သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID 19 ေၾကာင့္ ခ်င္းေတာင္တန္းက စပ်စ္ စိုက္ပ်ိဳးေရး ထိခိုက္


ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ဘြင္မံရြာ စပ်စ္ စိုက္ခင္း။ (ဓာတ္ပံု - Michael Suntak)

(Zawgyi / Unicode)

COVID 19 ရဲ႕ ရိုက္ခတ္သက္ေရာက္မႈ တခုကေတာ့ ခ်င္းေတာင္တန္းက စပ်စ္ စိုက္ပ်ိဳး ထုတ္လုပ္သူေတြ ေစ်းကြက္ မေရရာေတာ့တဲ႔ အေျခအေနနဲ႔ ရင္ဆိုင္ေနရတာဘဲ ျဖစ္ပါတယ္။ ေစ်းႏႈန္းက ထက္၀က္ေက်ာ္ က်သြားတဲ႔ အေျခအေနမွာ အ၀ယ္မရွိ၊ သယ္ယူပို႔ေဆာင္ေရးကလည္း အခက္ေတြ႔ေနတဲ႔ ခ်င္းျပည္နယ္က စပ်စ္စိုက္ ေတာင္သူေတြနဲ႔ ေမးျမန္းၿပီး ဒီသီတင္းပတ္ စီးပြားေရး က႑မွာ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

ခ်င္းေတာင္တန္းက စပ်စ္စိုက္ ေတာင္သူ ေခါမ္ေပါင္က ဒီႏွစ္ ေစ်းေကာင္းမရတဲ႔ အျပင္ သြားေရးလာေရးကလည္း ခက္တယ္လို႔ အခုလို ေျပာလာပါတယ္။

ေခါမ္ေပါင္။ ။ အခုဟာ ကပ္ေရာဂါေၾကာင့္ လံုး၀ မေရာင္းရဘူး။ ေရာင္းလို႔ မရဘူး ျဖစ္ေနတာ။ ၿပီးခဲ႔တဲ႔ ႏွစ္တုန္းကဆို တပိႆာ ၁,၅၀၀ ေလ၊ ဒီႏွစ္ ဆိုရင္ ၇၀၀ ေလာက္ထိ က်သြားတာေလ။ ၿပီးရင္ လုပ္အားခလည္း မတတ္ႏုိင္ဘူး။ ၿပီးရင္ ၿခံ အထိက ကားလမ္းလည္း မေပါက္ဘူး။ ဆိုင္ကယ္လမ္းလည္း မေပါက္ဘူး ဆိုေတာ့ ကိုယ္တိုင္ဘဲ ထမ္းတာကိုး။ အဲေတာ့ ဘယ္လိုမွ လုပ္လို႔ မရဘူး ျဖစ္ေနတာ။

သိဂၤ ီထုိက္။ ။ အခု ၀ိုင္ ထုတ္ဖို႔ လုပ္ေနတယ္ ေျပာပါတယ္။ ၀ိုင္ ထုတ္ေတာ့ စပ်စ္ေတြ အကုန္ သံုးႏုိင္မွာလားရွင့္။

ေခါမ္ေပါင္။ ။ ၀ိုင္ထုတ္မယ္ ဆိုရင္ ကုန္ေတာ့ ကုန္ႏုိင္တယ္။ ဒါေပမယ့္ ေရာင္းမယ့္ ေနရာ မရွိဘူး ျဖစ္ေနတာ။ ၀ိုင္ ထုတ္ရင္ေတာ့ တပိႆာ ၁,၅၀၀ ေက်ာ္ေလာက္ ရတယ္။ သူတို႔က တပိႆာ လုပ္ရင္ တပုလင္းခြဲ ထြက္တယ္ေလ။ ေရာင္းတဲ႔သူေတြက တပုလင္းကို ဒီက လူေတြက ၃,၀၀၀ ေလာက္နဲ႔ ေရာင္းတာကိုး။

သိဂၤ ီထုိက္။ ။ ဆိုေတာ့ ဒီ ၀ိုင္ ထုတ္မယ္ ဆိုရင္ အခု ခ်က္ခ်င္းေတာ့ ပိုက္ဆံ မရဘူးေပါ့။ နည္းနည္းေတာ့ ေစာင့္ရမွာေပါ့ေနာ္။

ေခါမ္ေပါင္။ ။ ေအးေလ။ အနည္းဆံုး ၁ ႏွစ္ေလာက္ေပါ့။

သိဂၤ ီထုိက္။ ။ အစိုးရက အခု ေတာင္သူေတြကို ေခ်းေငြ ေပးပါတယ္။ အဲဒါ ေခါမ္ေပါင္တို႔ ေခ်းေငြ ရပါသလား။

ေခါမ္ေပါင္။ ။ မရဘူး။ ဘာမွ မရဘူး။

ခ်င္းေတာင္တန္းမွာ ရိုးရာ စပ်စ္၀ိုင္ ထုတ္ေပမယ့္ ၀ယ္လိုအားက မေသခ်ာပါဘူး။ စပ်စ္ျခံေတြ အသီးလိႈင္လိႈင္ေပၚခ်ိန္မွာ ၀ိုင္ထုတ္ၿပီး ေစ်းကြက္ရွာဖို႔ ႀကိဳးစားေနတဲ႔ Savory လုပ္ငန္းစုက စပ်စ္ေတာင္သူေတြနဲ႔ အက်ိဳးတူ လုပ္ႏုိင္ဖို႔ စီစဥ္ေနပါတယ္။ ဆာဗိုရီ လုပ္ငန္းစုက Michael Suantak ကို ေမးျမန္းၾကည့္တာမွာေတာ့

Michael Suantak။ ။ အခု ကပ္ေရာဂါ ကာလမွာ ခါတိုင္း ၀ယ္တဲ႔သူေတြက အဲေလာက္ မ၀ယ္ႏုိင္ဘူး။ သူတို႔မွာ ျဖဳန္းအား မရွိဘူးေပါ့ေနာ္။ မ၀ယ္တဲ႔ အခါက်ေတာ့ ေစ်းေတြက ထိုးက်သြားတယ္။ တီးတိန္မွာ ဆိုရင္ တီးတိန္ ၿမိဳ႕ေပၚေစ်းမွာ ဆိုလို႔ ရွိရင္ တပိႆာကို ၈၀၀ ေလာက္ အထိ ျဖစ္သြားတယ္။ တပိႆာ ၈၀၀ ေစ်းမွာ ေရာင္းတဲ႔ဟာက ရြာမွာ ဆိုရင္ တပိႆာ ၄၀၀ -၅၀၀ ေလာက္ ေပးမွ သူ႔ဟာ တန္ဆာခေတြ ရွိမယ္။ ၿပီးရင္ အဲဒါကို ေရာင္းမယ့္သူရဲ႕ ခံစားခြင့္ေတြ ရွိမယ္ ဆိုေတာ့ ေတာင္သူကေတာ့ ၄၀၀ -၅၀၀ ေလာက္ဘဲ ရတဲ႔ အေနအထား ျဖစ္သြားၿပီေပါ့ေနာ္။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔ အခု ၀ိုင္ထုတ္မယ္ဆိုတဲ႔ အခါက်ေတာ့ နည္းပညာ ကို ဘယ္လို လုပ္ပါလဲ။ Savory အေနနဲ႔။

Michael Suantak။ ။ ေဒသႏၱရ နည္းပညာနဲ႔ေပါ့ေလ တေဆး လုံုး၀ မထည့္ဘဲနဲ႔ စပ်စ္ေပၚမွာ ပါလာတဲ႔ တေဆးနဲ႔ဘဲ ကေစာ္ေဖာက္တဲ႔ နည္းေပါ့။ အဲဒီနည္းနဲ႔ လုပ္တယ္။ ဒါေပမယ့္ ဒီႏွစ္က က်ေတာ့ အမွတ္တံဆိပ္နဲ႔လည္း လုပ္ခ်င္တယ္ အႀကိဳ အမွာေတြလည္း ေပးခ်င္တယ္ ေနာက္တခုက ခ်င္းေတာင္ စပ်စ္၀ိုင္ ဆိုတဲ႔ ဟာလည္း နာမည္ တခု တက္လာေအာင္ လုပ္ခ်င္ေတာ့ ေဒသႏၱရ နည္းနဲ႔ မျဖစ္ေတာ့ဘူး ေပါ့ေနာ္။ မျဖစ္ေတာ့ဘူး ဆိုေတာ့ က်ေနာ္ အြန္လိုင္းမွာ တင္လိုက္တဲ႔ အခါက်ေတာ့ တခ်ိဳ႕ လူေတြက က်ေနာ္႔မွာ စာအုပ္ရွိတယ္။ က်ေနာ္႔မွာ ဒီ ဗီြဒီယို ေခြေတြ ရွိတယ္။ ဘယ္သူ႔ကို ေမးလုိက္ပါေပါ့ေနာ္။
တေယာက္ဆိုလို႔ ရွိရင္ သူ အီတလီ ၀ိုင္လုပ္တဲ႔ လူေတြနဲ႔ လုပ္ဖူးတယ္။ သူ ကူညီေပးမယ္ဆိုၿပီးမွ အဲလိုမ်ိဳး အမ်ားႀကီးေပါ့ေနာ္ က်ေနာ္တို႔ကို အၾကံညဏ္ေပးတယ္။ ဘယ္လုိ လုပ္ရမယ္ ဘယ္ေလာက္ ထည့္ရမယ္ ဘယ္အခ်ိန္မွာ စသျဖင့္ အေသးစိတ္ကို က်ေနာ္တို႔ကို အကူအညီေပးၾကတယ္။

သိဂၤ ီထုိက္။ ။ အဲေတာ့ ခ်င္းေတာင္ ကေရာ တကယ္လို႔ ၀ိုင္ ထုတ္မယ္ ဆိုရင္ ေအးသာယာတို႔လို စီးပြားျဖစ္ ထုတ္ႏုိင္တဲ႔ အေနအထား ေရာ ရွိပါသလား။

Michael Suantak။ ။ က်ေနာ္တို႔မွာ ကုန္ၾကမ္းကေတာ့ ေတာ္ေတာ္ေလး ရွိတယ္လို႔ ေျပာရမယ္။ ၿပီးေတာ့ ဒီဘက္မွာ ၀ိုင္ ေသာက္သံုးမႈကလည္း ေတာက္ေလွ်ာက္ ရွိခဲ႔တယ္ေပါ့ေနာ္။ က်ေနာ္တို႔ ခ်င္းမွာေတာ့ ရွိတဲ႔ လူဦးေရရဲ႕ ၉၅ ရာခိုင္ႏႈန္းေက်ာ္ ေလာက္က ခရစ္ယာန္ ျဖစ္တာကိုး။ ခရစ္ယာန္မွာက က်ေနာ္တို႔ ပြဲေတာ္ေပါ့ေနာ္ အျမဲတမ္း လုပ္ရတယ္။ ပြဲေတာ္မွာ သံုးတဲ႔ ၀ိုင္က တေဆး မပါတဲ႔ စပ်စ္၀ိုင္ ကို ေတာက္ေလွ်ာက္ သံုးလာေတာ့ စပ်စ္ စိုက္တဲ႔ အေလ႔အထေတာ့ ရွိတယ္။

ကုန္ၾကမ္းကေတာ့ ရွိတယ္။ အဲလိုမ်ိဳး ေသေသခ်ာခ်ာ လုပ္မယ္ဆိုရင္ ၀ိုင္ စပ်စ္ စိုက္ခ်င္သူေတြလည္း ရွိတယ္။ ေနရာလည္း ရွိတယ္။ သူတို႔ နည္းပညာလည္း ရွိတယ္။ ဒါေပမယ့္ အခုလို ထြက္သမွ် ကုန္ၾကမ္းက ေရာင္းလို႔ မရဘူး ေစ်းႏွိမ္ ခံရတာ၊ ေရာင္းလို႔ မထြက္တာ၊ ၀ယ္မယ့္သူ မရွိတာမ်ိဳးေတြ ႀကံဳလာတဲ႔ အခါက်ေတာ့ သူတို႔က မခ်ဲ႕ရဲဘူးေပါ့ေနာ္။
ေသေသခ်ာခ်ာ ဒီဘက္ကလည္း တႏွစ္ကို ဘယ္ေလာက္ ဘယ္ႏွ တန္ ၀ယ္မယ္၊ အဲလိုမ်ိဳး ရွိမယ္ဆိုရင္ေတာ့ သူတို႔ဘက္က ခ်ဲ႕ၿပီးေတာ့ စိုက္ဖို႔က အဆင္သင့္ဘဲ။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔ရွင့္။ အဲဒီေတာ့ အစိုးရဘက္က စိုက္ပ်ိဳးေရး သမားေတြ၊ အေသးစား အလတ္စား စီးပြားေရး လုပ္ငန္းေတြကို COVID ေခ်းေငြ ဆိုၿပီး ေထာက္ပံ႔ေနတာ ရွိပါတယ္။ ဆိုေတာ့ ခ်င္း ျပည္နယ္ ဘက္ေရာ ဒီ စပ်စ္ ေတာင္သူေတြ ဘက္ေရာ ရတာ ရွိပါသလား။

Michael Suantak။ ။ အခု ဒီ ေျမယာ ပိုင္ဆိုင္မႈ ဥပေဒကလည္း ေျပာင္းလဲ လာတဲ႔ အခါက်ေတာ့ အရင္တုန္းက ဘိုးဘြားပိုင္ ဆိုတာ ရွိေသးတယ္။ အခု ဥပေဒသစ္မွာ ဘိုးဘြား ပိုင္ ဆိုတာ လံုးလံုးကို ပါမလာေတာ့ဘူး။ အဲလုိ ျဖစ္တဲ႔ အခါက်ေတာ့ တခုခု ျဖစ္မွာ စိုးလို႔ က်ေနာ္တို႔ ေကာ္ဖီ စိုက္ထားတဲ႔ အခင္းေတြကို က်ေနာ္တို႔ ပံုစံ ၇ ေပါ့ေလ ဒီ အခြန္ ေဆာင္ဖို႔ အတြက္ကို က်ေနာ္တို႔ ႀကိဳးစားပါတယ္။

ႀကိဳးစားေပမယ့္ အခုဆိုရင္ တႏွစ္ေတာင္ ေက်ာ္သြားၿပီေပါ့ေနာ္။ အခုထိ က်ေနာ္တို႔ကို ပံုစံ ၇ ကိုလည္း ေပးတယ္ဆိုတာလည္း မလာဘူး။ က်ေနာ္တို႔ တင္ထားတဲ႔ စာကလည္း ဘယ္ေရာက္တယ္ ဘာလုပ္ေနတယ္ ဆိုတာလည္း မၾကားရဘူးေပါ့ေနာ္။ ေမးလိုက္တဲ႔ အခါလည္း ဒါ လုပ္ေနတုန္း လို႔ဘဲ ေျဖတယ္။

ဆိုေတာ့ ခုန ဘဏ္ ေခ်းေငြေတြ ေလွ်ာက္မယ္ ဆိုလည္း ပိုင္ဆိုင္မႈေပါ့ေလ။ ဒီ အခင္းက ကိုယ့္ဟာ ဟုတ္ပါတယ္ဆိုတဲ႔ အစိုးရ ထုတ္ေပးတဲ႔ လက္မွတ္ေတြက လိုတယ္ေပါ့။ အခုဟာ အဲဒီ လက္မွတ္ေတြကလည္း မရွိတဲ႔ အခါက်ေတာ့ ဘာေခ်းေငြမွ က်ေနာ္တို႔ ေလွ်ာက္လို႔ မရတဲ႔ အေနအထား ေပါ့ေနာ္။

ဒါေပမယ့္ အခု ကပ္ေဘး ကာလ အတြက္ သီးသန္႔ လုပ္တဲ႔ ဟာကလည္း ဘယ္လို ေျပာမလဲ ဒီ စိုက္ေနဆဲ အခင္းေတြ အတြက္က သိပ္ၿပီးမွ မရဘူး ထင္ပါတယ္။ က်ေနာ္႔ သူငယ္ခ်င္း ေကာ္ဖီ ေတာင္သူ တေယာက္ ဒီႏွစ္ မင္းတပ္ ဘက္ကဘဲ သူလည္း ႀကိဳးစားၾကည့္တယ္။ သူ႔မွာ စိုက္ပ်ိဳးခြင့္ လိုင္စင္လည္း ရွိတယ္။ အဲဒါနဲ႔လည္း ႀကိဳးစားၾကည့္တယ္။ သူလည္း မရဘူးေပါ့ေနာ္။ က်ေနာ္႔ အေနနဲ႔ေတာ့ အစိုးရကို အားမကိုးခ်င္ဘူး။ အားမကိုးခ်င္ေတာ့ဘူးေပါ့ေနာ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

COVID 19 ကြောင့် ချင်းတောင်တန်းက စပျစ် စိုက်ပျိုးရေး ထိခိုက်

COVID 19 ရဲ့ ရိုက်ခတ်သက်ရောက်မှု တခုကတော့ ချင်းတောင်တန်းက စပျစ် စိုက်ပျိုး ထုတ်လုပ်သူတွေ ဈေးကွက် မရေရာတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဘဲ ဖြစ်ပါတယ်။ ဈေးနှုန်းက ထက်ဝက်ကျော် ကျသွားတဲ့ အခြေအနေမှာ အဝယ်မရှိ၊ သယ်ယူပို့ဆောင်ရေးကလည်း အခက်တွေ့နေတဲ့ ချင်းပြည်နယ်က စပျစ်စိုက် တောင်သူတွေနဲ့ မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ချင်းတောင်တန်းက စပျစ်စိုက် တောင်သူ ခေါမ်ပေါင်က ဒီနှစ် ဈေးကောင်းမရတဲ့ အပြင် သွားရေးလာရေးကလည်း ခက်တယ်လို့ အခုလို ပြောလာပါတယ်။

ခေါမ်ပေါင်။ ။ အခုဟာ ကပ်ရောဂါကြောင့် လုံး၀ မရောင်းရဘူး။ ရောင်းလို့ မရဘူး ဖြစ်နေတာ။ ပြီးခဲ့တဲ့ နှစ်တုန်းကဆို တပိဿာ ၁,၅၀၀ လေ၊ ဒီနှစ် ဆိုရင် ၇၀၀ လောက်ထိ ကျသွားတာလေ။ ပြီးရင် လုပ်အားခလည်း မတတ်နိုင်ဘူး။ ပြီးရင် ခြံ အထိက ကားလမ်းလည်း မပေါက်ဘူး။ ဆိုင်ကယ်လမ်းလည်း မပေါက်ဘူး ဆိုတော့ ကိုယ်တိုင်ဘဲ ထမ်းတာကိုး။ အဲတော့ ဘယ်လိုမှ လုပ်လို့ မရဘူး ဖြစ်နေတာ။

သိင်္ဂ ီထိုက်။ ။ အခု ဝိုင် ထုတ်ဖို့ လုပ်နေတယ် ပြောပါတယ်။ ဝိုင် ထုတ်တော့ စပျစ်တွေ အကုန် သုံးနိုင်မှာလားရှင့်။

ခေါမ်ပေါင်။ ။ ဝိုင်ထုတ်မယ် ဆိုရင် ကုန်တော့ ကုန်နိုင်တယ်။ ဒါပေမယ့် ရောင်းမယ့် နေရာ မရှိဘူး ဖြစ်နေတာ။ ဝိုင် ထုတ်ရင်တော့ တပိဿာ ၁,၅၀၀ ကျော်လောက် ရတယ်။ သူတို့က တပိဿာ လုပ်ရင် တပုလင်းခွဲ ထွက်တယ်လေ။ ရောင်းတဲ့သူတွေက တပုလင်းကို ဒီက လူတွေက ၃,၀၀၀ လောက်နဲ့ ရောင်းတာကိုး။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ ဒီ ဝိုင် ထုတ်မယ် ဆိုရင် အခု ချက်ချင်းတော့ ပိုက်ဆံ မရဘူးပေါ့။ နည်းနည်းတော့ စောင့်ရမှာပေါ့နော်။

ခေါမ်ပေါင်။ ။ အေးလေ။ အနည်းဆုံး ၁ နှစ်လောက်ပေါ့။

သိင်္ဂ ီထိုက်။ ။ အစိုးရက အခု တောင်သူတွေကို ချေးငွေ ပေးပါတယ်။ အဲဒါ ခေါမ်ပေါင်တို့ ချေးငွေ ရပါသလား။

ခေါမ်ပေါင်။ ။ မရဘူး။ ဘာမှ မရဘူး။

ချင်းတောင်တန်းမှာ ရိုးရာ စပျစ်ဝိုင် ထုတ်ပေမယ့် ဝယ်လိုအားက မသေချာပါဘူး။ စပျစ်ခြံတွေ အသီးလှိုင်လှိုင်ပေါ်ချိန်မှာ ဝိုင်ထုတ်ပြီး ဈေးကွက်ရှာဖို့ ကြိုးစားနေတဲ့ Savory လုပ်ငန်းစုက စပျစ်တောင်သူတွေနဲ့ အကျိုးတူ လုပ်နိုင်ဖို့ စီစဉ်နေပါတယ်။ ဆာဗိုရီ လုပ်ငန်းစုက Michael Suantak ကို မေးမြန်းကြည့်တာမှာတော့

Michael Suantak။ ။ အခု ကပ်ရောဂါ ကာလမှာ ခါတိုင်း ဝယ်တဲ့သူတွေက အဲလောက် မဝယ်နိုင်ဘူး။ သူတို့မှာ ဖြုန်းအား မရှိဘူးပေါ့နော်။ မဝယ်တဲ့ အခါကျတော့ ဈေးတွေက ထိုးကျသွားတယ်။ တီးတိန်မှာ ဆိုရင် တီးတိန် မြို့ပေါ်ဈေးမှာ ဆိုလို့ ရှိရင် တပိဿာကို ၈၀၀ လောက် အထိ ဖြစ်သွားတယ်။ တပိဿာ ၈၀၀ ဈေးမှာ ရောင်းတဲ့ဟာက ရွာမှာ ဆိုရင် တပိဿာ ၄၀၀ -၅၀၀ လောက် ပေးမှ သူ့ဟာ တန်ဆာခတွေ ရှိမယ်။ ပြီးရင် အဲဒါကို ရောင်းမယ့်သူရဲ့ ခံစားခွင့်တွေ ရှိမယ် ဆိုတော့ တောင်သူကတော့ ၄၀၀ -၅၀၀ လောက်ဘဲ ရတဲ့ အနေအထား ဖြစ်သွားပြီပေါ့နော်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ အခု ဝိုင်ထုတ်မယ်ဆိုတဲ့ အခါကျတော့ နည်းပညာ ကို ဘယ်လို လုပ်ပါလဲ။ Savory အနေနဲ့။

Michael Suantak။ ။ ဒေသန္တရ နည်းပညာနဲ့ပေါ့လေ တဆေး လုံး၀ မထည့်ဘဲနဲ့ စပျစ်ပေါ်မှာ ပါလာတဲ့ တဆေးနဲ့ဘဲ ကစော်ဖောက်တဲ့ နည်းပေါ့။ အဲဒီနည်းနဲ့ လုပ်တယ်။ ဒါပေမယ့် ဒီနှစ်က ကျတော့ အမှတ်တံဆိပ်နဲ့လည်း လုပ်ချင်တယ် အကြို အမှာတွေလည်း ပေးချင်တယ် နောက်တခုက ချင်းတောင် စပျစ်ဝိုင် ဆိုတဲ့ ဟာလည်း နာမည် တခု တက်လာအောင် လုပ်ချင်တော့ ဒေသန္တရ နည်းနဲ့ မဖြစ်တော့ဘူး ပေါ့နော်။ မဖြစ်တော့ဘူး ဆိုတော့ ကျနော် အွန်လိုင်းမှာ တင်လိုက်တဲ့ အခါကျတော့ တချို့ လူတွေက ကျနော့်မှာ စာအုပ်ရှိတယ်။ ကျနော့်မှာ ဒီ ဗွီဒီယို ခွေတွေ ရှိတယ်။ ဘယ်သူ့ကို မေးလိုက်ပါပေါ့နော်။

တယောက်ဆိုလို့ ရှိရင် သူ အီတလီ ဝိုင်လုပ်တဲ့ လူတွေနဲ့ လုပ်ဖူးတယ်။ သူ ကူညီပေးမယ်ဆိုပြီးမှ အဲလိုမျိုး အများကြီးပေါ့နော် ကျနော်တို့ကို အကြံညဏ်ပေးတယ်။ ဘယ်လို လုပ်ရမယ် ဘယ်လောက် ထည့်ရမယ် ဘယ်အချိန်မှာ စသဖြင့် အသေးစိတ်ကို ကျနော်တို့ကို အကူအညီပေးကြတယ်။

သိင်္ဂ ီထိုက်။ ။ အဲတော့ ချင်းတောင် ကရော တကယ်လို့ ဝိုင် ထုတ်မယ် ဆိုရင် အေးသာယာတို့လို စီးပွားဖြစ် ထုတ်နိုင်တဲ့ အနေအထား ရော ရှိပါသလား။

Michael Suantak။ ။ ကျနော်တို့မှာ ကုန်ကြမ်းကတော့ တော်တော်လေး ရှိတယ်လို့ ပြောရမယ်။ ပြီးတော့ ဒီဘက်မှာ ဝိုင် သောက်သုံးမှုကလည်း တောက်လျှောက် ရှိခဲ့တယ်ပေါ့နော်။ ကျနော်တို့ ချင်းမှာတော့ ရှိတဲ့ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းကျော် လောက်က ခရစ်ယာန် ဖြစ်တာကိုး။ ခရစ်ယာန်မှာက ကျနော်တို့ ပွဲတော်ပေါ့နော် အမြဲတမ်း လုပ်ရတယ်။ ပွဲတော်မှာ သုံးတဲ့ ဝိုင်က တဆေး မပါတဲ့ စပျစ်ဝိုင် ကို တောက်လျှောက် သုံးလာတော့ စပျစ် စိုက်တဲ့ အလေ့အထတော့ ရှိတယ်။
ကုန်ကြမ်းကတော့ ရှိတယ်။ အဲလိုမျိုး သေသေချာချာ လုပ်မယ်ဆိုရင် ဝိုင် စပျစ် စိုက်ချင်သူတွေလည်း ရှိတယ်။ နေရာလည်း ရှိတယ်။ သူတို့ နည်းပညာလည်း ရှိတယ်။ ဒါပေမယ့် အခုလို ထွက်သမျှ ကုန်ကြမ်းက ရောင်းလို့ မရဘူး ဈေးနှိမ် ခံရတာ၊ ရောင်းလို့ မထွက်တာ၊ ဝယ်မယ့်သူ မရှိတာမျိုးတွေ ကြုံလာတဲ့ အခါကျတော့ သူတို့က မချဲ့ရဲဘူးပေါ့နော်။
သေသေချာချာ ဒီဘက်ကလည်း တနှစ်ကို ဘယ်လောက် ဘယ်နှ တန် ဝယ်မယ်၊ အဲလိုမျိုး ရှိမယ်ဆိုရင်တော့ သူတို့ဘက်က ချဲ့ပြီးတော့ စိုက်ဖို့က အဆင်သင့်ဘဲ။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ အဲဒီတော့ အစိုးရဘက်က စိုက်ပျိုးရေး သမားတွေ၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေကို COVID ချေးငွေ ဆိုပြီး ထောက်ပံ့နေတာ ရှိပါတယ်။ ဆိုတော့ ချင်း ပြည်နယ် ဘက်ရော ဒီ စပျစ် တောင်သူတွေ ဘက်ရော ရတာ ရှိပါသလား။

Michael Suantak။ ။ အခု ဒီ မြေယာ ပိုင်ဆိုင်မှု ဥပဒေကလည်း ပြောင်းလဲ လာတဲ့ အခါကျတော့ အရင်တုန်းက ဘိုးဘွားပိုင် ဆိုတာ ရှိသေးတယ်။ အခု ဥပဒေသစ်မှာ ဘိုးဘွား ပိုင် ဆိုတာ လုံးလုံးကို ပါမလာတော့ဘူး။ အဲလို ဖြစ်တဲ့ အခါကျတော့ တခုခု ဖြစ်မှာ စိုးလို့ ကျနော်တို့ ကော်ဖီ စိုက်ထားတဲ့ အခင်းတွေကို ကျနော်တို့ ပုံစံ ၇ ပေါ့လေ ဒီ အခွန် ဆောင်ဖို့ အတွက်ကို ကျနော်တို့ ကြိုးစားပါတယ်။
ကြိုးစားပေမယ့် အခုဆိုရင် တနှစ်တောင် ကျော်သွားပြီပေါ့နော်။ အခုထိ ကျနော်တို့ကို ပုံစံ ၇ ကိုလည်း ပေးတယ်ဆိုတာလည်း မလာဘူး။ ကျနော်တို့ တင်ထားတဲ့ စာကလည်း ဘယ်ရောက်တယ် ဘာလုပ်နေတယ် ဆိုတာလည်း မကြားရဘူးပေါ့နော်။ မေးလိုက်တဲ့ အခါလည်း ဒါ လုပ်နေတုန်း လို့ဘဲ ဖြေတယ်။

ဆိုတော့ ခုန ဘဏ် ချေးငွေတွေ လျှောက်မယ် ဆိုလည်း ပိုင်ဆိုင်မှုပေါ့လေ။ ဒီ အခင်းက ကိုယ့်ဟာ ဟုတ်ပါတယ်ဆိုတဲ့ အစိုးရ ထုတ်ပေးတဲ့ လက်မှတ်တွေက လိုတယ်ပေါ့။ အခုဟာ အဲဒီ လက်မှတ်တွေကလည်း မရှိတဲ့ အခါကျတော့ ဘာချေးငွေမှ ကျနော်တို့ လျှောက်လို့ မရတဲ့ အနေအထား ပေါ့နော်။

ဒါပေမယ့် အခု ကပ်ဘေး ကာလ အတွက် သီးသန့် လုပ်တဲ့ ဟာကလည်း ဘယ်လို ပြောမလဲ ဒီ စိုက်နေဆဲ အခင်းတွေ အတွက်က သိပ်ပြီးမှ မရဘူး ထင်ပါတယ်။ ကျနော့် သူငယ်ချင်း ကော်ဖီ တောင်သူ တယောက် ဒီနှစ် မင်းတပ် ဘက်ကဘဲ သူလည်း ကြိုးစားကြည့်တယ်။ သူ့မှာ စိုက်ပျိုးခွင့် လိုင်စင်လည်း ရှိတယ်။ အဲဒါနဲ့လည်း ကြိုးစားကြည့်တယ်။ သူလည်း မရဘူးပေါ့နော်။ ကျနော့် အနေနဲ့တော့ အစိုးရကို အားမကိုးချင်ဘူး။ အားမကိုးချင်တော့ဘူးပေါ့နော်။

XS
SM
MD
LG