သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာျပည္က ခ်င္းဒုကၡသည္ေတြကို ကန္ကူညီဖို႔ ျပည္ပေရာက္ ခ်င္းတိုင္းရင္းသားေတြ ေတာင္းဆို


ဓါတ္ပံု-Chin Association of Maryland

(Zawgyi/Unicode)

ျမန္မာႏိုင္ငံက ခ်င္းတုိင္းရင္းသား ျပည္တြင္း ဒုကၡသည္ IDP ေတြနဲ႔ အိမ္နီးခ်င္း ႏိုင္ငံေတြမွာ ေရာက္ေနတဲ့ ျပည္ပေရာက္ ခ်င္း ဒုကၡသည္ေတြကို အေမရိကန္ျပည္ေထာင္စုက အခုထက္ပိုၿပီး အကူအညီေတြ ေပးဖို႔ ၊ လက္ခံေစာင့္ေရွာက္ဖုိ႔အတြက္ ခ်င္းတုိင္းရင္းသားအေရး လႈပ္ရွားတဲ့အဖဲြ႔နဲ႔ ဘာသာေရး/ ဒုကၡသည္ဆိုင္ရာ အဖဲြ႔အစည္းေတြက အေမရိကန္အစုိးရကို ေတာင္းဆိုလိုက္ ၾကတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

အေမရိကန္အေရွ႕ဘက္ျခမ္း ေမရီလန္းျပည္နယ္ ခ်င္းတိုင္းရင္းသားမ်ားအဖဲြ႔ ( CAM - Chin Association Maryland ) က ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္း အစီရင္ခံစာ ႏွစ္ေစာင္ ထုတ္ျပန္ခဲ့ၿပီး တခုကေတာ့ ခ်င္းျပည္နယ္နဲ႔ ရခုိင္ျပည္နယ္ေတြမွာ ျဖစ္ပြားေနတဲ့ စစ္ေရးပဋိပကၡေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရတဲ့ IDP ျပည္တြင္းဒုကၡသည္ အေၾကာင္းနဲ႔ ေနာက္တခုက အိမ္နီးခ်င္း အိႏၵိယနဲ႔ မေလးရွားမွာ ေရာက္ေနတဲ့ ခ်င္းဒုကၡသည္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။

ျပည္တြင္းဒုကၡသည္ IDP ျဖစ္ေနရတဲ့ ခ်င္းတိုင္းရင္းသား အနည္းဆုံး (၁၈,၀၀၀) ေလာက္ ရွိတယ္လို႔ CAM ရဲ႕အစီရင္ခံစာမွာ ေဖၚျပပါတယ္။ အိမ္နီးခ်င္း အိႏၵိယနဲ႔ မေလးရွားႏိုင္ငံေတြကို ထြက္ခြာသြားၾကတဲ့ ခ်င္းဒုကၡသည္ အေရအတြက္ကေတာ့ အိႏၵိယမွာ (၁)သိန္းေက်ာ္နဲ႔ မေလးရွားမွာ ( ၅၆,၀၀၀) ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။

ဒီလို ျပည္တြင္း/ျပည္ပ ခ်င္းဒုကၡသည္ေတြကို အေမရိကန္အစိုးရအေနနဲ႔ ထိေရာက္တဲ့ အေရးေပၚ အကူအညီေပးေရးနဲ႔ အေမရိကန္ျပည္ေထာင္စုထဲမွာ ဒုကၡသည္အျဖစ္ အေျခခ် ေနထုိင္ခြင့္ေပးဖို႔ ေအာက္တိုဘာ (၂၁) ဗုဒၶဟူးေန႔မွာ ျပဳလုပ္တဲ့ အြန္လိုင္း သတင္းစာရွင္းလင္းပဲြမွာ ရွင္းျပခဲ့ေၾကာင္း ေမရီလန္းျပည္နယ္ ခ်င္းတိုင္းရင္းသားမ်ားအဖဲြ႔ရဲ႕ အမႈေဆာင္ ဒါ႐ုိက္တာ ဦးဇိုသြန္းမႈန္က VOA ကုိေျပာပါတယ္။

“ ခ်င္းျပည္နယ္၊ ပလက္၀၊ ဆာမီးမွာရွိတဲ့ အဲဒီ IDP နဲ႔ Refugee အေၾကာင္းကို က်ေနာ္ Report ေရးၿပီးေတာ့ ဒီေန႔ သတင္းစာရွင္းလင္းပြဲလုပ္ပါတယ္။ လုပ္ရတဲ့ ရည္ရြယ္ခ်က္က တခုကေတာ့ ဒီ Refugee အေၾကာင္း ။ မေလးရွားမွာ ၅ ေသာင္းနီးပါး ခ်ငး္ေတြရွိတယ္။ က်ေနာ္တို႔ တျခား ျမန္မာျပည္က တိုင္းရင္းသားေတြလည္း ရွိတယ္။ အဲဒါကို သမၼတ Trump ကေန မ်ားမ်ားယူဖို႔ က်ေနာ္တို႔ တိုက္တြန္းတယ္။ ၿပီးေတာ့ IDP က်ေတာ့ အခု မၾကာခင္မွာ သမၼတ Trump ကေန ႏိုင္ငံျခားေရး ၀န္ႀကီးဌာနကပဲ ျဖစ္ျဖစ္ USAID ကပဲ ျဖစ္ျဖစ္ လူသားခ်င္းစာနာေထာက္ထားမႈ အေထာက္အပံ႔ အေထာက္အကူကို အခုက လက္မွတ္ထိုးေတာ့မယ္။ ဒါေၾကာင့္မို႔ ခ်င္းပဲျဖစ္ျဖစ္ တျခား IDP ေတြကို မ်ားမ်ား ကူညီပါဆိုၿပီးေတာ့ က်ေနာ္တို႔ တိုက္တြန္းတာျဖစ္ပါတယ္။”

VOA က တက္ေရာက္ခဲ့တဲ့ အဲဒီ သတင္းစာ ရွင္းလင္းပဲြမွာ ဝါရွင္တန္ဒီစီ အေျခစိုက္ ေရႊ႕ေျပာင္းအေျခခ်သူမ်ားနဲ႔ ဒုကၡသည္မ်ား အကူအညီေပးေရး ကက္သလစ္ ဘာသာဝင္မ်ားအဖြဲ႔ ( Migration and Refugee Services) အမႈေဆာင္ဒါ႐ုိက္တာ Bill Canny ကလည္း ခ်င္းဒုကၡသည္ေတြအပါအဝင္ ျမန္မာႏိုင္ငံက အျခားတုိင္းရင္းသား ဒုကၡသည္ေတြကိုပါ လက္ရွိထက္ အေမရိကန္ ျပည္ေထာင္စုမွာ ပိုလက္ခံဖုိ႔ သမၼတထရမ့္ အစိုးရကို တုိက္တြန္းလိုက္ပါတယ္။

“ ျမန္မာႏိုင္ငံမွာ ဖိႏွိပ္ ခဲြျခားဆက္ဆံခံရမႈေတ ြေၾကာင့္ ျဖစ္လာရတဲ့ ျပည္တြင္းျပည္ပေရာက္ ဒုကၡသည္ေတြကို လူသားခ်င္းစာနာတဲ့ အကူအညီေတြ ေပးဖို႔နဲ႔ အေမရိကန္ႏိုင္ငံမွာ အေျခခ် ေနထိုင္ခြင့္ ေပးဖို႔ကို က်ေနာ္တို႔ ဆက္လက္ၿပီး ေတာင္းဆိုလုိပါတယ္။ သမၼတ ထရမ့္အစိုးရအေနနဲ႔လည္း လာမယ့္ ၂၀၂၁ အတြက္ ျမန္မာႏိုင္ငံအပါအဝင္ တကမၻာလုံးက ဒုကၡသည္ အေရအတြက္ကို လက္ရွိထက္ ပိုၿပီး အနည္းဆုံး (၉၅,၀၀၀)အထိ လက္ခံေပး ေစခ်င္ပါတယ္။ ဒီလူေတြဟာ ျမန္မာႏိုင္ငံတြင္းမွာ အၾကပ္အတည္း မ်ဳိးစုံကို ရင္ဆိုင္ေနရတာပါ”

ကမၻာ့ ဒုကၡသည္မ်ား အကူအညီေပးေရး World Relief အဖြဲ႔ရဲ႕ ဒုဥကၠဌ Ms. Jenny Yang ကလည္း လူ႔အခြင့္အေရးကို အေလးထားပါတယ္ဆိုတဲ့ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ ျမန္မာႏိုင္ငံတြင္း စစ္ေရးပဋိပကၡေၾကာင့္ ႀကဳံေနရတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖါက္မႈေတြ ရပ္တန္႔သ ြားေအာင္လို႔ ျမန္မာေခါင္းေဆာင္ေတြကို ဖိအားေပးသင့္တယ္လို႔ အြန္လိုင္း သတင္းစာရွင္းပြဲမွာ ေျပာသြားပါတယ္။

“ျမန္မာႏို္င္ငံက တုိင္းရင္းသားေဒသေတြ - အထူးသျဖင့္ ခ်င္းတိုင္းရင္းသားေတြ ႀကဳံေနရတဲ့ ပဋိပကၡနဲ႔ ခဲြျခားဆက္ဆံ ခံရမႈ စတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖါက္မႈေတြ ရပ္တန္႔သြားေအာင္လို႔ အေမရိကန္အစိုးရက ျမန္မာအစိုးရ တာဝန္ရွိသူေတြကို ဖိအားေပး ေျပာ ေပးေစခ်င္ပါတယ္။ ခ်င္း ေဒသတခ်ဳိ႕မွာ အစိုးရတပ္နဲ႔ ျဖစ္ေနတဲ့ စစ္ပြဲ ေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ တိမ္းေရွာင္ေနရတဲ့ IDP ျပည္တြင္းဒုကၡသည္ေတ ြ ၊ ဘာသာေရး ခဲြျခား ဆက္ဆံခံရလို႔ ျပည္ပကို တိမ္းေရွာင္လာၾကတဲ့ ဒုကၡသည္ေတ ြအတ ြက္ သူတို႔ ေန႔စဥ္ဘဝမွာ လိုအပ္ေနတဲ ့စားနပ္အကူအညီ အေထာက္အပံ့ေတြကို ကာယကံရွင္ေတြ လက္ထဲ ေရာက္ေအာင္ ၊ ထိေရာက္တဲ့ လမ္းေၾကာင္းကတဆင့္ အေမရိကန္ အစိုးရက ကူညီပံ့ပုိး ေပးေစခ်င္ပါတယ္။”

ေမရီလန္း ခ်င္းတိုင္းရင္းသားမ်ားအဖဲြ႔ရဲ႕ အမႈေဆာင္ ဒါ႐ုိက္တာ ဦးဇိုသြန္းမႈန္က ေတာ့ ျပည္တြင္း IDP ေတြအတြက္ အခုလို ႏိုင္ငံတကာကို အကူအညီေတာင္းခံေနေပမယ့္ လက္ရွိမွာေတာ့ စစ္ေရွာင္ဒုကၡသည္စခန္းေတြဆီ အကူအညီ တုိက္ရိုက္ေပးပို႔ႏိုင္မယ့္ လမ္းေၾကာင္းေတြ ပိတ္ပင္တားဆီးခံရတဲ့ အေျခအေနမ်ဳိးရွိေၾကာင္း ရွင္းျပပါတယ္။

“ ေတာ္ေတာ္ေလး အခက္အခဲ သူတို႔ ႀကံဳေနတယ္။ အခု ပလက္၀မွာဆိုရင္ ဆန္ေတြက လံုး၀ လံုၿခံဳကို အစိုးရက အေၾကာင္းျပၿပီးေတာ့ အခု ဆန္ေတာင္မွာ ပံ႔ပိုးလို႔မရ ျဖစ္ေနတဲ့အေျခအေန ၿပီးေတာ့ Camp ေတြလည္း ေကာင္းေကာင္းမရွိဘူး COVID-19 ေၾကာင့္မုိ႔ သူတို႔မွာေတာ္ေတာ္ေလး အခက္အခဲရွိတယ္။ အဓိကေတာ့ အစားအေသာက္ကိစၥ ။ အဲဒီမွာ WFP တို႔ US အစိုးရကလည္း နည္းနည္းကူညီပါတယ္ အဲဒါလည္း ပလက္၀ အထိကို ၀င္လို႔မရဘူး”

ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြငး္ အေမရိကန္ ျပည္ေထာင္စုမွာ လာေရာက္ အေျခခ်ခြင့္ ရွိတဲ့ ခ်င္းတုိင္းရင္းသား ဒုကၡသည္ ပေါင္း အနည္းဆုံး ( ၆ ေသာင္း ၃ ေထာင္)ေလာက္ ရွိတယ္လို႔ အကူအညီေပးေရး အဖြဲ႔ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာပြည်က ချင်းဒုက္ခသည်တွေကို ကန်ကူညီဖို့ ပြည်ပရောက် ချင်းတိုင်းရင်းသားတွေ တောင်းဆို

(Unicode)

မြန်မာနိုင်ငံက ချင်းတိုင်းရင်းသား ပြည်တွင်း ဒုက္ခသည် IDP တွေနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ရောက်နေတဲ့ ပြည်ပရောက် ချင်း ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုက အခုထက်ပိုပြီး အကူအညီတွေ ပေးဖို့ ၊ လက်ခံစောင့်ရှောက်ဖို့အတွက် ချင်းတိုင်းရင်းသားအရေး လှုပ်ရှားတဲ့အဖွဲ့နဲ့ ဘာသာရေး/ ဒုက္ခသည်ဆိုင်ရာ အဖွဲ့အစည်းတွေက အမေရိကန်အစိုးရကို တောင်းဆိုလိုက် ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အမေရိကန်အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ ( CAM - Chin Association Maryland ) က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစီရင်ခံစာ နှစ်စောင် ထုတ်ပြန်ခဲ့ပြီး တခုကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ IDP ပြည်တွင်းဒုက္ခသည် အကြောင်းနဲ့ နောက်တခုက အိမ်နီးချင်း အိန္ဒိယနဲ့ မလေးရှားမှာ ရောက်နေတဲ့ ချင်းဒုက္ခသည်တွေအကြောင်းပဲ ဖြစ်ပါတယ်။

ပြည်တွင်းဒုက္ခသည် IDP ဖြစ်နေရတဲ့ ချင်းတိုင်းရင်းသား အနည်းဆုံး (၁၈,၀၀၀) လောက် ရှိတယ်လို့ CAM ရဲ့အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အိမ်နီးချင်း အိန္ဒိယနဲ့ မလေးရှားနိုင်ငံတွေကို ထွက်ခွာသွားကြတဲ့ ချင်းဒုက္ခသည် အရေအတွက်ကတော့ အိန္ဒိယမှာ (၁)သိန်းကျော်နဲ့ မလေးရှားမှာ ( ၅၆,၀၀၀) ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီလို ပြည်တွင်း/ပြည်ပ ချင်းဒုက္ခသည်တွေကို အမေရိကန်အစိုးရအနေနဲ့ ထိရောက်တဲ့ အရေးပေါ် အကူအညီပေးရေးနဲ့ အမေရိကန်ပြည်ထောင်စုထဲမှာ ဒုက္ခသည်အဖြစ် အခြေချ နေထိုင်ခွင့်ပေးဖို့ အောက်တိုဘာ (၂၁) ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ကြောင်း မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးဇိုသွန်းမှုန်က VOA ကိုပြောပါတယ်။

“ ချင်းပြည်နယ်၊ ပလက်ဝ၊ ဆာမီးမှာရှိတဲ့ အဲဒီ IDP နဲ့ Refugee အကြောင်းကို ကျနော် Report ရေးပြီးတော့ ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ လုပ်ရတဲ့ ရည်ရွယ်ချက်က တခုကတော့ ဒီ Refugee အကြောင်း ။ မလေးရှားမှာ ၅ သောင်းနီးပါး ချင်းတွေရှိတယ်။ ကျနော်တို့ တခြား မြန်မာပြည်က တိုင်းရင်းသားတွေလည်း ရှိတယ်။ အဲဒါကို သမ္မတ Trump ကနေ များများယူဖို့ ကျနော်တို့ တိုက်တွန်းတယ်။ ပြီးတော့ IDP ကျတော့ အခု မကြာခင်မှာ သမ္မတ Trump ကနေ နိုင်ငံခြားရေး ဝန်ကြီးဌာနကပဲ ဖြစ်ဖြစ် USAID ကပဲ ဖြစ်ဖြစ် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အထောက်အကူကို အခုက လက်မှတ်ထိုးတော့မယ်။ ဒါကြောင့်မို့ ချင်းပဲဖြစ်ဖြစ် တခြား IDP တွေကို များများ ကူညီပါဆိုပြီးတော့ ကျနော်တို့ တိုက်တွန်းတာဖြစ်ပါတယ်။”

VOA က တက်ရောက်ခဲ့တဲ့ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဝါရှင်တန်ဒီစီ အခြေစိုက် ရွှေ့ပြောင်းအခြေချသူများနဲ့ ဒုက္ခသည်များ အကူအညီပေးရေး ကက်သလစ် ဘာသာဝင်များအဖွဲ့ ( Migration and Refugee Services) အမှုဆောင်ဒါရိုက်တာ Bill Canny ကလည်း ချင်းဒုက္ခသည်တွေအပါအဝင် မြန်မာနိုင်ငံက အခြားတိုင်းရင်းသား ဒုက္ခသည်တွေကိုပါ လက်ရှိထက် အမေရိကန် ပြည်ထောင်စုမှာ ပိုလက်ခံဖို့ သမ္မတထရမ့် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

“ မြန်မာနိုင်ငံမှာ ဖိနှိပ် ခွဲခြားဆက်ဆံခံရမှုတေ ွကြောင့် ဖြစ်လာရတဲ့ ပြည်တွင်းပြည်ပရောက် ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးဖို့နဲ့ အမေရိကန်နိုင်ငံမှာ အခြေချ နေထိုင်ခွင့် ပေးဖို့ကို ကျနော်တို့ ဆက်လက်ပြီး တောင်းဆိုလိုပါတယ်။ သမ္မတ ထရမ့်အစိုးရအနေနဲ့လည်း လာမယ့် ၂၀၂၁ အတွက် မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးက ဒုက္ခသည် အရေအတွက်ကို လက်ရှိထက် ပိုပြီး အနည်းဆုံး (၉၅,၀၀၀)အထိ လက်ခံပေး စေချင်ပါတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံတွင်းမှာ အကြပ်အတည်း မျိုးစုံကို ရင်ဆိုင်နေရတာပါ”

ကမ္ဘာ့ ဒုက္ခသည်များ အကူအညီပေးရေး World Relief အဖွဲ့ရဲ့ ဒုဥက္ကဌ Ms. Jenny Yang ကလည်း လူ့အခွင့်အရေးကို အလေးထားပါတယ်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခကြောင့် ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်တန့်သ ွားအောင်လို့ မြန်မာခေါင်းဆောင်တွေကို ဖိအားပေးသင့်တယ်လို့ အွန်လိုင်း သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

“မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေ - အထူးသဖြင့် ချင်းတိုင်းရင်းသားတွေ ကြုံနေရတဲ့ ပဋိပက္ခနဲ့ ခွဲခြားဆက်ဆံ ခံရမှု စတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်တန့်သွားအောင်လို့ အမေရိကန်အစိုးရက မြန်မာအစိုးရ တာဝန်ရှိသူတွေကို ဖိအားပေး ပြော ပေးစေချင်ပါတယ်။ ချင်း ဒေသတချို့မှာ အစိုးရတပ်နဲ့ ဖြစ်နေတဲ့ စစ်ပွဲ တွေကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ IDP ပြည်တွင်းဒုက္ခသည်တေ ွ ၊ ဘာသာရေး ခွဲခြား ဆက်ဆံခံရလို့ ပြည်ပကို တိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တေ ွအတ ွက် သူတို့ နေ့စဉ်ဘဝမှာ လိုအပ်နေတဲ့စားနပ်အကူအညီ အထောက်အပံ့တွေကို ကာယကံရှင်တွေ လက်ထဲ ရောက်အောင် ၊ ထိရောက်တဲ့ လမ်းကြောင်းကတဆင့် အမေရိကန် အစိုးရက ကူညီပံ့ပိုး ပေးစေချင်ပါတယ်။”

မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးဇိုသွန်းမှုန်က တော့ ပြည်တွင်း IDP တွေအတွက် အခုလို နိုင်ငံတကာကို အကူအညီတောင်းခံနေပေမယ့် လက်ရှိမှာတော့ စစ်ရှောင်ဒုက္ခသည်စခန်းတွေဆီ အကူအညီ တိုက်ရိုက်ပေးပို့နိုင်မယ့် လမ်းကြောင်းတွေ ပိတ်ပင်တားဆီးခံရတဲ့ အခြေအနေမျိုးရှိကြောင်း ရှင်းပြပါတယ်။
“ တော်တော်လေး အခက်အခဲ သူတို့ ကြုံနေတယ်။ အခု ပလက်ဝမှာဆိုရင် ဆန်တွေက လုံး၀ လုံခြုံကို အစိုးရက အကြောင်းပြပြီးတော့ အခု ဆန်တောင်မှာ ပံ့ပိုးလို့မရ ဖြစ်နေတဲ့အခြေအနေ ပြီးတော့ Camp တွေလည်း ကောင်းကောင်းမရှိဘူး COVID-19 ကြောင့်မို့ သူတို့မှာတော်တော်လေး အခက်အခဲရှိတယ်။ အဓိကတော့ အစားအသောက်ကိစ္စ ။ အဲဒီမှာ WFP တို့ US အစိုးရကလည်း နည်းနည်းကူညီပါတယ် အဲဒါလည်း ပလက်၀ အထိကို ဝင်လို့မရဘူး”

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုမှာ လာရောက် အခြေချခွင့် ရှိတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည် ပေါင်း အနည်းဆုံး ( ၆ သောင်း ၃ ထောင်)လောက် ရှိတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG