သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္စခန္း ႏုိင္ငံတကာကိုယ္စားလွယ္အဖြဲ႔ သြားေရာက္


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ေဒသရွိ KutuPalong ရိုဟင္ဂ်ာ ဒုကၡသည္စခန္း။ (ဧၿပီ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ဘဂၤလားေဒ့ရွ္နယ္စပ္က ရိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြကို ႏုိင္ငံတကာ သံတမန္ေတြနဲ႔ ကူညီေရးအဖြဲ႔ေတြ သြားေရာက္ၿပီး အကူအညီေတြေပးခါ ႐ိုဟင္ဂ်ာအၾကပ္အတည္းေျဖရွင္းေရး ေျပာဆိုခဲ့ပါတယ္။ ကိုဗစ္ဒဏ္ႀကံဳေနရေပမဲ့ ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ ကူညီေစာင့္ေရွာက္ေပးမႈနဲ႔ ဒုကၡသည္ေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေၾကာင့္ ဒုကၡသည္စခန္းေတြမွာ ေရာဂါကူးစက္မႈ ထိန္းထားႏိုင္တာအတြက္လည္း ဘဂၤလားေဒ့ရွ္အေျခစိုက္ ဒီႏိုင္ငံတကာကိုယ္စားလွယ္အဖြဲ႔က ခ်ီးက်ဴးခဲ့ပါတယ္။ ဒုကၡသည္ေတြ ကၽြန္းတခုကို ေရႊ႔ေျပာင္းေရး ႀကိဳတင္ေလ့လာမႈေတြလုပ္ဖို႔လည္း ဒီအဖြဲ႔က တိုက္တြန္းခဲ့တာကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကို၀င္မင္းက ေျပာျပပါမယ္။

ဘဂၤလားေဒ့ရွ္-ျမန္မာနယ္စပ္က Cox’s Bazar ၿမိဳ႕မွာ ရွိတဲ့ ဒီဒုကၡသည္စခန္းေတြကို ဘဂၤလားေဒ့ရွ္ဆိုင္ရာ အေမရိကန္သံအမတ္၊ ၿဗိတိသွ်မဟာမင္းႀကီး၊ ကေနဒါကူညီေရး မဟာမင္းႀကီး၊ ကုလသမဂၢဌာေန ကိုယ္စားလွယ္တို႔နဲ႔အတူ၊ မေန႔ကပဲ သြားေရာက္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္ဆိုင္ရာ ဥေရာပသမဂၢသံအမတ္ႀကီး Rensje Teerink က ဒုကၡသည္တခ်ိဳ႕ေရာက္ၿပီးသားျဖစ္ေနတဲ့ Bhasan Char ကၽြန္းကို ေရႊ႕ေျပာင္းေရးအတြက္ ႀကိဳေလ့လာဖို႔ တိုက္တြန္းလိုက္ပါတယ္။

“ေျပာင္းရမဲ့ ကၽြန္းကို သြားၾကည့္ဖို႔ ခရီးက အရမ္းသင့္ေတာ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီကလူေတြအေနနဲ႔ သူတို႔ ဘယ္လိုေနရာမ်ိဳးကို သြားရမယ္ဆိုတာကို ႀကိဳသိထားဖို႔ေပါ့ေနာ္။အဲ့ဒီမတိုင္ခင္ကိုလည္း ကုလသမဂၢအေနနဲ႔ နည္းပညာပိုင္းဆိုင္ရာ ေလ့လာဆန္းစစ္မႈေတြ ႀကိဳၿပီးသြားလုပ္ေပးဖို႔ အထူးအေရးႀကီးတယ္လို႔ ထင္ပါတယ္။ ခုလို နည္းပညာပိုင္းေလ့လာဆန္းစစ္ၿပီးမွာသာ ဒီကၽြန္းက ဘယ္ေလာက္လံုၿခံဳတယ္ ဘယ္ေလာက္ေရရွည္ေနႏိုင္မယ္ဆိုတာကို သိႏိုင္မွာမို႔ပါ။ ဒီလိုခရီးစဥ္မ်ိဳး ျဖစ္လာဖို႔ ေမွ်ာ္လင့္ထားပါတယ္။” လို႔ေျပာသြားတာပါ။

ဘဂၤလားေဒ့ရွ္ႏုိင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Earl Miller ကလည္း ဒီရိုဟင္ဂ်ာအၾကပ္အတည္းက ဘဂၤလားေဒ့ရွ္လိုပဲ၊ အေမရိကန္အတြက္လည္း အေရးပါတဲ့ ဦးစားေပးျဖစ္ၿပီး ဒုကၡသည္ေတြ လံုၿခံဳစြာျပန္ႏိုင္တဲ့အထိကို ဆက္ကူသြားမယ္လို႔ ကတိေပးခဲ့ပါတယ္။ဒီအဖြဲ႔မွာပါလာတဲ့ ကမာၻ႔ဘဏ္ဌာေနညႊန္ၾကားေရးမွဴး Mercy Tembon ကလည္း-

“သူတို႔ ဒီမွာရွိေနတယ္ဆိုတာကို အားလံုးက ေမ့ထားလို႔မရပါဘူး။ ဟုတ္ပါတယ္ - ကပ္ေရာဂါႀကီး က်ေရာက္လာတယ္။ ကိုဗစ္ျဖစ္လာတယ္။ ဒါေပမဲ့ ဒီရိုဟင္ဂ်ာ အၾကပ္အတည္းႀကီးကို ျပန္တံု႔ျပန္ကူညီဖို႔အေရးပါမႈကလည္း အားလံုးနဲ႔အတူ ဆက္ရွိေနပါတယ္။ ဒါေၾကာင့္မို႔ ကမာၻ႔ဘဏ္အေနနဲ႔ ဒီအၾကပ္အတည္းႀကီးကို တံု႔ျပန္ကူညီေပးႏိုင္ဖို႔၊ ဘဂၤလားေဒ့ရွ္အစိုးရအတြက္ အေမရိကန္ေဒၚလာ သန္း ၅၀၀ ကူညီေပးထားတာပါ။” လို႔ေျပာသြားတာပါ။

ကိုယ္စားလွယ္အဖြဲ႔ထဲမွာ ပါလာတဲ့ ကုလသမဂၢလူဦးေရ ရန္ပံုေငြအဖြဲ႔ (UNFPA) ရဲ႕ ဘဂၤလားေဒ့ရွ္ဆိုင္ရာ ဒုတိယဌာေနကိုယ္စားလွယ္ Eiko Narita ကလည္း

“လူသားခ်င္းစာနာမႈ အကူအညီဆိုင္ရာ မိတ္ဖက္အဖြဲ႔ေတြ စုေပါင္းၿပီး လာၾကတာပါ။ ကမာၻ႔ဘဏ္၊ ေနာက္ ကုလသမဂၢလူဦးေရ ရန္ပံုေငြအဖြဲ႔၊ ဒီ အဖြဲ႔ေတြ အားလံုးအေျချပဳၿပီးေတာ့၊ ကိုဗစ္ျပႆနာ ျမင့္မားလာေနတာကို ျမန္ျမန္ တံု႔ျပန္ကူညီေပးႏိုင္ေနပါၿပီ။ ဒီမွာ လိုအပ္ေနတဲ့ မ်ိဳးဆက္ပြား က်န္းမာေရးဆိုင္ရာ အကူအညီေတြနဲ႔ သူတို႔ရသင့္တဲ့ အခြင့္အလမ္းဆိုင္ရာ ဝန္ေဆာင္မႈေတြကို ေပးႏိုင္ေနပါၿပီ။” လို႔ေျပာသြားတာပါ။

ကိုဗစ္ကပ္ေရာဂါကာလမွာ ဒီကိုယ္စားလွယ္အဖြဲ႔ ေရာက္လာတာေၾကာင့္ ဒုကၡသည္ေတြ မေတြ႔လိုက္ရဘဲ သူတို႔အတြက္ေရာ ဘဂၤလားေဒ့ရွ္အတြက္ပါ အကူအညီေပးသြားတာကို ၾကားတဲ့အေၾကာင္း ကုတုပေလာင္ စခန္းအမွတ္(၁)မွာ ခိုလံႈေနထုိင္သူလည္းျဖစ္ ARNU Arakan Rohngya National Union အဖြဲ႔ရဲ႕ အတြင္းေရးမွဴး ကိုအီလီယာစ္က ဗီြအိုေအျမန္မာပိုင္းကိုေျပာျပပါတယ္။

"အခု COVID 19 ျဖစ္တဲ့အတြက္ COVID 19 နဲ႔ ပတ္သက္တဲ့ က်န္းမာေရးပိုင္းဆုိင္ရာပစၥည္းေတြ လွဴဒါန္းတာတို႔ အလွဴေငြေတြ ထည့္တာ က်ေနာ္တို႔ၾကားပါတယ္။ ဘဂၤလားႏုိင္ငံသားေတြအတြက္လည္း သူတို႔အမ်ားၾကီး ကူေပးတာၾကားတယ္။ ေနာက္ က်ေနာ္တို႔လို ျမန္မာျပည္ကလာတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြအတြက္လည္း ဒုကၡသည္စခန္းေတြမွာ လိုအပ္တဲ့က်န္းမာေရးပိုင္းနဲ႔ ပတ္သက္တာေတြကိုလည္း သူတို႔ကူညီမယ္လို႔ ၾကားတယ္။ ေနာက္ၿပီးေတာ့ ပညာေရးပိုင္းမွာလည္း ေက်ာင္းေတြ စင္တာေတြအတြက္ ပညာေရးပိုင္း ေဆြးေနြးတာ က်ေနာ္တို႔ၾကားပါတယ္။ က်ေနာ္တို႔ ေနရပ္ကို အျမန္ဆံုးျပန္ဖို႔အတြက္ပဲ ေတာင္းဆိုခ်င္တယ္။ နုိင္ငံတကာဘက္က က်ေနာ္တို႔ကို ဘယ္လိုပံုစံနဲ႔ကူညီေပးနုိင္မလဲ ျမန္မာအစိုးရကိုေရာ ႏုိင္ငံတကာကိုေရာ အကုန္လံုး ညိွၿပီးေတာ့ ကိုယ့္ေနရပ္မွာ ဘယ္လိုျပန္ေနနိုင္မလဲ အဲ့တာကိုပဲ က်ေနာ္တို႔ ေတာင္းဆိုခ်င္ပါတယ္။"

ဒီကုိယ္စားလွယ္အဖြဲ႔အေနနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္ေတြကို လက္ခံကူညီေပးေနတာကို ခ်ီးၾကဴးလိုက္ၿပီး ျပႆနာရဲ႕ အရင္းအျမစ္ကိုေျဖရွင္းၿပီး သူတို႔လံုၿခံဳစြာ အိမ္ျပန္ႏိုင္ဖို႔က ျမန္မာအစိုးရေပၚအဓိက မူတည္ေနတယ္၊ ျပစ္မႈက်ဴးလြန္ခဲ့သူေတြကို အေရးယူေပးမွသာ ဒုကၡသည္ေတြ ျပန္ဖို႔ယံုၾကည္မႈရလာမယ္လို႔ ေျပာခဲ့ပါတယ္။ ျမန္မာအစိုးရဘက္ကေတာ့ ဒီဒုကၡသည္ေတြကို ျပန္လက္ခံမယ္လို႔ ေျပာထားေပမဲ့ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာဒုက္ခသည်စခန်း နိုင်ငံတကာကိုယ်စားလှယ်အဖွဲ့ သွားရောက်

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာ သံတမန်တွေနဲ့ ကူညီရေးအဖွဲ့တွေ သွားရောက်ပြီး အကူအညီတွေပေးခါ ရိုဟင်ဂျာအကြပ်အတည်းဖြေရှင်းရေး ပြောဆိုခဲ့ပါတယ်။ ကိုဗစ်ဒဏ်ကြုံနေရပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကူညီစောင့်ရှောက်ပေးမှုနဲ့ ဒုက္ခသည်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောဂါကူးစက်မှု ထိန်းထားနိုင်တာအတွက်လည်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒီနိုင်ငံတကာကိုယ်စားလှယ်အဖွဲ့က ချီးကျူးခဲ့ပါတယ်။ ဒုက္ခသည်တွေ ကျွန်းတခုကို ရွှေ့ပြောင်းရေး ကြိုတင်လေ့လာမှုတွေလုပ်ဖို့လည်း ဒီအဖွဲ့က တိုက်တွန်းခဲ့တာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဝင်မင်းက ပြောပြပါမယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က Cox’s Bazar မြို့မှာ ရှိတဲ့ ဒီဒုက္ခသည်စခန်းတွေကို ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်၊ ဗြိတိသျှမဟာမင်းကြီး၊ ကနေဒါကူညီရေး မဟာမင်းကြီး၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့နဲ့အတူ၊ မနေ့ကပဲ သွားရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Rensje Teerink က ဒုက္ခသည်တချို့ရောက်ပြီးသားဖြစ်နေတဲ့ Bhasan Char ကျွန်းကို ရွှေ့ပြောင်းရေးအတွက် ကြိုလေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်။

“ပြောင်းရမဲ့ ကျွန်းကို သွားကြည့်ဖို့ ခရီးက အရမ်းသင့်တော်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကလူတွေအနေနဲ့ သူတို့ ဘယ်လိုနေရာမျိုးကို သွားရမယ်ဆိုတာကို ကြိုသိထားဖို့ပေါ့နော်။အဲ့ဒီမတိုင်ခင်ကိုလည်း ကုလသမဂ္ဂအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုတွေ ကြိုပြီးသွားလုပ်ပေးဖို့ အထူးအရေးကြီးတယ်လို့ ထင်ပါတယ်။ ခုလို နည်းပညာပိုင်းလေ့လာဆန်းစစ်ပြီးမှာသာ ဒီကျွန်းက ဘယ်လောက်လုံခြုံတယ် ဘယ်လောက်ရေရှည်နေနိုင်မယ်ဆိုတာကို သိနိုင်မှာမို့ပါ။ ဒီလိုခရီးစဉ်မျိုး ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။” လို့ပြောသွားတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Earl Miller ကလည်း ဒီရိုဟင်ဂျာအကြပ်အတည်းက ဘင်္ဂလားဒေ့ရှ်လိုပဲ၊ အမေရိကန်အတွက်လည်း အရေးပါတဲ့ ဦးစားပေးဖြစ်ပြီး ဒုက္ခသည်တွေ လုံခြုံစွာပြန်နိုင်တဲ့အထိကို ဆက်ကူသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ဒီအဖွဲ့မှာပါလာတဲ့ ကမ္ဘာ့ဘဏ်ဌာနေညွှန်ကြားရေးမှူး Mercy Tembon ကလည်း-

“သူတို့ ဒီမှာရှိနေတယ်ဆိုတာကို အားလုံးက မေ့ထားလို့မရပါဘူး။ ဟုတ်ပါတယ် - ကပ်ရောဂါကြီးကျရောက်လာတယ်။ ကိုဗစ်ဖြစ်လာတယ်။ ဒါပေမဲ့ ဒီရိုဟင်ဂျာ အကြပ်အတည်းကြီးကို ပြန်တုံ့ပြန်ကူညီဖို့အရေးပါမှုကလည်း အားလုံးနဲ့အတူ ဆက်ရှိနေပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့ဘဏ်အနေနဲ့ ဒီအကြပ်အတည်းကြီးကို တုံ့ပြန်ကူညီပေးနိုင်ဖို့၊ ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကူညီပေးထားတာပါ။” လို့ပြောသွားတာပါ။

ကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါလာတဲ့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Eiko Narita ကလည်း

“လူသားချင်းစာနာမှု အကူအညီဆိုင်ရာ မိတ်ဖက်အဖွဲ့တွေ စုပေါင်းပြီး လာကြတာပါ။ ကမ္ဘာ့ဘဏ်၊ နောက် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၊ ဒီ အဖွဲ့တွေ အားလုံးအခြေပြုပြီးတော့၊ ကိုဗစ်ပြဿနာ မြင့်မားလာနေတာကို မြန်မြန် တုံ့ပြန်ကူညီပေးနိုင်နေပါပြီ။ ဒီမှာ လိုအပ်နေတဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အကူအညီတွေနဲ့ သူတို့ရသင့်တဲ့ အခွင့်အလမ်းဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးနိုင်နေပါပြီ။” လို့ပြောသွားတာပါ။

ကိုဗစ်ကပ်ရောဂါကာလမှာ ဒီကိုယ်စားလှယ်အဖွဲ့ ရောက်လာတာကြောင့် ဒုက္ခသည်တွေ မတွေ့လိုက်ရဘဲ သူတို့အတွက်ရော ဘင်္ဂလားဒေ့ရှ်အတွက်ပါ အကူအညီပေးသွားတာကို ကြားတဲ့အကြောင်း ကုတုပလောင် စခန်းအမှတ်(၁)မှာ ခိုလှုံနေထိုင်သူလည်းဖြစ် ARNU Arakan Rohngya National Union အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုအီလီယာစ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပြပါတယ်။

"အခု COVID 19 ဖြစ်တဲ့အတွက် COVID 19 နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပိုင်းဆိုင်ရာပစ္စည်းတွေ လှူဒါန်းတာတို့ အလှူငွေတွေ ထည့်တာ ကျနော်တို့ကြားပါတယ်။ ဘင်္ဂလားနိုင်ငံသားတွေအတွက်လည်း သူတို့အများကြီး ကူပေးတာကြားတယ်။ နောက် ကျနော်တို့လို မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက်လည်း ဒုက္ခသည်စခန်းတွေမှာ လိုအပ်တဲ့ကျန်းမာရေးပိုင်းနဲ့ ပတ်သက်တာတွေကိုလည်း သူတို့ကူညီမယ်လို့ ကြားတယ်။ နောက်ပြီးတော့ ပညာရေးပိုင်းမှာလည်း ကျောင်းတွေ စင်တာတွေအတွက် ပညာရေးပိုင်း ဆွေးနွေးတာ ကျနော်တို့ကြားပါတယ်။ ကျနော်တို့ နေရပ်ကို အမြန်ဆုံးပြန်ဖို့အတွက်ပဲ တောင်းဆိုချင်တယ်။ နိုင်ငံတကာဘက်က ကျနော်တို့ကို ဘယ်လိုပုံစံနဲ့ကူညီပေးနိုင်မလဲ မြန်မာအစိုးရကိုရော နိုင်ငံတကာကိုရော အကုန်လုံး ညှိပြီးတော့ ကိုယ့်နေရပ်မှာ ဘယ်လိုပြန်နေနိုင်မလဲ အဲ့တာကိုပဲ ကျနော်တို့ တောင်းဆိုချင်ပါတယ်။"

ဒီကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေကို လက်ခံကူညီပေးနေတာကို ချီးကြူးလိုက်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကိုဖြေရှင်းပြီး သူတို့လုံခြုံစွာ အိမ်ပြန်နိုင်ဖို့က မြန်မာအစိုးရပေါ်အဓိက မူတည်နေတယ်၊ ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူပေးမှသာ ဒုက္ခသည်တွေ ပြန်ဖို့ယုံကြည်မှုရလာမယ်လို့ ပြောခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့ ပြောထားပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG