သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာေတြကုိ ဒုကၡသည္အျဖစ္လက္ခံမယ္လုိ႔ ဖိလစ္ပုိင္သမၼတေျပာ


မွတ္တမ္းဓါတ္ပံု-ဖိလစ္ပိုင္သမၼတ Rodrigo Duterte (ၾသဂုတ္လ ၁၇ ရက္ေန႔)

(Zawgyi/Unicode)

ဖိလစ္ပိုင္သမၼတ Rodrigo Duterte က သူ႔အဆို 'ကမၻာေပၚမွာ ဖိႏွိပ္ညွဥ္းပန္းမႈ အခံရဆုံးလူနည္းစု' ျဖစ္တဲ့ ႐ုိဟင္ဂ်ာေတြကို ဖိလစ္ပိုင္နိုင္ငံအေနနဲ႔ ဒုကၡသည္အျဖစ္ လက္ခံသြားမယ္လို႔ ၇၅ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံမွာ ေဒသစံေတာ္ခ်ိန္ဗုဒၶဟူးေန႔ မနက္က ထုတ္လႊင့္တဲ့ သူ႔ရဲ႕ ဗီြဒီယုိ သတင္းစကားထဲ ထည့္သြင္း ေျပာၾကားသြားပါတယ္။

ဒုကၡသည္ေတြကို ကူညီတာဟာ ႏိုင္ငံအခ်င္းခ်င္းၾကား တာဝန္ယူမႈကို မွ်ေဝယူျခင္း ျဖစ္တယ္လို႔ သမၼတ ဒူတာေတးက ေျပာၾကားၿပီး ဒုကၡပင္လယ္ေဝေနသူေတြအတြက္ ဖိလစ္ပိုင္ႏို္င္ငံက တံခါးဖြင့္ လက္ခံသြားဖို႔ ဆုံးျဖတ္ထားေၾကာင္းလည္း သူက ထပ္ေလာင္းေျပာၾကားပါတယ္။

ပဋိပကၡေတြ ၊ ဖိႏွိပ္အႏိုင္က်င့္ ခံရမႈေတ ြ ၊ ႏိုင္ငံေရး မတည္ၿငိမ္မႈေတ ြေၾကာင့္ ေနရပ္စ ြန္႔ခြာ ထြက္ေျပးလာရတဲ့ ဒုကၡအေရာက္ဆုံးသူေတြကို ကူညီေပးျခင္းဟာ ႏိုင္ငံေတြၾကားမွာရွိတဲ့ တာဝန္ယူမႈအပိုင္းကို မွ်ေဝယူျခင္းသာ ျဖစ္တယ္လို႔ ဒူတာေတးက ရွင္းျပပါတယ္။

႐ုိဟင္ဂ်ာေတြလို ကုိယ့္ေဒသက ထြက္ေျပးလာၾကၿပီး လုံၿခဳံမႈ ရွာၾကသူေတြအတြက္ ဖိလစ္ပိုင္ဟာ အျမဲပဲ တခါးဖြင့္ထားေၾကာင္း သူအႀကိမ္ႀကိမ္ ေျပာဆိုခဲ့ၿပီး ျဖစ္တယ္လို႔ ဒူတာေတးက ဆိုပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကိုေတာ့ ျမန္မာအစိုးရကေရာ စစ္တပ္ကပါ လက္မခံ ပယ္ခ်ထားေပမဲ့ သူတို႔ေနရပ္ရင္းကို ျပန္လာႏိုင္ေရးအတြက္ ျမန္မာအစိုးရက ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ခဲ့ပါတယ္။

အတိတ္သမိုင္းမွာလည္း ဖိလစ္ႏိုင္ငံဟာ ဒုကၡသည္ေတြကို လက္ခံခဲ့ဖူးေၾကာင္း၊ ႐ုရွားႏိုိင္ငံက ၁၉၁၇ ေတာ္လွန္ေရးအၿပီး ထြက္ေျပးလာတဲ့ ႐ုရွားအျဖဴ လူမ်ဳိးစုေတြ ဒုတိယကမၻာစစ္အတြင္း ထြက္ေျပးတဲ့ ဂ်ဴးေတြ၊ ၁၉၆၀ အလြန္ စစ္ေၾကာင့္ေျပးလာတဲ့ ဗီယက္နမ္ေတြနဲ႔၁၉၇၉ ေတာ္လွန္ေရးေၾကာင့္ ေျပးလာတဲ့ အီရန္ေတြကို ဖိလစ္ပိုင္က လက္ခံခဲ့ဖူးတယ္လို႔ ဒူတာေတးက သူ႔မိန္႔ခြန္းထဲ ဂုဏ္ယူ ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ်လက်ခံမယ်လို့ ဖိလစ်ပိုင်သမ္မတပြော

(Unicode)

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့အဆို 'ကမ္ဘာပေါ်မှာ ဖိနှိပ်ညှဉ်းပန်းမှု အခံရဆုံးလူနည်းစု' ဖြစ်တဲ့ ရိုဟင်ဂျာတွေကို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဒုက္ခသည်အဖြစ် လက်ခံသွားမယ်လို့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒေသစံတော်ချိန်ဗုဒ္ဓဟူးနေ့ မနက်က ထုတ်လွှင့်တဲ့ သူ့ရဲ့ ဗွီဒီယို သတင်းစကားထဲ ထည့်သွင်း ပြောကြားသွားပါတယ်။

ဒုက္ခသည်တွေကို ကူညီတာဟာ နိုင်ငံအချင်းချင်းကြား တာဝန်ယူမှုကို မျှဝေယူခြင်း ဖြစ်တယ်လို့ သမ္မတ ဒူတာတေးက ပြောကြားပြီး ဒုက္ခပင်လယ်ဝေနေသူတွေအတွက် ဖိလစ်ပိုင်နိုင်ငံက တံခါးဖွင့် လက်ခံသွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း သူက ထပ်လောင်းပြောကြားပါတယ်။

ပဋိပက္ခတွေ ၊ ဖိနှိပ်အနိုင်ကျင့် ခံရမှုတေ ွ ၊ နိုင်ငံရေး မတည်ငြိမ်မှုတေ ွကြောင့် နေရပ်စ ွန့်ခွာ ထွက်ပြေးလာရတဲ့ ဒုက္ခအရောက်ဆုံးသူတွေကို ကူညီပေးခြင်းဟာ နိုင်ငံတွေကြားမှာရှိတဲ့ တာဝန်ယူမှုအပိုင်းကို မျှဝေယူခြင်းသာ ဖြစ်တယ်လို့ ဒူတာတေးက ရှင်းပြပါတယ်။

ရိုဟင်ဂျာတွေလို ကိုယ့်ဒေသက ထွက်ပြေးလာကြပြီး လုံခြုံမှု ရှာကြသူတွေအတွက် ဖိလစ်ပိုင်ဟာ အမြဲပဲ တခါးဖွင့်ထားကြောင်း သူအကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ ဒူတာတေးက ဆိုပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရကရော စစ်တပ်ကပါ လက်မခံ ပယ်ချထားပေမဲ့ သူတို့နေရပ်ရင်းကို ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

အတိတ်သမိုင်းမှာလည်း ဖိလစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံခဲ့ဖူးကြောင်း၊ ရုရှားနိုင်ငံက ၁၉၁၇ တော်လှန်ရေးအပြီး ထွက်ပြေးလာတဲ့ ရုရှားအဖြူ လူမျိုးစုတွေ ဒုတိယကမ္ဘာစစ်အတွင်း ထွက်ပြေးတဲ့ ဂျူးတွေ၊ ၁၉၆၀ အလွန် စစ်ကြောင့်ပြေးလာတဲ့ ဗီယက်နမ်တွေနဲ့၁၉၇၉ တော်လှန်ရေးကြောင့် ပြေးလာတဲ့ အီရန်တွေကို ဖိလစ်ပိုင်က လက်ခံခဲ့ဖူးတယ်လို့ ဒူတာတေးက သူ့မိန့်ခွန်းထဲ ဂုဏ်ယူ ပြောဆိုပါတယ်။

XS
SM
MD
LG