(Zawgyi/Unicode)
ရခိုင္ျပည္နယ္မွာ စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဘးလြတ္ရာ တိမ္းေရွာင္ရသူေတြ တုိးလာေနတာေၾကာင့္ ခုိလႈံစရာ စခန္းသစ္တခု အျမန္ဆုံး စီစဥ္ဖုိ႔ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြက အစိုးရကို တုိက္တြန္းလုိက္တဲ့ အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ႏိုင္ကြန္းအိန္က တင္ျပေပးပါမယ္။
လက္နက္ကုိင္ ပဋိပကၡေတြ ဆက္လက္ ျဖစ္ပြားေနတာေၾကာင့္ ရေသ့ေတာင္ၿမိဳ႕ေပၚကုိ ေနာက္ထပ္ ထြက္ေျပး လာၾကတဲ့ ေဒသခံေတြ ေသာင္းဂဏန္းအထိ ရွိလာတာေၾကာင့္ ခုိလႈံစရာစီစဥ္ဖုိ႔ အစုိးရကို လႊတ္ေတာ္အမတ္ေတြ ၀ုိင္း၀န္း တုိက္တြန္းခဲ့ၾကတာပါ။ ေနာက္ထပ္ ေရာက္လာတဲ့ စစ္ေဘးေရွာင္ေဒသခံေတြအတြက္ ထားစရေနရာ မရွိေတာ့ တာေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္ ေတာင္ဘက္ မိုးစဲကၽြန္းမွာ စခန္းသစ္တစ္ခု တည္ေဆာက္ဖုိ႔ အစုိးရကုိ ဒီေန႔ပဲ တင္ျပခဲ့တယ္လုိ႔လည္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။
“မိုးစဲကြ်န္းက ရြာက(၂၄)ရြာရွိတယ္။ အဲဒီမွာလူဦးေရ(၃၀၀၀၀)ေက်ာ္ရွိတယ္။ အဲဒီမွာ ဇက္ေရယာဥ္ တက္လာရင္ ဟို ဘက္ ဒီဘက္ပစ္တာေတြရွိတယ္။ လူေတြေသတာလဲရွိသြားျပီး။ ခဏခဏေျပးေနရတယ္ အဲဒီကြ်န္းကရြာေတြ။ အခုစစ္ေတြ မွာလဲလူေတြျပည့္ၾကပ္ေနျပီး။ ရေသ့ေတာင္မွာလည္း လုံး၀လက္ခံလို႕မရေတာ့ဘူးဆိုေတာ့ သူတို႕သြားစရာေနစရာ မရွိ ဘူး။ သူတို႕အတြက္ေနရာလိုတယ္။ အဲဒီကြ်န္းေပၚမွာဘဲ စစ္ေဘဒေရွာင္ဒုကၡသည္စခန္း တည္ေဆာက္ေပး ဖို႕လို တယ္။ အဲတာေၾကာင့္အဲဒီကအုပ္ခ်ဳပ္ေရးမွဴးေတြနဲ႕ေဆြးေႏြးတယ္။ ေနာက္အဲဒီ စစ္ေဘးေရွာင္ေတြနဲ႕ေျပာတယ္။ ဒီေန႕မွာဘဲစာရိုက္ျပီးျပီး။ ဒီေန႕ဘဲ ျပည္နယ္အစိုးရမွာတေစာင္ ျပည္ေထာင္စုအစိုးရဆီတေစာင္။ ICRCနဲ႕အကူညီ ေတာင္းထားတယ္။ အေျခအေနက အဲဒီလို။”
ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခုိင္ျပည္နယ္မွာ က်န္းမာေရးျပႆနာနဲ႔ ႀကံဳေနရခ်ိန္မွာပဲ စစ္ေရးတင္းမာမႈေတြလည္း ဆက္လက္ ႀကီးထြားေနတာပါ။ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ လုံၿခံဳေရးအတြက္ စုိးရိမ္ေနရဆဲ ျဖစ္ေပမဲ့လည္း စစ္ေရွာင္ဒုကၡသည္ေတြအတြက္ အေရးေပၚလုိအပ္ခ်က္ကုိ ေျဖရွင္းႏုိင္ဖုိ႔ ရည္ရြယ္ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္ထဲမွာပဲ စခန္းသစ္တည္ေဆာက္ဖုိ႔ တင္ျပခဲ့တာလုိ႔လည္း ဦးခင္ေမာင္လတ္က ေျပာပါတယ္။
“အခုေဆာက္မယ့္ ေနရာက ကားလမ္းနဲ႕မနီးမေ၀း။ ဒီရေသ့ေတာင္ တျမိဳ႕လုံးရဲ႕ ဆက္သြယ္ေရးလမ္းေၾကာင္း။ ေရပိုက္ဆုံ နဲ႕ ဦးဂါရြာအနားမွာဘဲ။ အမွန္ကေတာ့ ရေသ့ေတာင္ျမိဳ႕နယ္မွာ ဘယ္ရြာမွ မေျပးတာမရွိဘူး။ လုံျခံဳမွဳဘယ္ရြာမွ မရွိဘူး။”
ျပီးခဲ့တဲ့ စက္တင္ဘာ ၁၇ ရက္ေန႔က ေရႊေလာင္းတင္ရြာထဲကို လက္နက္ႀကီးက်ည္က်လို႕ အမ်ိဳးသားတဦး ပြဲခ်င္းၿပီး ေသဆုံး သြားခဲ့ၿပီး သက္ႀကီးႏွစ္ဦးဒဏ္ရာရရွိသြားခဲ့သလို ရြာသားေတြလည္း ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရပါတယ္။
ဒီပစ္ခတ္မွဳမွာ မယူျမစ္အတြင္ေျပးဆြဲေနတဲ့ တပ္မေတာ္စစ္ေရယာဥ္ကို AA ရခိုင္လက္နက္ကိုင္ အဖြဲ႕က ပစ္ခတ္ခဲ့လို႔ အျပန္အလွန္ပစ္ခတ္မွဳ ျဖစ္ပြားခဲ့တယ္လို႕တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။ AAဘက္ကေတာ့ ရေသ့ေတာင္ျမိဳ႕နယ္ ေရႊေလာင္းတင္ရြာဘက္မွာ တိုက္ပြဲျဖစ္ပြားတာမရွိဘူးလို႕ဆိုပါတယ္။
မယူျမစ္ကမ္းေပၚမွာရွိေနတဲ့ ေရႊေလာင္းတင္၊ ကံျပင္၊ ျမင္းကန္းေခ်ာင္း၊ အစရွိတဲ့ေက်းရြာေတြအေပၚ ေရတပ္ကေန လက္နက္ၾကီးနဲ႔ ပစ္ခတ္မွဳေတြေၾကာင့္ ေဒသခံရြာသား(၅၀၀၀) ေလာက္ အနီးနားရြာေတြမွာ တိမ္းေရွာင္ေနရ တယ္လုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။
ေရပိုက္ဆုံရြာမွာေရာက္ေနတဲ့ ျမင္းကန္းေခ်ာင္းေက်းရြာကစစ္ေရွာင္ရြာသားတဦးကေတာ့ ေနရပ္ကို မျပန္ရဲ ေသးဘူးလို႕ ဆိုပါတယ္။
“ကြ်န္ေတာ္တို႕ရြာလူေတြကေတာ့ ျပန္မသြားေသးဘူးဗ်။ ဦးဂါရယ္ ေနာက္ျပီးေတာ့ေရပိုက္ဆုံ ျဖဴေခ်ာင္းရယ္ အဲဒီနီး စပ္ရာရြာေတြမွာ ေဆြမ်ိဳးေတြရွိတဲ့ေနရာေတြမွာ သြားျပီးေတာ့ေနရတာ။ အစားေသာက္က်ေတာ့ ဒီရြာေတာ့ ရြာကလူ ေတြ ကူညီတာေတြလဲရွိတယ္။ ေနာက္ျပီးေတာ့ ကယ္ဆယ္ေရးလဲ လာေပးတာလဲရွိတယ္ဗ်။”
ဒီရက္ပိုင္းအတြင္း ရေသ့ေတာင္ျမိဳ႕နယ္ဘက္မွာ ပစ္ခတ္ တိုက္ခိုက္မွဳ သတင္းေတြ ထပ္မၾကားရေပမဲ့ ေဒသခံေတြကေတာ့ လုံၿခံဳေရးအတြက္ စိုးရိမ္ေနဆဲပါ။ ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ လက္နက္ကုိင္ ပဋိပကၡေတြအတြင္း အရပ္သားေတြအေပၚ တုိက္ခုိက္မႈေတြဟာ စစ္ရာဇ၀တ္မႈနဲ႔ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈေျမာက္ႏုိင္ေၾကာင္းလည္း ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းၾကီး Michelle Bachelet က ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာ သတိေပးထားပါတယ္။ ရခိုင္နဲ႔ ခ်င္းျပည္နယ္ အပါအ၀င္ တုိင္းရင္းသားေဒသေတြက တုိက္ပဲြေတြအတြင္း အရပ္သားေတြ ထိခုိက္ေသဆုံးမႈနဲ႔ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရတဲ့ အေျခအေနအေပၚ မ်ားစြာစိုးရိမ္မကင္း ျဖစ္မိေၾကာင္း ရန္ကုန္ရွိ ကေနဒါသံ႐ုံးကေန မေန႔က က်ေရာက္တဲ့ ကမၻာ့ၿငိမ္းခ်မ္းေရးေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။
................
ရသေ့တောင် မိုးစဲကျွန်းမှာ IDP စခန်းသစ်ဆောက်ဖို့ အစိုးရထံတင်ပြ
(Unicode)
ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ရသူတွေ တိုးလာနေတာကြောင့် ခိုလှုံစရာ စခန်းသစ်တခု အမြန်ဆုံး စီစဉ်ဖို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရကို တိုက်တွန်းလိုက်တဲ့ အကြောင်း ပြောပြပါမယ်။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးပါမယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ရသေ့တောင်မြို့ပေါ်ကို နောက်ထပ် ထွက်ပြေး လာကြတဲ့ ဒေသခံတွေ သောင်းဂဏန်းအထိ ရှိလာတာကြောင့် ခိုလှုံစရာစီစဉ်ဖို့ အစိုးရကို လွှတ်တော်အမတ်တွေ ဝိုင်းဝန်း တိုက်တွန်းခဲ့ကြတာပါ။ နောက်ထပ် ရောက်လာတဲ့ စစ်ဘေးရှောင်ဒေသခံတွေအတွက် ထားစရနေရာ မရှိတော့ တာကြောင့် ရသေ့တောင်မြို့နယ် တောင်ဘက် မိုးစဲကျွန်းမှာ စခန်းသစ်တစ်ခု တည်ဆောက်ဖို့ အစိုးရကို ဒီနေ့ပဲ တင်ပြခဲ့တယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
“မိုးစဲကျွန်းက ရွာက(၂၄)ရွာရှိတယ်။ အဲဒီမှာလူဦးရေ(၃၀၀၀၀)ကျော်ရှိတယ်။ အဲဒီမှာ ဇက်ရေယာဉ် တက်လာရင် ဟို ဘက် ဒီဘက်ပစ်တာတွေရှိတယ်။ လူတွေသေတာလဲရှိသွားပြီး။ ခဏခဏပြေးနေရတယ် အဲဒီကျွန်းကရွာတွေ။ အခုစစ်တွေ မှာလဲလူတွေပြည့်ကြပ်နေပြီး။ ရသေ့တောင်မှာလည်း လုံးဝလက်ခံလို့မရတော့ဘူးဆိုတော့ သူတို့သွားစရာနေစရာ မရှိ ဘူး။ သူတို့အတွက်နေရာလိုတယ်။ အဲဒီကျွန်းပေါ်မှာဘဲ စစ်ဘေဒရှောင်ဒုက္ခသည်စခန်း တည်ဆောက်ပေး ဖို့လို တယ်။ အဲတာကြောင့်အဲဒီကအုပ်ချုပ်ရေးမှူးတွေနဲ့ဆွေးနွေးတယ်။ နောက်အဲဒီ စစ်ဘေးရှောင်တွေနဲ့ပြောတယ်။ ဒီနေ့မှာဘဲစာရိုက်ပြီးပြီး။ ဒီနေ့ဘဲ ပြည်နယ်အစိုးရမှာတစောင် ပြည်ထောင်စုအစိုးရဆီတစောင်။ ICRCနဲ့အကူညီ တောင်းထားတယ်။ အခြေအနေက အဲဒီလို။”
ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးပြဿနာနဲ့ ကြုံနေရချိန်မှာပဲ စစ်ရေးတင်းမာမှုတွေလည်း ဆက်လက် ကြီးထွားနေတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရဆဲ ဖြစ်ပေမဲ့လည်း စစ်ရှောင်ဒုက္ခသည်တွေအတွက် အရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ရသေ့တောင်မြို့နယ်ထဲမှာပဲ စခန်းသစ်တည်ဆောက်ဖို့ တင်ပြခဲ့တာလို့လည်း ဦးခင်မောင်လတ်က ပြောပါတယ်။
“အခုဆောက်မယ့် နေရာက ကားလမ်းနဲ့မနီးမဝေး။ ဒီရသေ့တောင် တမြို့လုံးရဲ့ ဆက်သွယ်ရေးလမ်းကြောင်း။ ရေပိုက်ဆုံ နဲ့ ဦးဂါရွာအနားမှာဘဲ။ အမှန်ကတော့ ရသေ့တောင်မြို့နယ်မှာ ဘယ်ရွာမှ မပြေးတာမရှိဘူး။ လုံခြုံမှုဘယ်ရွာမှ မရှိဘူး။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ရွှေလောင်းတင်ရွာထဲကို လက်နက်ကြီးကျည်ကျလို့ အမျိုးသားတဦး ပွဲချင်းပြီး သေဆုံး သွားခဲ့ပြီး သက်ကြီးနှစ်ဦးဒဏ်ရာရရှိသွားခဲ့သလို ရွာသားတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ဒီပစ်ခတ်မှုမှာ မယူမြစ်အတွင်ပြေးဆွဲနေတဲ့ တပ်မတော်စစ်ရေယာဉ်ကို AA ရခိုင်လက်နက်ကိုင် အဖွဲ့က ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ AAဘက်ကတော့ ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ဆိုပါတယ်။
မယူမြစ်ကမ်းပေါ်မှာရှိနေတဲ့ ရွှေလောင်းတင်၊ ကံပြင်၊ မြင်းကန်းချောင်း၊ အစရှိတဲ့ကျေးရွာတွေအပေါ် ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံရွာသား(၅၀၀၀) လောက် အနီးနားရွာတွေမှာ တိမ်းရှောင်နေရ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရေပိုက်ဆုံရွာမှာရောက်နေတဲ့ မြင်းကန်းချောင်းကျေးရွာကစစ်ရှောင်ရွာသားတဦးကတော့ နေရပ်ကို မပြန်ရဲ သေးဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့ရွာလူတွေကတော့ ပြန်မသွားသေးဘူးဗျ။ ဦးဂါရယ် နောက်ပြီးတော့ရေပိုက်ဆုံ ဖြူချောင်းရယ် အဲဒီနီး စပ်ရာရွာတွေမှာ ဆွေမျိုးတွေရှိတဲ့နေရာတွေမှာ သွားပြီးတော့နေရတာ။ အစားသောက်ကျတော့ ဒီရွာတော့ ရွာကလူ တွေ ကူညီတာတွေလဲရှိတယ်။ နောက်ပြီးတော့ ကယ်ဆယ်ရေးလဲ လာပေးတာလဲရှိတယ်ဗျ။”
ဒီရက်ပိုင်းအတွင်း ရသေ့တောင်မြို့နယ်ဘက်မှာ ပစ်ခတ် တိုက်ခိုက်မှု သတင်းတွေ ထပ်မကြားရပေမဲ့ ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်နေဆဲပါ။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သတိပေးထားပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေအပေါ် များစွာစိုးရိမ်မကင်း ဖြစ်မိကြောင်း ရန်ကုန်ရှိ ကနေဒါသံရုံးကနေ မနေ့က ကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။