သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္နဲ႔ ခ်င္း လက္နက္ကိုင္ပဋိပကၡ ဆႏၵျပ မႏၲေလးလူငယ္သံုးဦး ႐ံုးထုတ္ျမင္ကြင္း (ဓာတ္ပံု - ထက္ေအာင္ခန္႔၊ ဗီြအိုေအ)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔က လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ 4G အင္တာနက္ ကန္႔သတ္ထားတာေတြကို အဆံုးသတ္ေရး မႏၲေလးမွာ ေတာင္းဆိုဆႏၵျပၿပီး စေတကာ ကမ္ပိန္းလုပ္ခဲ့တဲ့ ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (ဗကသ) လူငယ္ ၃ ဦးကုိ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရားရံုးမွာ ရံုးထုတ္ စစ္ေဆးခဲ့ပါတယ္။

သူတုိ႔ကို လာမယ့္ ေအာက္တုိဘာလ ၉ ရက္ေန႔မွာ အၿပီးသတ္ အမိန္႔ခ်မွတ္သြားမွာလည္း ျဖစ္ပါတယ္။

သူတို႔ ၃ ဦးကိုေတာ့ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ဆိုင္ရာ ဥပေဒပုဒ္မ (၁၉) အျပင္ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မေတြနဲ႔ ဖမ္းဆီးၿပီးေတာ့ အမႈဖြင့္အေရးယူထားတာျဖစ္ပါတယ္။

[Unicode Version]

ရခိုင်နဲ့ ချင်း လက်နက်ကိုင်ပဋိပက္ခ ဆန္ဒပြ မန္တလေးလူငယ်သုံးဦး ရုံးထုတ်မြင်ကွင်း (ဓာတ်ပုံ - ထက်အောင်ခန့်၊ ဗွီအိုအေ)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က လက်နက်ကိုင် ပဋိပက္ခတွေနဲ့ 4G အင်တာနက် ကန့်သတ်ထားတာတွေကို အဆုံးသတ်ရေး မန္တလေးမှာ တောင်းဆိုဆန္ဒပြပြီး စတေကာ ကမ်ပိန်းလုပ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) လူငယ် ၃ ဦးကို ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

သူတို့ကို လာမယ့် အောက်တိုဘာလ ၉ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်သွားမှာလည်း ဖြစ်ပါတယ်။

သူတို့ ၃ ဦးကိုတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီးပြီးတော့ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။

ေနာက္ထပ္ၾကည့္႐ႈရန္

XS
SM
MD
LG