သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ဘက္ ပစ္ခတ္မႈေၾကာင့္ ေဒသခံေထာင္ခ်ီ အိုးအိမ္စြန္႔ထြက္ေျပးရ


လက္နက္ႀကီးေၾကာင့္ ရခိုင္ျပည္နယ္ မိုးစဲကြြ်န္းေဒသခံေတြ စစ္ေတြကို တိမ္းေရွာင္လာၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေမယုထြန္း - စက္တင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ရခုိင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွာ စစ္ေရးတင္းမာမႈေတြ ႀကီးထြားလာေနတာေၾကာင့္ ေဒသခံရြာသားေတြ ထပ္မံထြက္ေျပးေနရပါတယ္။ အျပည့္အစုံကုိ ႏုိင္အြန္းအိန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

မၾကာေသးခင္ ရက္ေတြကစလုိ႔ ပစ္ခတ္မႈေတြ ျဖစ္ပြားေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ထဲက မယူျမစ္မွာ လုံၿခံဳေရးယူေနတဲ့ တပ္မေတာ္ ေရတပ္က တပ္ဖဲြ႔ဝင္ေတြ ကမ္းေပၚတက္လာတာေၾကာင့္ လုံၿခံဳေရးအတြက္ စုိးရိမ္တဲ့ မိုးစဲကၽြန္းေဒသက ရြာသားေတြ တိမ္းေရွာင္ေနၾကတာပါ။

တပ္မေတာ္ေရယာဥ္ ၂ စီးနဲ႔ မေန႔တုန္းက လုံၿခံဳေရးတပ္ဖဲြ႔ေတြ ေရာက္လာတာေၾကာင့္ ကူေတာင္ေက်းရြာသားေတြ ေနရပ္စြန္႔ ထြက္ေျပးခဲ့ရတယ္လုိ႔လည္း ေဒသခံရြာသား ကိုထြန္းေအာင္က ေျပာပါတယ္။

“သူတို႔ ဇက္ေတြဘာေတြ လာတယ္မလား။ အဲ ဇက္ေတြဘာေတြ ကမ္းတက္ၿပီးေတာ့ ရြာသားေတြအားလုံး အကုန္လုံး ထြက္ေျပးၾကတယ္။ အဲကူေတာင္ေက်းရြာက လူဦးေရအကုန္လုံး ၁,၅၀၀ ေလာက္ရွိတယ္။ အားလုံးေျပးၾကတယ္။ ေျပးတာကလည္း စစ္ေတြသြား နီးစပ္တဲ့ရြာေလးေတြ ေျပးေနတယ္။ စစ္ေတြသြားတဲ့သူပဲ မ်ားပါတယ္။”

တိမ္းေရွာင္သြားတဲ့အထဲက ရြာသားတခ်ိဳ႕ ဒီကေန႔ ေနရပ္ျပန္ၾကတာရွိေပမယ့္ အမ်ားစုက မျပန္ၾကေသးဘူးလုိ႔လည္း ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ကန္ျပင္ရြာမွာလည္း တပ္မေတာ္ေရယာဥ္က ပစ္ခတ္မႈေတြနဲ႔အတူ ေရာက္လာတာေၾကာင့္ ေဒသခံေတြ နီးစပ္ရာရြာေတြကုိ တိမ္းေရွာင္ခဲ့ရတယ္လုိ႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ထြန္းစိန္က ေျပာပါတယ္။

“ရေသ့ေတာင္မွာ စလာတဲ့အခ်ိန္က ကူေတာင္ဘက္ကို လွမ္းပစ္တယ္။ က်ေနာ္တုိ႔ရယ္ ကူေတာင္ရယ္ ေရႊေလာင္းတင္ရယ္။ တခ်ိန္လုံးပစ္လိုက္ပါတယ္။ က်ေနာ္တုိ႔ရြာမွာဆိုရင္ အိမ္ေထာင္စု ၄၀၀ ေလာက္ရွိပါတယ္။ လူဦးေရဆို ၁,၇၀၀ ေက်ာ္ရွိပါတယ္။ ရြာမွာရွိတဲ့လူကေတာ့ တေယာက္မွမက်န္ဘူး။”

မေန႔က ပစ္ခတ္မႈနဲ႔ပတ္သက္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႔နဲ႔ ျမန္မာစစ္ေရယာဥ္တို႔အၾကား အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“မေန႕ကေတာ့ ကေ်နာ္တုိ႔ ရေသ့ေတာင္မွာေတာ့ က်ေနာ္တုိ႔ဆီက အုပ္ခ်ဳပ္မႈကိစၥ ေဆာင္ရြက္ေနတဲ့ စစ္ေရယာဥ္ေတြကို AA အဖြဲ႔က ထီးစြဲေက်းရြာရဲ႕ေတာင္ဘက္ မီတာ ၂၀၀၀ ေလာက္မွာ AA က ၆၀ မမတို႔ RPG တို႔ စက္ေသနတ္ေတြနဲ႔ ပစ္ခတ္ခဲ့တာရွိတယ္။ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့တယ္။ က်ေနာ္တုိ႔ဆီက စစ္သည္တခ်ိဳ႕ေတာ့ ထိခိုက္ဒဏ္ရာရရွိမႈ ရွိပါတယ္။”

ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း တပ္မေတာ္ဘက္က ေျပာဆိုေနေပမယ့္ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခကေတာ့ မေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြားတာ မရွိဘူးလို႔ ေျပာပါတယ္။

“မေန႔က ရေသ့ေတာင္ဘက္မွာ တိုက္ပြဲျဖစ္တာ မရွိဘူးဗ်။ ျမန္မာေရတပ္သေဘၤာကေနၿပီးေတာ့ အဲဒီ မိုးစဲကၽြန္းေပါ့ေနာ္၊ အဲဒီမွာရွိတဲ့ ရြာေတြကို လက္နက္ႀကီးေတြနဲ႔ လွမ္းၿပီးေတာ့ ေတာက္ေလွ်ာက္ပစ္ေနတယ္လို႔ သိရတယ္။”

ပစ္ခတ္မႈေတြေၾကာင့္ မိုးစဲကၽြန္းေဒသက ကူေတာင္ရြာ၊ ဦးဂါရြာ၊ ေရပိုက္ဆုံ ရြာသားေတြလည္း ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၇ ရက္ေန႔ကလည္း မိုးစဲကၽြန္းေပၚရွိ ေရႊေလာင္းတင္ေက်းရြာထဲကို လက္နက္ႀကီးက်ည္ က်ေရာက္လို႔ အမ်ိဳးသားတဦး ပြဲခ်င္းၿပီး ေသဆုံးၿပီး ေနာက္ထပ္ ၂ ဦးလည္း ဒဏ္ရာရရွိသြားခဲ့ပါတယ္။

ဒီပစ္ခတ္မႈမွာ ေရႊေလာင္းတင္ရြာဘက္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ တိုက္ပြဲျဖစ္ပြားလို႔ အျပန္အလွန္ ပစ္ခတ္တာလို႔ တပ္မေတာာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။ AA ဘက္ကေတာ့ ေရႊေလာင္းတင္ရြာဘက္ တိုက္ပြဲျဖစ္ပြားတာ မရွိဘူးလို႔ ျငင္းဆိုထားပါတယ္။

ဒီလိုပစ္ခတ္မႈေၾကာင့္ ေရႊေလာင္းတင္၊ ျမင္းကန္းေခ်ာင္း၊ ကံျပင္ေက်းရြာက ရြာသားေထာင္ခ်ီ ေနရပ္ကေန တိမ္းေရွာင္ေနရပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ မိုးစဲကၽြန္းမွာ စစ္ေဘးေရွာင္စခန္းတခု တည္ေဆာက္ႏုိင္ဖို႔ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၂ ရက္ေန႔မွာ ရခိုင္ျပည္နယ္နဲ႔ ျပည္ေထာင္စုအစိုးရကိုတိုက္တြန္းထားပါတယ္။

မေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ သရက္တပင္ေက်းရြာဘက္မွာ ျမန္မာစစ္တပ္ကေန ရြာသား ၂၀ ေလာက္ ဖမ္းဆီးထားၿပီး စစ္ေဆးမႈေတြ လုပ္ေဆာင္ေနခဲ့သလို ဒီေန႔မွာေတာ့ ရြာသားတဦးကိုသာ ဆက္လက္ထိန္းသိမ္းထားၿပီး က်န္တဲ့သူ ၁၉ ဦးကိုေတာ့ ျပန္လႊတ္ေပးခဲ့ပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ၂ ႏွစ္နီးပါး စစ္ေရးတင္းမာမႈအတြင္း အရပ္သားအမ်ားအျပား မသကၤာမႈနဲ႔ အဖမ္းဆီးခံရတာေတြ ထိခိုက္ေသဆုံး ဒဏ္ရာရရွိမႈ ရွိခဲ့သလို အရပ္သား ၂ သိန္းေက်ာ္ ေနရပ္ကေန တိမ္းေရွာင္ေနရပါတယ္။

ဒီသီတင္းပတ္ထဲမွာပဲ ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္ Thomas Andrews ကလည္း ရခုိင္ျပည္နယ္က စစ္ေရးပဋိပကၡအတြင္း ကေလးငယ္ေတြ အပါအဝင္ အရပ္သားေတြ ထိခုိက္ေသဆုံးမႈေတြ ႀကံဳေနရတဲ့အေပၚ သတိေပးခဲ့ပါတယ္။ တုိက္ပဲြေတြေၾကာင့္ အရပ္သား ထိခုိက္ေသဆုံးမႈေတြနဲ႔ အုိးအိမ္စြန္႔ခြာ ထြက္ေျပးေနရတဲ့ အေျခအေနေတြ ႀကံဳေနရတာေၾကာင့္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ တုိက္တြန္းထားတဲ့အတုိင္း အပစ္အခတ္ရပ္စဲၾကဖုိ႔လည္း လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္က တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရသေ့တောင်ဘက် ပစ်ခတ်မှုကြောင့် ဒေသခံထောင်ချီ အိုးအိမ်စွန့်ထွက်ပြေးရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတာကြောင့် ဒေသခံရွာသားတွေ ထပ်မံထွက်ပြေးနေရပါတယ်။ အပြည့်အစုံကို နိုင်အွန်းအိန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မကြာသေးခင် ရက်တွေကစလို့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ ရသေ့တောင်မြို့နယ်ထဲက မယူမြစ်မှာ လုံခြုံရေးယူနေတဲ့ တပ်မတော် ရေတပ်က တပ်ဖွဲ့ဝင်တွေ ကမ်းပေါ်တက်လာတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်တဲ့ မိုးစဲကျွန်းဒေသက ရွာသားတွေ တိမ်းရှောင်နေကြတာပါ။

တပ်မတော်ရေယာဉ် ၂ စီးနဲ့ မနေ့တုန်းက လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာတာကြောင့် ကူတောင်ကျေးရွာသားတွေ နေရပ်စွန့် ထွက်ပြေးခဲ့ရတယ်လို့လည်း ဒေသခံရွာသား ကိုထွန်းအောင်က ပြောပါတယ်။

“သူတို့ ဇက်တွေဘာတွေ လာတယ်မလား။ အဲ ဇက်တွေဘာတွေ ကမ်းတက်ပြီးတော့ ရွာသားတွေအားလုံး အကုန်လုံး ထွက်ပြေးကြတယ်။ အဲကူတောင်ကျေးရွာက လူဦးရေအကုန်လုံး ၁,၅၀၀ လောက်ရှိတယ်။ အားလုံးပြေးကြတယ်။ ပြေးတာကလည်း စစ်တွေသွား နီးစပ်တဲ့ရွာလေးတွေ ပြေးနေတယ်။ စစ်တွေသွားတဲ့သူပဲ များပါတယ်။”

တိမ်းရှောင်သွားတဲ့အထဲက ရွာသားတချို့ ဒီကနေ့ နေရပ်ပြန်ကြတာရှိပေမယ့် အများစုက မပြန်ကြသေးဘူးလို့လည်း ပြောပါတယ်။

ရသေ့တောင်မြို့နယ် ကန်ပြင်ရွာမှာလည်း တပ်မတော်ရေယာဉ်က ပစ်ခတ်မှုတွေနဲ့အတူ ရောက်လာတာကြောင့် ဒေသခံတွေ နီးစပ်ရာရွာတွေကို တိမ်းရှောင်ခဲ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က ပြောပါတယ်။

“ရသေ့တောင်မှာ စလာတဲ့အချိန်က ကူတောင်ဘက်ကို လှမ်းပစ်တယ်။ ကျနော်တို့ရယ် ကူတောင်ရယ် ရွှေလောင်းတင်ရယ်။ တချိန်လုံးပစ်လိုက်ပါတယ်။ ကျနော်တို့ရွာမှာဆိုရင် အိမ်ထောင်စု ၄၀၀ လောက်ရှိပါတယ်။ လူဦးရေဆို ၁,၇၀၀ ကျော်ရှိပါတယ်။ ရွာမှာရှိတဲ့လူကတော့ တယောက်မှမကျန်ဘူး။”

မနေ့က ပစ်ခတ်မှုနဲ့ပတ်သက်လို့ ရသေ့တောင်မြို့နယ်ဘက်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်ရေယာဉ်တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“မနေ့ကတော့ ကျေနာ်တို့ ရသေ့တောင်မှာတော့ ကျနော်တို့ဆီက အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေတဲ့ စစ်ရေယာဉ်တွေကို AA အဖွဲ့က ထီးစွဲကျေးရွာရဲ့တောင်ဘက် မီတာ ၂၀၀၀ လောက်မှာ AA က ၆၀ မမတို့ RPG တို့ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာရှိတယ်။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ ကျနော်တို့ဆီက စစ်သည်တချို့တော့ ထိခိုက်ဒဏ်ရာရရှိမှု ရှိပါတယ်။”

နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်ဘက်က ပြောဆိုနေပေမယ့် AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ မနေ့က ရသေ့တောင်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ပြောပါတယ်။

“မနေ့က ရသေ့တောင်ဘက်မှာ တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ မြန်မာရေတပ်သင်္ဘောကနေပြီးတော့ အဲဒီ မိုးစဲကျွန်းပေါ့နော်၊ အဲဒီမှာရှိတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ တောက်လျှောက်ပစ်နေတယ်လို့ သိရတယ်။”

ပစ်ခတ်မှုတွေကြောင့် မိုးစဲကျွန်းဒေသက ကူတောင်ရွာ၊ ဦးဂါရွာ၊ ရေပိုက်ဆုံ ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း မိုးစဲကျွန်းပေါ်ရှိ ရွှေလောင်းတင်ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်လို့ အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် ၂ ဦးလည်း ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဒီပစ်ခတ်မှုမှာ ရွှေလောင်းတင်ရွာဘက် ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားလို့ အပြန်အလှန် ပစ်ခတ်တာလို့ တပ်မတောာ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ AA ဘက်ကတော့ ရွှေလောင်းတင်ရွာဘက် တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒီလိုပစ်ခတ်မှုကြောင့် ရွှေလောင်းတင်၊ မြင်းကန်းချောင်း၊ ကံပြင်ကျေးရွာက ရွာသားထောင်ချီ နေရပ်ကနေ တိမ်းရှောင်နေရပါတယ်။

ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မိုးစဲကျွန်းမှာ စစ်ဘေးရှောင်စခန်းတခု တည်ဆောက်နိုင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှာ ရခိုင်ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရကိုတိုက်တွန်းထားပါတယ်။

မနေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာဘက်မှာ မြန်မာစစ်တပ်ကနေ ရွာသား ၂၀ လောက် ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့သလို ဒီနေ့မှာတော့ ရွာသားတဦးကိုသာ ဆက်လက်ထိန်းသိမ်းထားပြီး ကျန်တဲ့သူ ၁၉ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ၂ နှစ်နီးပါး စစ်ရေးတင်းမာမှုအတွင်း အရပ်သားအများအပြား မသင်္ကာမှုနဲ့ အဖမ်းဆီးခံရတာတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု ရှိခဲ့သလို အရပ်သား ၂ သိန်းကျော် နေရပ်ကနေ တိမ်းရှောင်နေရပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews ကလည်း ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့အပေါ် သတိပေးခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေတွေ ကြုံနေရတာကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်းထားတဲ့အတိုင်း အပစ်အခတ်ရပ်စဲကြဖို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။

XS
SM
MD
LG