သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာမႈမွာ ပတ္သက္သူ ျမန္မာစစ္သား ၂ ဦး ICC စစ္ေဆးဖို႔ Fortify Rights တိုက္တြန္း


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕မွာ တပ္စဲြထားတဲ့ ျမန္မာ့စစ္တပ္ တပ္ဖဲြ႔၀င္မ်ား။ (ၾသဂုတ္ ၃၁၊ ၂၀၁၇)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ ၂၀၁၆ နဲ႔ ၂၀၁၇ ခုႏွစ္ေတြက လုပ္ခဲ့တဲ့ တပ္မေတာ္စစ္ဆင္ေရးေတြအတြင္း ပါဝင္ခဲ့ၿပီး ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြကို အစုအေဝးလိုက္ သတ္ျဖတ္တာအပါအဝင္ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ က်ဴးလြန္ခဲ့ၾကတယ္လို႔ ဝန္ခံေျပာဆိုထားတဲ့ ျမန္မာစစ္သားႏွစ္ဦးကို အျမန္ဆံုးတရားစစ္ေဆးၿပီးေတာ့ မ်က္ျမင္သက္ေသေတြအျဖစ္ အကာအကြယ္ေပးဖို႔ Fortify Rights လူ႔အခြင့္အေရးအဖြဲ႔က ႏုိင္ငံတကာ ရာဇဝတ္တရားခံု႐ံုး (ICC) ကို ဒီကေန႔ တိုက္တြန္းလိုက္ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ ကိုမ်ဳိးဝင္းထြန္းဆိုသူနဲ႔ အသက္ ၃၀ အရြယ္ ကိုေဇာ္ႏုိင္ထြန္းဆိုသူတို႔ႏွစ္ဦးဟာ ျမန္မာ့တပ္မေတာ္မွာ တပ္သားေတြအျဖစ္ တာဝန္ထမ္းေဆာင္ေနတာကေန ၂၀၂၀ ျပည့္ႏွစ္၊ ေမလနဲ႔ ဇြန္လေတြမွာ အသီးသီး ထြက္ေျပးခဲ့ၾကသူေတြ ျဖစ္တယ္လို႔ Fortify Rights ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ရခိုင္ျပည္နယ္ စစ္ဆင္ေရးေတြအတြင္း သူတို႔ပါဝင္ခဲ့တာနဲ႔ လုပ္ေဆာင္ခဲ့တာေတြကို တပ္ကေနထြက္ေျပးၿပီးတဲ့ေနာက္ ရခိုင္လက္နက္ကိုင္အဖြဲ႔ (AA) ေရွ႕မွာ ဝန္ခံေျပာဆိုခဲ့ၾကတာျဖစ္ၿပီးေတာ့ AA က ဗီြဒီယို႐ိုက္ယူၿပီး မွတ္တမ္းတင္ထားခဲ့တာပါ။ အဲဒီဗီြဒီယိုကို ရရွိခဲ့ၿပီးတဲ့ေနာက္ သူတို႔ ဝန္ခံ ေျပာဆိုထားတာေတြကို Fortify Rights အဖြဲ႔က ေသခ်ာ ဆန္းစစ္ သံုးသပ္ခဲ့တာမွာ ေျပာဆိုခ်က္ေတြဟာ သူတို႔အဖြဲ႔က မွတ္တမ္းတင္ထားတာေတြနဲ႔ ကိုက္ညီ႐ုံသာမက ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးအဖြဲ႔ (UNFFM) က မွတ္တမ္းတင္ထားေတြနဲ႔ပါ ကိုက္ညီတယ္ဆိုတာ ေတြ႔ရတဲ့အတြက္ ဒီထြက္ဆိုခ်က္ေတြဟာ ယံုၾကည္ထိုက္တယ္လုိ႔ ယူဆတဲ့အေၾကာင္း Fortify Rights အဖြဲ႔ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Matthew Smith က ဗီြအိုေအကိုေျပာပါတယ္။

ကိုမ်ဳိးဝင္းထြန္းဟာ ေျခလ်င္တပ္ရင္း ၅၆၅ ကျဖစ္ၿပီး ကိုေဇာ္ႏုိ္င္ထြန္းက ေျခလ်င္တပ္ရင္း ၃၅၃ ကျဖစ္တယ္လုိ႔ Fortify Rights အဖြဲ႔ဲရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားသလို ဒီတပ္ရင္းနွစ္ခုလံုုုုုးဟာ ၂၀၁၆ နဲ႔ ၂၀၁၇ စစ္ဆင္ေရးေတြမွာ ပါဝင္ခဲ့တဲ့တပ္ရင္းေတြ ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။

ရခုိင္ျပည္နယ္မွာ ဖမ္းဆီးထားသူ ၃၃ ဦး ျမန္မာစစ္တပ္ ျပန္လႊတ္
ကိုမ်ဳိးဝင္းထြန္းက ၂၀၁၇ ခုနွစ္ စက္တင္ဘာလအတြင္း ေတာင္ဘဇားေက်းရြာနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ပတ္ဝန္းက်င္က ေက်းရြာေတြမွာ ႐ိုဟင္ဂ်ာ အမ်ဳိးသမီး၊ အမ်ဳိးသားနဲ႔ ကေလးေတြကို သတ္ျဖတ္တာမွာ သူပါဝင္ခဲ့သလို အမ်ဳိးသမီးေတြကို မုဒိန္းက်င့္ခဲ့တယ္လို႔ ဝန္ခံေျပာဆိုထားတဲ့အေၾကာင္း Fortify Rights အဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္မွာေရာ New York Times သတင္းစာနဲ႔ ကေနဒါ အသံလႊင့္ေကာ္ပုိေရးရွင္း (CBC) ရဲ႕ သတင္းေတြမွာပါ ေဖာ္ျပထားပါတယ္။

ကိုေဇာ္ႏုိင္ထြန္းကလည္း ေမာင္ေတာၿမိဳ႕နယ္ဘက္က ေက်းရြာငါးရြာမွာ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြကို သတ္ျဖတ္တာ၊ အေလာင္းေတြကို က်င္းေတြထဲမွာ အစုလိုက္အျပံဳလိုက္ျမွဳပ္ႏွံတာနဲ႔ တျခားရာဇဝတ္မႈေတြကို က်ဴးလြန္ခဲ့တယ္ဆိုတာ ဝန္ခံခဲ့တယ္လုိ႔ ထုတ္ျပန္ခ်က္နဲ႔ သတင္းေတြမွာ ေတြ႔ရပါတယ္။

သူတို႔ရဲ႕ထြက္ဆိုခ်က္ေတြအရ သူတုိ႔ႏွစ္ဦး သတ္ျဖတ္ခဲ့တဲ့ ႐ိုဟင္ဂ်ာအေရအတြက္ဟာ အေယာက္ ၁၈၀ ထိရွိမယ္လုိ႔ Fortify Rights ကေျပာပါတယ္။

သူတို႔ရဲ႕ အထက္အရာရွိေတြက "ေတြ႔သမ ွ် အကုန္သတ္" လို႔ အမိန္႔ေပးခဲ့တဲ့အေၾကာင္းလည္း ႏွစ္ဦးလံုးရဲ႕ထြက္ဆိုခ်က္ေတြမွာ ပါတယ္လုိ႔ ဆိုပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ တပ္ကေန ထြက္ေျပးခဲ့ၾကသူေတြျဖစ္ၿပီး တိုက္ပြဲအတြင္း ဖမ္းမိသူေတြမဟုတ္ဘူးလို႔ AA ေျပာခြင့္ရ ခုိင္သုခက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။ ခုလက္ရွိ သူတို႔ ဘယ္မွာေရာက္ေနသလဲဆိုတာ ခုိင္သုခက မေျပာေပမယ့္ ျမန္မာစစ္တပ္ရဲ႕လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို ခံစားခဲ့ၾကရသူအားလံုးအတြက္ တရားမ ွ်တမႈရဖို႔ သႏၷိ႒ာန္ခ်ထားသူေတြျဖစ္တယ္လုိ႔ ေျပာတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ ဘဂၤလားေဒ့ရွ္နယ္စပ္ကို ၾသဂုတ္လမွာထြက္ေျပးလာခဲ့ၿပီး သူတို႔ကိုအကာအကြယ္ေပးဖို႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြကို ပန္ၾကားခဲ့ၿပီးတဲ့ေနာက္ ဒီစစ္သားႏွစ္ဦး ေရာက္ေနတယ္ဆိုတာဘဂၤလားေဒ့ရွ္တာဝန္ရွိသူေတြကThe Hague ၿမိဳ႕အေျခစိုက္ ႏိုင္ငံတကာရာဇဝတ္တရားခံု႐ံုး (ICC) ကို အေၾကာင္းၾကားခဲ့တယ္လို႔ Fortify Rights အဖြဲ႔ကေျပာပါတယ္။

သူတို႔ကို ICC ႐ံုးစိုက္တဲ့ The Hague ၿမိဳ႕ကို တနလၤာေန႔က ပို႔လိုက္ၿပီလို႔ New York Times သတင္းစာကေရးထားေပမဲ့ ICC ေျပာခြင့္ရ Fadi El Abdallah ကေတာ့ သူတို႔ကို ICC က ထိန္းသိမ္းထားတယ္ဆိုတာ မဟုတ္တဲ့အေၾကာင္း ေျပာတယ္လုိ႔ ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

စစ္သားႏွစ္ဦးရဲ႕ ထြက္ဆိုခ်က္ေတြကို ႐ိုက္ယူထားတယ္ဆိုတဲ့ ဗီြဒီယိုကို ႐ိုက္တာသတင္းဌာနအေနနဲ႔ မေတြ႔ရေသးဘူးလို႔ ႐ိုက္တာကေရးထားသလို New York Times သတင္းဌာနကလည္း စစ္သားႏွစ္ဦး ထြက္ဆိုထားတဲ့ ရာဇဝတ္မႈေတြကို သူတို႔ တကယ္ပဲက်ဴးလြန္ခဲ့သလားဆိုတာ သီးျခားအတည္မျပဳႏိုင္ေသးဘူးလုိ႔ ေရးထားပါတယ္။

Fortify Rights အဖြဲ႔ရဲ႕ထုတ္ျပန္ခ်က္၊ New York Times နဲ႔ CBC သတင္းဌာနတို႔က ေရးထားတာေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ျမန္မာအစိုးရနဲ႔ စစ္ဘက္ ေျပာခြင့္ရပုဂၢိဳလ္ေတြကို ႐ိုက္တာကဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံေျဖဆိုျခင္း မရွိခဲ့ဘူးလို႔ ႐ိုက္တာသတင္းဌာနရဲ႕သတင္းမွာ ေဖာ္ျပထားပါတယ္။

႐ိုဟင္ဂ်ာလို႔ေခၚဆိုတာကို ျမန္မာအစိုးရက လက္မခံသလို ႐ိုဟင္ဂ်ာေတြအေပၚ ရည္ရြယ္ခ်က္ရွိရွိ က်ဴးလြန္လုပ္ေဆာင္ခဲ့တာေတြ မရွိဘူးလို႔ အစိုးရကေရာ တပ္မေတာ္ကပါ အႀကိမ္ႀကိမ္ ျငင္းဆိုထားပါတယ္။

[Unicode Version]

ရိုဟင်ဂျာမှုမှာ ပတ်သက်သူ မြန်မာစစ်သား ၂ ဦး ICC စစ်ဆေးဖို့ Fortify Rights တိုက်တွန်း

ရခိုင်ပြည်နယ်မှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေက လုပ်ခဲ့တဲ့ တပ်မတော်စစ်ဆင်ရေးတွေအတွင်း ပါဝင်ခဲ့ပြီး ရိုဟင်ဂျာမွတ်ဆလင်တွေကို အစုအဝေးလိုက် သတ်ဖြတ်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ဝန်ခံပြောဆိုထားတဲ့ မြန်မာစစ်သားနှစ်ဦးကို အမြန်ဆုံးတရားစစ်ဆေးပြီးတော့ မျက်မြင်သက်သေတွေအဖြစ် အကာအကွယ်ပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) ကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကိုမျိုးဝင်းထွန်းဆိုသူနဲ့ အသက် ၃၀ အရွယ် ကိုဇော်နိုင်ထွန်းဆိုသူတို့နှစ်ဦးဟာ မြန်မာ့တပ်မတော်မှာ တပ်သားတွေအဖြစ် တာဝန်ထမ်းဆောင်နေတာကနေ ၂၀၂၀ ပြည့်နှစ်၊ မေလနဲ့ ဇွန်လတွေမှာ အသီးသီး ထွက်ပြေးခဲ့ကြသူတွေ ဖြစ်တယ်လို့ Fortify Rights ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း သူတို့ပါဝင်ခဲ့တာနဲ့ လုပ်ဆောင်ခဲ့တာတွေကို တပ်ကနေထွက်ပြေးပြီးတဲ့နောက် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ရှေ့မှာ ဝန်ခံပြောဆိုခဲ့ကြတာဖြစ်ပြီးတော့ AA က ဗွီဒီယိုရိုက်ယူပြီး မှတ်တမ်းတင်ထားခဲ့တာပါ။ အဲဒီဗွီဒီယိုကို ရရှိခဲ့ပြီးတဲ့နောက် သူတို့ ဝန်ခံ ပြောဆိုထားတာတွေကို Fortify Rights အဖွဲ့က သေချာ ဆန်းစစ် သုံးသပ်ခဲ့တာမှာ ပြောဆိုချက်တွေဟာ သူတို့အဖွဲ့က မှတ်တမ်းတင်ထားတာတွေနဲ့ ကိုက်ညီရုံသာမက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (UNFFM) က မှတ်တမ်းတင်ထားတွေနဲ့ပါ ကိုက်ညီတယ်ဆိုတာ တွေ့ရတဲ့အတွက် ဒီထွက်ဆိုချက်တွေဟာ ယုံကြည်ထိုက်တယ်လို့ ယူဆတဲ့အကြောင်း Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ဗွီအိုအေကိုပြောပါတယ်။

ကိုမျိုးဝင်းထွန်းဟာ ခြေလျင်တပ်ရင်း ၅၆၅ ကဖြစ်ပြီး ကိုဇော်နိုင်ထွန်းက ခြေလျင်တပ်ရင်း ၃၅၃ ကဖြစ်တယ်လို့ Fortify Rights အဖွဲ့ဲရဲ့ ထုတ်ပြန်ချက်မှာ ပြောထားသလို ဒီတပ်ရင်းနှစ်ခုလုံးဟာ ၂၀၁၆ နဲ့ ၂၀၁၇ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တဲ့တပ်ရင်းတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကိုမျိုးဝင်းထွန်းက ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း တောင်ဘဇားကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ် ပတ်ဝန်းကျင်က ကျေးရွာတွေမှာ ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးတွေကို သတ်ဖြတ်တာမှာ သူပါဝင်ခဲ့သလို အမျိုးသမီးတွေကို မုဒိန်းကျင့်ခဲ့တယ်လို့ ဝန်ခံပြောဆိုထားတဲ့အကြောင်း Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာရော New York Times သတင်းစာနဲ့ ကနေဒါ အသံလွှင့်ကော်ပိုရေးရှင်း (CBC) ရဲ့ သတင်းတွေမှာပါ ဖော်ပြထားပါတယ်။
အဓမၼျပဳက်င့္ခံရမႈနဲ႔ အမႈဖြင့္ထားသူ ရေသ့ေတာင္ေဒသခံအမ်ဳိးသမီး လံုျခံဳေရး စိုးရိမ္ေန
ကိုဇော်နိုင်ထွန်းကလည်း မောင်တောမြို့နယ်ဘက်က ကျေးရွာငါးရွာမှာ ရိုဟင်ဂျာမွတ်ဆလင်တွေကို သတ်ဖြတ်တာ၊ အလောင်းတွေကို ကျင်းတွေထဲမှာ အစုလိုက်အပြုံလိုက်မြှုပ်နှံတာနဲ့ တခြားရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်လို့ ထုတ်ပြန်ချက်နဲ့ သတင်းတွေမှာ တွေ့ရပါတယ်။

သူတို့ရဲ့ထွက်ဆိုချက်တွေအရ သူတို့နှစ်ဦး သတ်ဖြတ်ခဲ့တဲ့ ရိုဟင်ဂျာအရေအတွက်ဟာ အယောက် ၁၈၀ ထိရှိမယ်လို့ Fortify Rights ကပြောပါတယ်။

သူတို့ရဲ့ အထက်အရာရှိတွေက "တွေ့သမ ျှ အကုန်သတ်" လို့ အမိန့်ပေးခဲ့တဲ့အကြောင်းလည်း နှစ်ဦးလုံးရဲ့ထွက်ဆိုချက်တွေမှာ ပါတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ဟာ တပ်ကနေ ထွက်ပြေးခဲ့ကြသူတွေဖြစ်ပြီး တိုက်ပွဲအတွင်း ဖမ်းမိသူတွေမဟုတ်ဘူးလို့ AA ပြောခွင့်ရ ခိုင်သုခက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ခုလက်ရှိ သူတို့ ဘယ်မှာရောက်နေသလဲဆိုတာ ခိုင်သုခက မပြောပေမယ့် မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားခဲ့ကြရသူအားလုံးအတွက် တရားမ ျှတမှုရဖို့ သန္နိဋ္ဌာန်ချထားသူတွေဖြစ်တယ်လို့ ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

သူတို့နှစ်ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သြဂုတ်လမှာထွက်ပြေးလာခဲ့ပြီး သူတို့ကိုအကာအကွယ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို ပန်ကြားခဲ့ပြီးတဲ့နောက် ဒီစစ်သားနှစ်ဦး ရောက်နေတယ်ဆိုတာဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကThe Hague မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားခုံရုံး (ICC) ကို အကြောင်းကြားခဲ့တယ်လို့ Fortify Rights အဖွဲ့ကပြောပါတယ်။

သူတို့ကို ICC ရုံးစိုက်တဲ့ The Hague မြို့ကို တနင်္လာနေ့က ပို့လိုက်ပြီလို့ New York Times သတင်းစာကရေးထားပေမဲ့ ICC ပြောခွင့်ရ Fadi El Abdallah ကတော့ သူတို့ကို ICC က ထိန်းသိမ်းထားတယ်ဆိုတာ မဟုတ်တဲ့အကြောင်း ပြောတယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။

စစ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေကို ရိုက်ယူထားတယ်ဆိုတဲ့ ဗွီဒီယိုကို ရိုက်တာသတင်းဌာနအနေနဲ့ မတွေ့ရသေးဘူးလို့ ရိုက်တာကရေးထားသလို New York Times သတင်းဌာနကလည်း စစ်သားနှစ်ဦး ထွက်ဆိုထားတဲ့ ရာဇဝတ်မှုတွေကို သူတို့ တကယ်ပဲကျူးလွန်ခဲ့သလားဆိုတာ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ရေးထားပါတယ်။

Fortify Rights အဖွဲ့ရဲ့ထုတ်ပြန်ချက်၊ New York Times နဲ့ CBC သတင်းဌာနတို့က ရေးထားတာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မြန်မာအစိုးရနဲ့ စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်တွေကို ရိုက်တာကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ဘူးလို့ ရိုက်တာသတင်းဌာနရဲ့သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံသလို ရိုဟင်ဂျာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်ခဲ့တာတွေ မရှိဘူးလို့ အစိုးရကရော တပ်မတော်ကပါ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

XS
SM
MD
LG