျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ဘက္က ေဒါသတႀကီး တံု႔ျပန္လိုက္ပါတယ္။

လက္ရွိက်င္းပေနတဲ့ ကုလသမဂၢရဲ့ (၇၅) ႀကိမ္ေျမာက္အေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံ အတုိင္ပင္ခံရံုးဝန္ႀကီးဌာန ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ဘဂၤလားေဒ့ရွ္အေနနဲ႔ နယ္စပ္ၿမိဳ. Cox’s Bazar က ဒုကၡသည္စခန္းေတြမွာ အၾကမ္းဖက္သမားေတြကိုလက္ခံကူညီထားတယ္လို႔ စြပ္စြဲခဲ့တာကို ခုလို တံု႔ျပန္လိုက္တာပါ။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ အဆင္ျမင့္အရာရွိႀကီးတစ္ဦးက ဘဂၤလားေဒ့ရွ္အေနနဲ႔ ဘယ္လို အၾကမ္းဖက္သမားကိုမွ သူ႔နယ္ေျမထဲ လက္ခံတာမရွိဘူး။ ဝန္ႀကီးခ်ဳပ္ Sheikh Hasina အစိုးရအေနနဲ႔ အၾကမ္းဖက္မူကို လံုးဝလက္မခံတဲ့ မူဝါဒရွိထားတယ္၊ ျမန္မာအေနနဲ႔ ကိုယ့္ျပႆနာ ကိုယ္ျပန္ၾကည့္သင့္တယ္လို႔ တံု႔ျပန္လိုက္ပါတယ္။

ဒါ့အျပင္ ဦးေက်ာ္တင့္ေဆြဘက္ကေန၊ ရိုဟင္ဂ်ာဒုကၡသည္ျပန္ပို႔ေရးအစီအစဥ္မွာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္တို႔ ႏွစ္ဖက္ပူေပါင္းေဆာင္ရြက္မူအေပၚသာ မူတည္တယ္လို႔ ဒီကုလညီလာခံမွာ ေျပာခဲ့တာကအေပၚလည္း၊ ဒါက ႏွစ္ဖက္ျပႆနာမဟုတ္ဘူး။ ဘဂၤလားေဒ့ရွ္ ျပႆနာလည္းမဟုတ္ဘူး၊ ျမန္မာဘက္ကသာ ဒုကၡသည္ေတြျပန္လာခ်င္ေအာင္ လုပ္ေပးရမွာျဖစ္တယ္လို႔ ျပန္ေခ်ပလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina ကလည္း ဒီညီလာခဲ့မွာ မိန္႔ခြန္းေျပာရာမွာ ဒီရခိုင္ျပည္နယ္ကလူေတြ ထြက္ေျပးလာတဲ့ျပႆနာကို ျမန္မာအစိုးရကသာ ဖန္တီးခဲ့တာမို႔၊ ျမန္မာဘက္ကပဲ အေျဖရွာမွရမယ္၊ ႏိုင္ငံတကာအေနနဲ႔ေတာ့ အေကာင္းဆံုးအေျဖရႏိုင္ဖို႔ ဝိုင္းကူေပးသင့္တယ္လို႔ ေျပာခဲ့ပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ဒီရိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို တရားဝင္လက္မခံေပမဲ့၊ ဒီဒုကၡသည္ေတြ ျပန္လာေရးေတာ့ ေဆာင္ရြက္ေပးေနတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်သမားတွေ လက်ခံထားတယ်ဆိုတဲ့ မြန်မာ ပြောဆိုမှု ဘင်္ဂလားဒေ့ရှ်ပယ်ချ

(Unicode)

ဒီနှစ် ကုသမဂ္ဂအထွေထွေညီမလာခံမှာ မြန်မာနိုင်ငံကိုယ်စား ဘင်္ဂလားဒေ့ရှ်အပေါ် စွပ်စွဲပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ သတင်းမှားတွေသာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ (၇၅) ကြိမ်မြောက်အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်အနေနဲ့ နယ်စပ်မြို. Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်သမားတွေကိုလက်ခံကူညီထားတယ်လို့ စွပ်စွဲခဲ့တာကို ခုလို တုံ့ပြန်လိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဆင်မြင့်အရာရှိကြီးတစ်ဦးက ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဘယ်လို အကြမ်းဖက်သမားကိုမှ သူ့နယ်မြေထဲ လက်ခံတာမရှိဘူး။ ဝန်ကြီးချုပ် Sheikh Hasina အစိုးရအနေနဲ့ အကြမ်းဖက်မူကို လုံးဝလက်မခံတဲ့ မူဝါဒရှိထားတယ်၊ မြန်မာအနေနဲ့ ကိုယ့်ပြဿနာ ကိုယ်ပြန်ကြည့်သင့်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

ဒါ့အပြင် ဦးကျော်တင့်ဆွေဘက်ကနေ၊ ရိုဟင်ဂျာဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ နှစ်ဖက်ပူပေါင်းဆောင်ရွက်မူအပေါ်သာ မူတည်တယ်လို့ ဒီကုလညီလာခံမှာ ပြောခဲ့တာကအပေါ်လည်း၊ ဒါက နှစ်ဖက်ပြဿနာမဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ် ပြဿနာလည်းမဟုတ်ဘူး၊ မြန်မာဘက်ကသာ ဒုက္ခသည်တွေပြန်လာချင်အောင် လုပ်ပေးရမှာဖြစ်တယ်လို့ ပြန်ချေပလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကလည်း ဒီညီလာခဲ့မှာ မိန့်ခွန်းပြောရာမှာ ဒီရခိုင်ပြည်နယ်ကလူတွေ ထွက်ပြေးလာတဲ့ပြဿနာကို မြန်မာအစိုးရကသာ ဖန်တီးခဲ့တာမို့၊ မြန်မာဘက်ကပဲ အဖြေရှာမှရမယ်၊ နိုင်ငံတကာအနေနဲ့တော့ အကောင်းဆုံးအဖြေရနိုင်ဖို့ ဝိုင်းကူပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒီရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို တရားဝင်လက်မခံပေမဲ့၊ ဒီဒုက္ခသည်တွေ ပြန်လာရေးတော့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG