သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္နဲ႔ခ်င္း စစ္ေရးပဋိပကၡ မႏၲေလးမွာ ကန္႔ကြက္ဆႏၵျပသူေတြ အဖမ္းခံရ


[Zawgyi/Unicode]

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က လက္နက္ကုိင္ပဋိပကၡေတြနဲ႔ အင္တာနက္ ဆက္သြယ္မႈ ကန္႔သတ္ထားတာေတြ အဆုံးသတ္ေရး မႏၱေလးၿမိဳ႕မွာ ေတာင္းဆုိလႈပ္ရွားခဲ့ၾကတဲ့ လူငယ္ သံုး ဦး ဖမ္းဆီးခံလုိက္ရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္ခန္႔က ေျပာျပပါမယ္။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က လက္နက္ကုိင္ပဋိပကၡေတြနဲ႔ အင္တာနက္ ဆက္သြယ္မႈ ကန္႔သတ္ထားတာေတြ အဆုံးသတ္ေရး မႏၱေလးၿမိဳ႕မွာ ကန္႔ကြက္ဆႏၵျပသူေတြရဲ႕ ျမင္ကြင္း။ (စက္တင္ဘာ ၂၅၊ ၂၀၂၀)
ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က လက္နက္ကုိင္ပဋိပကၡေတြနဲ႔ အင္တာနက္ ဆက္သြယ္မႈ ကန္႔သတ္ထားတာေတြ အဆုံးသတ္ေရး မႏၱေလးၿမိဳ႕မွာ ကန္႔ကြက္ဆႏၵျပသူေတြရဲ႕ ျမင္ကြင္း။ (စက္တင္ဘာ ၂၅၊ ၂၀၂၀)

ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသား သမဂၢအဖဲြ႔၀င္ သံုး ဦးျဖစ္တဲ့ ကိုစိုးလွႏိုင္၊ ကိုေက်ာ္သီဟရဲေက်ာ္နဲ႔ ကိုရဲရင့္ေအာင္တို႔က ရခုိင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ႀကံဳေနရတဲ့ အၾကပ္အတည္းေတြ အဆုံးသတ္ေရး ေတာင္းဆုိဆႏၵျပခဲ့တဲ့အတြက္ ဖမ္းဆီးခံခဲ့ရတာပါ။ အဖမ္းမခံရခင္ မႏၱေလး ေစ်းခ်ိဳ နာရီစင္ေရွ႕မွာ ဒီကေန႔ ေသာၾကာေန႔ အေစာပုိင္းမွာ ဆႏၵျပခဲ့ၾကတာနဲ႔ ပတ္သက္လုိ႔ ဆႏၵျပသူ တစ္ဦးျဖစ္တဲ့ ကိုစိုးလွႏိုင္က အခုလုိရွင္းျပပါတယ္။

“ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ တိုင္းရင္းသားေဒသေတြမွာ ဖက္ဆစ္ စစ္တပ္ရဲ႕ လူမဆန္တဲ့ လုပ္ရပ္ေတြကို ျပည္သူလူထု သိေအာင္ ခ်ျပတာျဖစ္တယ္။ ေက်ာင္းသားေတြကို သမဂၢရဲေဘာ္ေတြကို မတရားဖမ္းဆီးေထာင္ခ်တယ္ အာမခံမရတဲ့ ပုဒ္မေတြနဲ႔ တရားစြဲတယ္။ က်ေနာ္တို႔ သမဂၢရဲေဘာ္ေတြကို ဖမ္းဆီးေထာင္ခ်ရံုနဲ႔ ဒီေၾကြးေၾကာ္သံေတြက ရပ္သြားမွာ မဟုတ္ဘူး။ လႈပ္ရွားမႈေတြက ဆက္လက္ရွိေနအံုးမွာ ျဖစ္တယ္လို႔ ျပသျခင္းျဖစ္တယ္။ ရခိုင္ျပည္သူလူထုနဲ႔ တသားတည္း ရပ္တည္တယ္ဆိုတာ ျပသျခင္းျဖစ္တယ္။”

ရခုိင္ျပည္နယ္က ပဋိပကၡေတြ အဆုံးသတ္ေရး ေတာင္းဆုိလႈပ္ရွားၾကတဲ့ လူငယ္ေတြ ဖမ္းဆီးအေရးယူမႈေတြ ႀကံဳေနရခ်ိန္မွာပဲ အခုလို ေနာက္ထပ္ လႈပ္ရွားမႈေတြကို ဆက္လုပ္ေနၾကတာပါ။ ဆႏၵျပလႈပ္ရွားမႈမွာ ပါ၀င္ခဲ့သူ ေနာက္တဦးျဖစ္တဲ့ ကိုေက်ာ္သီဟရဲေက်ာ္ကေတာ့ ဖမ္းဆီးအေရးယူမႈေတြ ရွိေပမဲ့လည္း ဆက္လက္လႈပ္ရွားသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

“စစ္ဆန္႔က်င့္ေရးလႈပ္ရွားမႈ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒ ဖ်က္သိမ္းေရး လႈပ္ရွားမႈေတြမွာ ဗကသ ေက်ာင္းသားေတြ အၿမဲ အဲ့လမ္းေၾကာင္းကေန ေသြဖယ္သြားမွာမဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ကို ဘယ္ေလာက္ပဲ ဖိႏွိပ္ဖိႏွိပ္ က်ေနာ္တို႔က ဘယ္ေလာက္ပဲ မတရား ပုဒ္မေတြနဲ႔ ဖမ္းဆီးထား ဖမ္းဆီးထား က်ေနာ္တို႔ရဲ႕ ဗကသ ေက်ာင္းသားေတြဟာ စစ္ဆန္႔က်င္ေရး လႈပ္ရွားမႈ ဖက္ဆစ္ စစ္တပ္ရဲ႕ လူမဆန္တဲ့ လုပ္ရပ္ေတြကို ကန္႔ကြက္ သြားမွာ ျဖစ္တယ္ ဆက္တိုက္ လႈပ္ရွားသြားမွာျဖစ္တယ္။”

ဖမ္းဆီးခံရသူ ၃ ဦးဟာ ဒီလဆန္းပုိင္းတုန္းကလည္း အလားတူ မႏၱေလးၿမိဳ႕မွာ ေတာင္းဆုိလႈပ္ရွားခဲ့ၾကတဲ့အတြက္ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆုိင္ရာ ဥပေဒပုဒ္မ ၁၉ နဲ႔ ဖမ္း၀ရမ္းထုတ္ခံထားရသူေတြ ျဖစ္ပါတယ္။ အခုေနာက္ဆုံး ဖမ္းဆီးမႈနဲ႔ ပတ္သက္လုိ႔လည္း မႏၱေလးတုိင္း ခ်မ္းေအးသာစံၿမိဳ႕နယ္ အမွတ္ ၆ စခန္းမွဴးက အခုလုိေျပာပါတယ္။

“က်ေနာ္တို႔ ၿငိမ္းစီ ၁၉ မွာ သူတို႔ တရားခံေျပး ျဖစ္ေနပါတယ္။ ထပ္ၿပီးေတာ့ တျခားစခန္းေတြမွာလည္း ၅၀၅ (က) (ခ) စြဲထားတယ္။ အဲ့ဒါေၾကာင့္ ကိုေက်ာ္သီဟနဲ႔ ကိုစုိးႏိုင္တို႔ကို ရဲစခန္းကို ေခၚသြားပါမယ္။”

ခ်မ္းေအးသာစံၿမိဳ႕နယ္မွာ စက္တင္ဘာ ၁၀ ရက္ေန႔က ဆႏၵျပလႈပ္ရွားခဲ့တဲ့ ကိုမ်ိဳးခ်စ္ေဇာ္ကိုေတာ့ ဒီတပတ္ထဲမွာပဲ ၿငိမ္းစုစီ ပုဒ္မ ၁၉ နဲ႔ ေထာင္ဒဏ္ ၁ လ ခ်မွတ္ခဲ့တာပါ။ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ရံုးေရွ႕မွာ အလားတူ ေတာင္းဆုိခ်က္ေတြနဲ႔ ဆႏၵျပခဲ့ၾကတဲ့ ေက်ာင္းသား သမဂၢအဖဲြ႔၀င္ လူငယ္ ၃ ဦးကိုလည္း ၿငိမ္းစုစီ ပုဒ္မ ၁၉ နဲ႔ ဒီတပတ္ထဲမွာပဲ တရားစြဲဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်နဲ့ချင်း စစ်ရေးပဋိပက္ခ မန္တလေးမှာ ကန့်ကွက်ဆန္ဒပြသူတွေ အဖမ်းခံရ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အင်တာနက် ဆက်သွယ်မှု ကန့်သတ်ထားတာတွေ အဆုံးသတ်ရေး မန္တလေးမြို့မှာ တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ လူငယ် သုံး ဦး ဖမ်းဆီးခံလိုက်ရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပါမယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် သုံး ဦးဖြစ်တဲ့ ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုရဲရင့်အောင်တို့က ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ကြုံနေရတဲ့ အကြပ်အတည်းတွေ အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာပါ။ အဖမ်းမခံရခင် မန္တလေး ဈေးချို နာရီစင်ရှေ့မှာ ဒီကနေ့ သောကြာနေ့ အစောပိုင်းမှာ ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်လို့ ဆန္ဒပြသူ တစ်ဦးဖြစ်တဲ့ ကိုစိုးလှနိုင်က အခုလိုရှင်းပြပါတယ်။

“ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တိုင်းရင်းသားဒေသတွေမှာ ဖက်ဆစ် စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ပြည်သူလူထု သိအောင် ချပြတာဖြစ်တယ်။ ကျောင်းသားတွေကို သမဂ္ဂရဲဘော်တွေကို မတရားဖမ်းဆီးထောင်ချတယ် အာမခံမရတဲ့ ပုဒ်မတွေနဲ့ တရားစွဲတယ်။ ကျနော်တို့ သမဂ္ဂရဲဘော်တွေကို ဖမ်းဆီးထောင်ချရုံနဲ့ ဒီကြွေးကြော်သံတွေက ရပ်သွားမှာ မဟုတ်ဘူး။ လှုပ်ရှားမှုတွေက ဆက်လက်ရှိနေအုံးမှာ ဖြစ်တယ်လို့ ပြသခြင်းဖြစ်တယ်။ ရခိုင်ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်တယ်ဆိုတာ ပြသခြင်းဖြစ်တယ်။”

ရခိုင်ပြည်နယ်က ပဋိပက္ခတွေ အဆုံးသတ်ရေး တောင်းဆိုလှုပ်ရှားကြတဲ့ လူငယ်တွေ ဖမ်းဆီးအရေးယူမှုတွေ ကြုံနေရချိန်မှာပဲ အခုလို နောက်ထပ် လှုပ်ရှားမှုတွေကို ဆက်လုပ်နေကြတာပါ။ ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ နောက်တဦးဖြစ်တဲ့ ကိုကျော်သီဟရဲကျော်ကတော့ ဖမ်းဆီးအရေးယူမှုတွေ ရှိပေမဲ့လည်း ဆက်လက်လှုပ်ရှားသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“စစ်ဆန့်ကျင့်ရေးလှုပ်ရှားမှု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး လှုပ်ရှားမှုတွေမှာ ဗကသ ကျောင်းသားတွေ အမြဲ အဲ့လမ်းကြောင်းကနေ သွေဖယ်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ဘယ်လောက်ပဲ ဖိနှိပ်ဖိနှိပ် ကျနော်တို့က ဘယ်လောက်ပဲ မတရား ပုဒ်မတွေနဲ့ ဖမ်းဆီးထား ဖမ်းဆီးထား ကျနော်တို့ရဲ့ ဗကသ ကျောင်းသားတွေဟာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ဖက်ဆစ် စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကန့်ကွက် သွားမှာ ဖြစ်တယ် ဆက်တိုက် လှုပ်ရှားသွားမှာဖြစ်တယ်။”

ဖမ်းဆီးခံရသူ ၃ ဦးဟာ ဒီလဆန်းပိုင်းတုန်းကလည်း အလားတူ မန္တလေးမြို့မှာ တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေ ဖြစ်ပါတယ်။ အခုနောက်ဆုံး ဖမ်းဆီးမှုနဲ့ ပတ်သက်လို့လည်း မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အမှတ် ၆ စခန်းမှူးက အခုလိုပြောပါတယ်။

“ကျနော်တို့ ငြိမ်းစီ ၁၉ မှာ သူတို့ တရားခံပြေး ဖြစ်နေပါတယ်။ ထပ်ပြီးတော့ တခြားစခန်းတွေမှာလည်း ၅၀၅ (က) (ခ) စွဲထားတယ်။ အဲ့ဒါကြောင့် ကိုကျော်သီဟနဲ့ ကိုစိုးနိုင်တို့ကို ရဲစခန်းကို ခေါ်သွားပါမယ်။”

ချမ်းအေးသာစံမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်နေ့က ဆန္ဒပြလှုပ်ရှားခဲ့တဲ့ ကိုမျိုးချစ်ဇော်ကိုတော့ ဒီတပတ်ထဲမှာပဲ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့တာပါ။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့မှာ အလားတူ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် လူငယ် ၃ ဦးကိုလည်း ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ဒီတပတ်ထဲမှာပဲ တရားစွဲဆိုထားပါတယ်။

XS
SM
MD
LG