သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ဦးၿမိဳ႕ခံတဦး ဖမ္းဆီးစစ္ေဆးခံရစဥ္ေသဆံုး


ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕။

[Zawgyi/Unicode]

ရခိုင္လက္နက္ကုိင္အဖဲြ႔ AA အဖဲြ႔၀င္အျဖစ္ စြပ္စဲြၿပီး တပ္မေတာ္က ဖမ္းဆီးစစ္ေဆးေနစဥ္ ေျမာက္ဦးၿမိဳ႕ခံ တစ္ ဦး ေသဆုံးသြားတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေျမာက္ဦးၿမိဳ႕နယ္ ၿမိဳ႕သစ္ရပ္ကြက္မွာ ေနထိုင္သူ့ အသက္ ၃၅ ႏွစ္အရြယ္ ဦးေအးေက်ာ္ဟာ AA လက္နက္ကုိင္အဖဲြ႔နဲ႔ ဆက္ႏြယ္တဲ့ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ဖမ္းဆီးစစ္ေဆးေနစဥ္ မေန႔တုန္းကပဲ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ဖမ္းဆီးၿပီး ေနာက္တေန႔မွာပဲ ေသဆုံးတဲ့သတင္းကို သိခဲ့ရတာလုိ႔လည္း ေဆြမ်ိဳးေတာ္စပ္သူဦးေမာင္ႏုက ေျပာပါတယ္။

"သူ႔ကို ညေနက်ေတာ့ နာေရးကားနဲ႔ေဆးရံုကို ေရာက္ေနၿပီဆိုၿပီးေတာ့ အေၾကာင္းၾကားလို႔ သြားၾကည့္ေတာ့မွ ေသတယ္ဆိုၿပီးေတာ့ သိရတာပါ။ သူကေတာ့ ရြာမွာပဲ ဆိုင္ကယ္ကယ္ရီေမာင္းစားေနတာပါ။ သူက AA လား၊ ဘားလားဆိုတာ အဲဒီကိစၥနဲ႔ ပတ္သတ္ၿပီးေတာ့ က်ေနာ္လည္း မသိပါဘူး။ သူကေတာ့ အိမ္မွာ အျမဲတမ္း ရွိပါတယ္။"

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ေျမာက္ဦးၿမိဳ႕မွာ လုံၿခံဳေရးတပ္ဖဲြ႔ေတြ ေရွာင္တခင္စစ္ေဆးစဥ္ သူ႔ကုိဖမ္းဆီးခဲ့တာျဖစ္ၿပီး ဖမ္းဆီးခ်ိန္မွာ သိမ္းဆည္းရမိတဲ့ ဖုန္းအတြင္း AA အဖဲြ႔နဲ႔ ဆက္သြယ္မႈေတြ ေတြ႔ရွိခဲ့ရသလုိ တပ္မေတာ္သား တစ္ ဦးနဲ႔ အရပ္သား ႏွစ္ ေယာက္ကုိ ဖမ္းဆီးမႈေတြမွာ ဦးေဆာင္ခဲ့ေၾကာင္း ေနာက္ပုိင္းမွာ ၀န္ခံခဲ့တယ္လုိ႔လည္း တပ္မေတာ္က ဒီကေန႔ပဲ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ ေသဆုံးသူဟာ AA အဖဲြ႔မွာ တပ္ၾကပ္ႀကီးအဆင့္ ရွိတယ္လုိ႔လည္း စြပ္စဲြထားၿပီး သူ႔ကုိ ထိန္းသိမ္းစစ္ေဆးေနစဥ္ မေန႔တုန္းက မနက္စာေကြ်းဖုိ႔ စီစဥ္ေနတုန္း စစ္ေၾကာေရး အဖြဲ႔ဝင္တဦးရဲ႕ ပစၥတိုေသနတ္ကို လုယူၿပီး မိမိကိုယ္ကိုယ္ ပစ္ခတ္ခဲ့ရာက ရရွိတဲ့ဒဏ္ရာနဲ႔ ေသဆံုးခဲ့တာျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးထြန္းသာစိန္ကေတာ့ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ရခုိင္ျပည္နယ္မွာ တိုက္ပြဲေတြ စတင္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကုန္ပိုင္းကေန အခုအခ်ိန္ထိ တပ္မေတာ္က ဖမ္းဆီးထားစဥ္ ေသဆံုးသြားသူ ေျမာက္ဦးၿမိဳ႕နယ္မွာ ၆ ဦးထက္မနည္း ရွိေနၿပီး၊ ဥပေဒနဲ႔ မညီတဲ့ လုပ္ရပ္ေတြကို အဆုံးသတ္ဖုိ႔လည္း တုိက္တြန္းခဲ့ပါတယ္။

"အခုက စစ္ေၾကာေရးမွာ ေသသြားတယ္ဆိုေတာ့ ဒါက ဥပေဒကို ဥပကၡာျပဳတာျဖစ္တယ္။ ဥပေဒအရမသြားဘဲနဲ႔ ထင္သလို သြားေနသလိုျဖစ္ေနတယ္။ ဒါေၾကာင့္ ေျပာခ်င္တာကေတာ့ဗ်ာ။ သံသယနဲ႔ပဲ ဖမ္းဖမ္း ျပစ္မႈက်ဴးလြန္လို႔ပဲ ဖမ္းဖမ္း၊ ဘာေၾကာင့္ပဲ ဖမ္းဖမ္းေပါ့ေနာ္ ဥပေဒလမ္းေၾကာင္းအရ သြားပါလို႔ မိသားစုဝင္ေတြရဲ႕ကိုယ္စား တိုက္တြန္းခ်င္ပါတယ္။"

တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ထိန္းသိမ္းစစ္ေဆးေနစဥ္ ေသဆုံးသူရဲ႕ အေလာင္းကုိ ေျမာက္ဦးၿမိဳ႕နယ္ ရဲစခန္းကုိ လဲႊေျပာင္းေပးၿပီး အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးဥပေဒနဲ႔အညီ ဆက္လက္ေဆာင္ရြက္ေနတယ္လုိ႔ ေဖာ္ျပထားေပမဲ့ အေသးစိတ္ကုိေတာ့ မသိရပါဘူး။ ေသဆုံးမႈ ျဖစ္စဥ္နဲ႔ ပတ္သက္လုိ႔ တပ္မေတာ္ေျပာခြင့္ရသူကုိ ေမးျမန္းဖုိ႔ ႀကိဳးစားခဲ့ေပမဲ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။

လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔ တခုျဖစ္တဲ့ ညီမွ်ျခင္းျမန္မာ ဒါရိုက္တာ ဦးေအာင္မ်ိဳးမင္းကေတာ့ လုံၿခံဳေရးအာဏာပုိင္ေတြ ဖမ္းဆီးထားစဥ္ ေသဆုံးမႈေတြအတြက္ တာ၀န္ခံဖုိ႔ လုိအပ္တယ္လုိ႔ ေျပာပါတယ္။

"ရခိုင္ေဒသမွာေတာ့ အခုေနာက္ပိုင္းမွာ ဒီလုိမ်ိဳးသတ္ျဖတ္တာေတြ တာဝန္ယူမႈ တာဝန္ခံမႈမရွိတာေတြ အမ်ားႀကီးရွိေနပါတယ္။ ေျပာရမယ္ဆိုရင္ ပိုင္ရွင္မဲ့အေလာင္းေတြ အမွန္ေတာ့ မရွိသင့္ပါဘူး။ ဘယ္လိုပဲ က်ဳးလြန္၊ က်ဳးလြန္ အဲလိုျဖစ္တဲ့အခါမွာ က်ဳးလြန္တဲ့ ကိစၥတစ္ခုကို အမွန္အတိုင္း ရွာေဖြထုတ္ေဖာ္ၿပီးေတာ့ တာဝန္ရွိတဲ့ သူေတြကို အေရးယူဖို႔ျဖစ္ပါတယ္။ ဒီေနရာမွာ တပ္မေတာ္ဘက္က က်ဴးလြန္တယ္ဆိုၿပီးေတာ့ စြပ္စြဲခ်က္ေတြ ရွိလာတယ္။ အဲလိုျဖစ္လာတာမွာ တပ္မေတာ္ဘက္က အမွန္အတိုင္း စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ဖို႔ အေရးႀကီးပါတယ္။ ေနာက္တစ္ခုက ထိေရာက္တဲ့ အေရးယူမႈျဖစ္ဖို႔ လိုအပ္တယ္။"

ကုိဗစ္ကပ္ေရာဂါ ႀကံဳေနရခ်ိန္မွာပဲ ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြ ဆက္လက္ျဖစ္ပြားေနတဲ့အတြက္ ထိခုိက္ေသဆုံးမႈေတြ၊ အုိးအိမ္စြန္႔ခြာ ထြက္ေျပးေနရတဲ့ အေျခအေနေတြအေပၚ စုိးရိမ္ေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္ Thomas Andrews က ေျပာဆုိထားပါတယ္။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ တုိက္တြန္းထားသလုိ ကပ္ေရာဂါကာလမွာ အပစ္အခတ္ရပ္စဲၾကဖုိ႔လည္း တုိက္တြန္းထားပါတယ္။ လူ႔အခြင့္အေရး ကိုယ္စားလွယ္ရဲ႕ တုိက္တြန္းခ်က္ကုိ ႀကိဳဆုိေၾကာင္းနဲ႔ ရခုိင္ျပည္နယ္မွာ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးႏုိင္ေအာင္ ႏုိင္ငံတကာ ေအဂ်င္စီေတြ ၀င္ေရာက္ခြင့္ရေရး ကုလသမဂၢ လုံၿခံဳေရးေကာင္စီက တြန္းအားေပးဖုိ႔လည္း ရခုိင္အေရး လႈပ္ရွားေနတဲ့ အရပ္ဘက္အဖဲြ႔အစည္း ၃၀၀ ေက်ာ္က စုေပါင္းေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြောက်ဦးမြို့ခံတဦး ဖမ်းဆီးစစ်ဆေးခံရစဉ်သေဆုံး

ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်အဖြစ် စွပ်စွဲပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် မြောက်ဦးမြို့ခံ တစ် ဦး သေဆုံးသွားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် မြို့သစ်ရပ်ကွက်မှာ နေထိုင်သူ့ အသက် ၃၅ နှစ်အရွယ် ဦးအေးကျော်ဟာ AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးနေစဉ် မနေ့တုန်းကပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးပြီး နောက်တနေ့မှာပဲ သေဆုံးတဲ့သတင်းကို သိခဲ့ရတာလို့လည်း ဆွေမျိုးတော်စပ်သူဦးမောင်နုက ပြောပါတယ်။

"သူ့ကို ညနေကျတော့ နာရေးကားနဲ့ဆေးရုံကို ရောက်နေပြီဆိုပြီးတော့ အကြောင်းကြားလို့ သွားကြည့်တော့မှ သေတယ်ဆိုပြီးတော့ သိရတာပါ။ သူကတော့ ရွာမှာပဲ ဆိုင်ကယ်ကယ်ရီမောင်းစားနေတာပါ။ သူက AA လား ဘားလားဆိုတာ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကျနော်လည်း မသိပါဘူး။ သူကတော့ အိမ်မှာ အမြဲတမ်း ရှိပါတယ်။"

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်ဦးမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေ ရှောင်တခင်စစ်ဆေးစဉ် သူ့ကိုဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးချိန်မှာ သိမ်းဆည်းရမိတဲ့ ဖုန်းအတွင်း AA အဖွဲ့နဲ့ ဆက်သွယ်မှုတွေ တွေ့ရှိခဲ့ရသလို တပ်မတော်သား တစ် ဦးနဲ့ အရပ်သား နှစ် ယောက်ကို ဖမ်းဆီးမှုတွေမှာ ဦးဆောင်ခဲ့ကြောင်း နောက်ပိုင်းမှာ ဝန်ခံခဲ့တယ်လို့လည်း တပ်မတော်က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ သေဆုံးသူဟာ AA အဖွဲ့မှာ တပ်ကြပ်ကြီးအဆင့် ရှိတယ်လို့လည်း စွပ်စွဲထားပြီး သူ့ကို ထိန်းသိမ်းစစ်ဆေးနေစဉ် မနေ့တုန်းက မနက်စာကျွေးဖို့ စီစဉ်နေတုန်း စစ်ကြောရေး အဖွဲ့ဝင်တဦးရဲ့ ပစ္စတိုသေနတ်ကို လုယူပြီး မိမိကိုယ်ကိုယ် ပစ်ခတ်ခဲ့ရာက ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်ကတော့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကနေ အခုအချိန်ထိ တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးသွားသူ မြောက်ဦးမြို့နယ်မှာ ၆ ဦးထက်မနည်း ရှိနေပြီး၊ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို အဆုံးသတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

"အခုက စစ်ကြောရေးမှာ သေသွားတယ်ဆိုတော့ ဒါက ဥပဒေကို ဥပက္ခာပြုတာဖြစ်တယ်။ ဥပဒေအရမသွားဘဲနဲ့ ထင်သလို သွားနေသလိုဖြစ်နေတယ်။ ဒါကြောင့် ပြောချင်တာကတော့ဗျာ။ သံသယနဲ့ပဲ ဖမ်းဖမ်း ပြစ်မှုကျူးလွန်လို့ပဲ ဖမ်းဖမ်း၊ ဘာကြောင့်ပဲ ဖမ်းဖမ်းပေါ့နော် ဥပဒေလမ်းကြောင်းအရ သွားပါလို့ မိသားစုဝင်တွေရဲ့ကိုယ်စား တိုက်တွန်းချင်ပါတယ်။"

တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ထိန်းသိမ်းစစ်ဆေးနေစဉ် သေဆုံးသူရဲ့ အလောင်းကို မြောက်ဦးမြို့နယ် ရဲစခန်းကို လွဲှပြောင်းပေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပေမဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။ သေဆုံးမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ လုံခြုံရေးအာဏာပိုင်တွေ ဖမ်းဆီးထားစဉ် သေဆုံးမှုတွေအတွက် တာဝန်ခံဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"ရခိုင်ဒေသမှာတော့ အခုနောက်ပိုင်းမှာ ဒီလိုမျိုးသတ်ဖြတ်တာတွေ တာဝန်ယူမှု တာဝန်ခံမှုမရှိတာတွေ အများကြီးရှိနေပါတယ်။ ပြောရမယ်ဆိုရင် ပိုင်ရှင်မဲ့အလောင်းတွေ အမှန်တော့ မရှိသင့်ပါဘူး။ ဘယ်လိုပဲ ကျုးလွန်၊ ကျုးလွန် အဲလိုဖြစ်တဲ့အခါမှာ ကျုးလွန်တဲ့ ကိစ္စတစ်ခုကို အမှန်အတိုင်း ရှာဖွေထုတ်ဖော်ပြီးတော့ တာဝန်ရှိတဲ့ သူတွေကို အရေးယူဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ တပ်မတော်ဘက်က ကျူးလွန်တယ်ဆိုပြီးတော့ စွပ်စွဲချက်တွေ ရှိလာတယ်။ အဲလိုဖြစ်လာတာမှာ တပ်မတော်ဘက်က အမှန်အတိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုက ထိရောက်တဲ့ အရေးယူမှုဖြစ်ဖို့ လိုအပ်တယ်။"

ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာပဲ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews က ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်းထားသလို ကပ်ရောဂါကာလမှာ အပစ်အခတ်ရပ်စဲကြဖို့လည်း တိုက်တွန်းထားပါတယ်။ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ကို ကြိုဆိုကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင် နိုင်ငံတကာ အေဂျင်စီတွေ ဝင်ရောက်ခွင့်ရရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တွန်းအားပေးဖို့လည်း ရခိုင်အရေး လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က စုပေါင်းကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

XS
SM
MD
LG