ချင်းဒုက္ခသည်တွေ အမေရိကန် အစိုးရ အကူအညီ လိုအပ်နေ
အမေရိကန်ရောက် ချင်းတိုင်းရင်းသားများအဖွဲ့ကပြည်တွင်း ပြည်ပချင်းဒုက္ခသည်တွေနဲ့ပတ်သက်လို့ အစီရင်ခံစာ၂ စောင်ထုတ်ပြန်ပြီးအမေရိကန်အစိုးရက ထိရောက်တဲ့ အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ချင်းတိုင်းရင်းသားအဖွဲ့ (CAM) ရဲ့ အမှုဆောင်ဒါရိုက်တာကိုဇိုသွန်းမှုန်ကို ကိုဉာဏ်ဝင်းအောင်က Skype က ဆက်သွယ်မေးမြန်းထားပါတယ်။