သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ေက်ာက္ေတာ္ရြာသား၂၀ ခန္႔ ျမန္မာစစ္တပ္ဖမ္းဆီး


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕မွာ လံုျခံဳေရးယူထားတဲ့ ျမန္မာ စစ္တပ္ တပ္ဖဲြ႔၀င္မ်ား။ (ၾသဂုတ္ ၃၁၊ ၂၀၁၇)

[Zawgyi/Unicode]

စစ္ေရးတင္းမာမႈေတြ ႀကံဳေနရတဲ့ ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္က ေဒသခံရြာသားေတြကုိ ဖမ္းဆီးမႈေတြ ရွိေနၿပီး၊ လုံၿခံဳေရး စုိးရိမ္မႈေၾကာင့္ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနၾကရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ သရက္တပင္ရြာမွာ ေဒသခံရြာသားေတြကုိ ဒီေန႔မနက္ပိုင္းမွာပဲ ဖမ္းဆီးခဲ့တဲ့အေၾကာင္း ကုိယ္တုိင္ေတြ႔ျမင္ခဲ့သူေတြနဲ႔ ေဒသခံလႊတ္ေတာ္ကုိယ္စားလွယ္တုိ႔က ေျပာပါတယ္။ ေဒသခံရြာသား ကုိေအာင္သိန္းကေတာ့ ဖမ္းဆီးခံရတဲ့ရြာသား ၂၀ ေလာက္ ရွိတယ္လုိ႔ ေျပာပါတယ္။

“သရက္တပင္မွာ စစ္ေၾကာင္း၀င္လ်က္ရွိတယ္။ အရပ္သား ၂၀ ေလာက္ ဖမ္းဆီးခံထားရတယ္။ က်ေနာ္တို႔ သရက္ တပင္ရြာကပါ။ လူလတ္ပိုင္းနဲ႔ လူၾကီးပိုင္းေတြပါ။ က်ေနာ္တို႔လည္း မေျပာတတ္ေတာ့ဘူး။ သူတို႔က အရပ္သားေတြဘဲ ရဲေဘာ္ေတြမွ မဟုတ္ဘဲ။ ဘာလုပ္မယ္ဆိုတာ က်ေနာ္လည္း မေျပာတတ္ဘူး။”

တပ္မေတာ္စစ္ေၾကာင္းက သရက္္တပင္ က်န္းမာေရးေဆးခန္း ရဲစခန္းနဲ႔ ေက်ာက္တလံုးရြာထဲမွာ စခန္းခ်ျပီး ရြာသားေတြကို ဖမ္းဆီး ထိန္းသိမ္းထားတယ္လို႔လည္း ေျပာပါတယ္။

ဘာအေၾကာင္းျပခ်က္နဲ႔ ဖမ္းဆီးတာဆိုတာမသိေပမဲ့ ဖမ္းဆီးမႈေၾကာင့္ ေဒသခံလူငယ္တခ်ဳိ႕ လုံၿခံဳေရးစုိးရိမ္တာေၾကာင့္ တိမ္းေရွာင္ခဲ့ၾကတယ္လုိ႔လည္း သရက္တပင္ရြာသား ကိုေအာင္သိန္းက ေျပာပါတယ္။

“သက္ၾကီးပိုင္းေတြက်ေတာ့ ရြာထဲမွာ ရွိတယ္။ တခ်ိဳ႕လူငယ္ပိုင္းေတြက်ေတာ့ နီးတဲ့ရြာသားေတြမွာသြားျပီးေတာ့ ခိုလႈံသြားတာရွိတယ္ဗ်။ စိုးရိမ္ေၾကာက္လန္႔ၿပီးေတာ့ သူတိုခိုလံႈေနၾကတာပါ။”

ေက်ာက္ေတာ္ၿမိဳ႕နယ္ မဲဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးျမင့္ႏိုင္ ကလည္း တပ္မေတာ္ စစ္ေၾကာင္းက ေဒသခံရြာသား ၂၀ ေက်ာ္ ဖမ္းဆီးေၾကာင္း သတင္းရထားတယ္လုိ႔ ေျပာပါတယ္။

“စစ္ေၾကာင္းကေတာ့ ႏွစ္ဘက္၊ သံုးဘက္ေလာက္က ၀င္လာတယ္။ ေတြ႕တဲ့သူကို ဖမ္းေခၚသြားတဲ့ သေဘာရွိပါတယ္။ အခုထိေတာ့ လြတ္တာ မရွိေသးဘူး။ ၂၁ ေယာက္လို႕ေတာ့ၾကားတယ္ဗ် ဖမ္းထားတာ။”

ေက်ာင္းဆရာတဦးအပါ၀င္ သရက္တပင္ေက်းရြာသားေတြ ဖမ္းဆီးခံရတဲ့ျဖစ္စဥ္နဲ႕ပက္သက္ျပီး တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ အက်ဳိးအေၾကာင္း မသိရေသးေၾကာင္း တုံ႔ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသမွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔အၾကား ၂ ႏွစ္နီးပါးၾကာ လက္နက္ကုိင္ ပဋိပကၡအတြင္း ေဒသခံေတြ ေသဆုံးမႈေတြ၊ ဖမ္းဆီးခံရမႈေတြ မၾကာခဏ ႀကံဳေနရတာပါ။ လက္နက္ကုိင္ ပဋိပကၡေတြအတြင္း ဥပေဒမဲ့ ဖမ္းဆီးတာ၊ သတ္ျဖတ္တာ အပါအ၀င္ အရပ္သားေတြကုိ ပစ္မွတ္ထားတဲ့ လုပ္ရပ္ေတြဟာ စစ္ရာဇဝတ္မႈနဲ႔ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ ေျမာက္ႏုိင္ေၾကာင္းလည္း ဒီလထဲ က်င္းပခဲ့တဲ့ လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးမွာ၊ လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး Michelle Bachelet က သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင် ကျောက်တော်ရွာသား၂၀ ခန့် မြန်မာစစ်တပ်ဖမ်းဆီး

စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ဒေသခံရွာသားတွေကို ဖမ်းဆီးမှုတွေ ရှိနေပြီး၊ လုံခြုံရေး စိုးရိမ်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

ကျောက်တော်မြို့နယ် သရက်တပင်ရွာမှာ ဒေသခံရွာသားတွေကို ဒီနေ့မနက်ပိုင်းမှာပဲ ဖမ်းဆီးခဲ့တဲ့အကြောင်း ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေနဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တို့က ပြောပါတယ်။ ဒေသခံရွာသား ကိုအောင်သိန်းကတော့ ဖမ်းဆီးခံရတဲ့ရွာသား ၂၀ လောက် ရှိတယ်လို့ ပြောပါတယ်။

“သရက်တပင်မှာ စစ်ကြောင်းဝင်လျက်ရှိတယ်။ အရပ်သား ၂၀ လောက် ဖမ်းဆီးခံထားရတယ်။ ကျနော်တို့ သရက် တပင်ရွာကပါ။ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေပါ။ ကျနော်တို့လည်း မပြောတတ်တော့ဘူး။ သူတို့က အရပ်သားတွေဘဲ ရဲဘော်တွေမှ မဟုတ်ဘဲ။ ဘာလုပ်မယ်ဆိုတာ ကျနော်လည်း မပြောတတ်ဘူး။”

တပ်မတော်စစ်ကြောင်းက သရက်တပင် ကျန်းမာရေးဆေးခန်း ရဲစခန်းနဲ့ ကျောက်တလုံးရွာထဲမှာ စခန်းချပြီး ရွာသားတွေကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။

ဘာအကြောင်းပြချက်နဲ့ ဖမ်းဆီးတာဆိုတာမသိပေမဲ့ ဖမ်းဆီးမှုကြောင့် ဒေသခံလူငယ်တချို့ လုံခြုံရေးစိုးရိမ်တာကြောင့် တိမ်းရှောင်ခဲ့ကြတယ်လို့လည်း သရက်တပင်ရွာသား ကိုအောင်သိန်းက ပြောပါတယ်။

“သက်ကြီးပိုင်းတွေကျတော့ ရွာထဲမှာ ရှိတယ်။ တချို့လူငယ်ပိုင်းတွေကျတော့ နီးတဲ့ရွာသားတွေမှာသွားပြီးတော့ ခိုလှုံသွားတာရှိတယ်ဗျ။ စိုးရိမ်ကြောက်လန့်ပြီးတော့ သူတိုခိုလှုံနေကြတာပါ။”

ကျောက်တော်မြို့နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်နိုင် ကလည်း တပ်မတော် စစ်ကြောင်းက ဒေသခံရွာသား ၂၀ ကျော် ဖမ်းဆီးကြောင်း သတင်းရထားတယ်လို့ ပြောပါတယ်။

“စစ်ကြောင်းကတော့ နှစ်ဘက်၊ သုံးဘက်လောက်က ဝင်လာတယ်။ တွေ့တဲ့သူကို ဖမ်းခေါ်သွားတဲ့ သဘောရှိပါတယ်။ အခုထိတော့ လွတ်တာ မရှိသေးဘူး။ ၂၁ ယောက်လို့တော့ကြားတယ်ဗျ ဖမ်းထားတာ။”

ကျောင်းဆရာတဦးအပါဝင် သရက်တပင်ကျေးရွာသားတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အကျိုးအကြောင်း မသိရသေးကြောင်း တုံ့ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ၂ နှစ်နီးပါးကြာ လက်နက်ကိုင် ပဋိပက္ခအတွင်း ဒေသခံတွေ သေဆုံးမှုတွေ၊ ဖမ်းဆီးခံရမှုတွေ မကြာခဏ ကြုံနေရတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဥပဒေမဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ အပါအဝင် အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ကြောင်းလည်း ဒီလထဲ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က သတိပေးထားပါတယ်။

XS
SM
MD
LG